Home  |  Road to Singapore  |  နည်းပညာ   |  ကဗျာ  |   စာရင်းများ  |  ဓါတ်ပုံများ   |  ဖိတ်ခေါ်ခြင်း   |  ဘာသာရေး  |  ဝတ္ထုတို  |   သတင်းများ  |  အင်တာဗျူး  |  ဆောင်းပါး

နာရီလက်တံပေါ်က ချွေးစက်များ

August 16th, 2010

အိုအမေ…

တိမ်လွှာတွေကြား

ကောင်းကင်ပြာအောက်မှာ

ပူပင်ခြင်းကင်းမဲ့

နေဆယ်စင်းကို လမင်းလို

ဆော့ခဲဖူးတယ်…

တောင်ပံမဲ့ နံနက်ခင်းကို

အံတုပြီး နေရောင်နဲ့ ညနေကို

မိုးရေလို ခုန်ပြေးခဲ့ဖူးတယ်…

ရောင်စဉ်ခုနှစ်သွယ် ကကြိုးနွယ်

တက်တံ့ကို ဆေးရောင်သဖွယ်

ခြယ်သခဲ့ဖူးတယ်…

တောင်ကို လမ်းအသွင်

တန်တာဆင် မောပန်းစွာ

သူငယ်ချင်း မင်းနဲ့အတူ

တွဲတက်ခဲ့ဖူးတယ်…

ချွေးတော့ ထွက်ပါရဲ့

ဒါပေမဲ့….

မာယာသောက ကင်းပါတယ်….

အိုအမေ….

မာကြော ခက်ထန်

မာန်မဲတဲ့ နေသဏ္ဍာန်ကို

အိပ်မက်ဆန်ဆန်

ပန်းချီဆွဲနေရတယ်

ချွေးစက်တွေကြား

အချိန်တွေတိုက်စားတာ

တဖြည်းဖြည်းနဲ့ ပါးလွှာနေပါပြီ…

ပူလောင်မှုအပြည့်နဲ့

ရက်စက်မှုများအောက်မှာ

ကံကြမ္မာနဲ့ နေ့တိုင်းလိုလို

စစ်ခင်းနေရတယ်…

ကောင်းကင်တမွတ်

ကြယ်ကိုစွတ်ချင်ပေမယ့်လည်း

ကြယ်က အလှမ်းဝေးလွန်းတယ်…

နာရီလက်တံ ရွှေ့လိုက်တိုင်းမှာ

ချွေးစက်တွေ သီးနေတာ

ဘယ်သူသိမှာလဲ

ဒါပေမဲ့ ….ကျေနပ်ပါတယ်

မာယာနဲ့ ဘ၀ကို စားသုံးခွင့်ရတဲ့အတွက်

ဘ၀ဟာ ၀ိုင်တခွက်ဆိုရင်

အဲဒီဝိုင်ဟာ

နှစ်ချို့ဝိုင်ဖြစ်မှာ သေချာတယ်…။

ကိုဇင်(IT)

Business Broker

Mon GTI/GTC Gathering Photos(8-8-10)

August 9th, 2010

Business Broker

ထပ်မံ အသိပေး ဖိတ်ကြားခြင်း(စင်ကာပူရောက် မွန်ဂျီတီအိုင် ကျောင်းသား/ ကျောင်းသူ ဟောင်းများ မိတ်ဆုံစားပွဲ)

August 3rd, 2010

 

 

သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ…

ကျွန်တော်တို့ ရဲ့ စင်္ကာပူရောက် မော်လမြိုင် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများ ဒုတိယအကြိမ် မိတ်ဆုံစားပွဲဖိတ်စာကို ထပ်မံဖြန့်ဝေလိုက်ပါတယ်ခင်ဗျာ။

 မိခင်ကျောင်းတော်ကြီးရင်ခွင်ထဲ ခိုလှုံဖူးခဲ့သော သူငယ်ချင်း၊မိတ်ဆွေ၊ညီအစ်ကိုမောင်နှမများ အားလုံးတက်ရောက်ဖို့ ဖိတ်ကြားလိုပါတယ်။ 

နေရာကတော့ မနှစ်ကအတိုင်း 8 Degree Restaurant မှာပဲဖြစ်ပြီး အချိန်ကတော့ နေ့ လည် ၁၂ နာရီ မှ ညနေ ၅ နာရီအထိဖြစ်ပါတယ်။ အစားအစာ ဘူးဖေး မှာထားပါတယ်။ ထို့ အပြင် ဂစ်တာရှိုးနဲ့ (ကျောင်းတုန်းကလို အဆောင်ရှေ့ ဂစ်တာတီးခဲ့ကြတဲ့ ခံစားမှုမျိုးပြန်လည် ဖော်ထုတ်ရန်သာဖြစ်ပါတယ်)၊ ကစားပွဲအစီအစဉ်များနဲ့ စီစဉ်ထားပါတယ်။

ထို့ ကြောင့် ဟောင်းသောသူငယ်ချင်း၊ ကောင်းသောသူငယ်ချင်း၊ သစ်သောသူငယ်ချင်း၊ ချစ်သောသူငယ်ချင်းများ အားလုံးကို ပြန်လည်ဆုံတွေ့ ဖို့  မျှော်လင့်ပါတယ်။

ဖိတ်စာ ယူရန်

မြေပုံ ကြည့်ရန်

လမ်းညွန် ကြည့်ရန်

Business Broker

ညရဲ့အလင်း

July 16th, 2010

လေအဝေ့မှာ ကြွေခဲ့တဲ့

သစ်ရွက်ရယ်….

မင်းအတွက် နေရာမရှိပေမဲ့

မင်းကို ဂရုစိုက်တဲ့

မနက်ခင်းလေးတွေရှိတယ်…

မိုးတွေအုံ့ဆိုင်းလို့

စိတ်မညစ်နဲ့ နွေ

ရဲရင့်စူးရှတဲ့

မင်းရဲ့ တောက်ပမှုကြောင့်

မနက်ခင်းလေး လှခဲ့ပြီလေ…

တိမ်ရဲ့ တန်ခိုးကြောင့်

ကြွေခဲ့ရတဲ့ မိုးပြေးရေ..

မင်းအထီးမကျန်အောင်တော့

မျက်ရည်နဲ့ထပ်တူ

အဖော်ပြုမယ်လေ…

နေ၀င်သွားလို့

မငိုနဲ့ ညနေ

မျှော်လင့်ချက်ဆိုတဲ့ ကဗျာကို

မနက်ဖန်အတွက် ရဲရဲဝံ့ဝံ့

အိမ်မက်လိုက်ပါကွာ…

ညရယ်…..

လမိုက်ညမှာ

အလင်းတွေ ပျောက်သွားမှာကို

မစိုးရိမ်ပါနဲ့

မင်းရဲ့ ရင်ခွင်ကို

အလင်းပေးမယ့် ကြယ်လေးတွေရှိသေးတယ်လေ….

ကိုဇင်(IT)

Business Broker

မော်လမြိုင်ဂျီတီအိုင် ကျောင်းသူကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ(၂၀၁၀ခုနှစ် စင်္ကာပူနိုင်ငံ)

June 22nd, 2010
စင်္ကာပူနိုင်ငံရောက် မော်လမြိုင်ဂျီတီအိုင်မှ သူငယ်ချင်းတို့ ရေ….

ကျွန်တော်တို့ ဘဝတွေဟာ နေ့ စဉ်နဲ့ အမျှဖိအားတွေကြားထဲမှာ လှုပ်ရှားရုန်းကန်နေကြရပါတယ်။ ဒီကြားထဲ ရတဲ့အချိန်ကလေးနဲ့ သန့် ရှင်းတဲ့သဒ္ဒါတရားပေါင်းစပ်ပြီး ကျေးဇူးရှင်ဆရာ ဆရာမတွေကို ကျေးဇူးဆပ်ခွင့်ရအောင် လစဉ်ဖန်တီးနေကြတာဟာ လွန်စွာကျေနပ်အားရစရာကောင်းလှပါတယ်။

အဲဒါကြောင့် အခုလို စုစည်းညီညွတ်မှုလေးကို ပိုမိုခိုင်မာစေရန်လည်းကောင်း၊ တစ်နေ့ ထက်တစ်နေ့ ပိုမိုတိုးပွားနေတဲ့ ဖိအားတွေကို လျှော့ချဖို့ ရန်လည်းကောင်း အစီစဉ်လေးတစ်ခုလုပ်ထားပါတယ်။

အဲဒါကတော့ ၈-၈-၁၀ နေ့ ကြရင် နေလည်စာစားရင်း အတူတကွပျော်ရွှင်ရဖို့ စီမံထားတဲ့ အစီအစဉ်လေးပါပဲ။ ဒီအစီအစဉ် ဖြစ်မြောက်ရေးအတွက် မအားလပ်တဲ့ကြားထဲက အားလုံးပဲ တတ်နိုင်သမျှ ကြိုးစားနေကြပါတယ်။ စင်္ကာပူနိုင်ငံမှာ ဘာပဲလုပ်လုပ် ငွေရေးကြေးရေးက အနည်းအကျဉ်းသက်ရောက်မှုတော့ ရှိတယ်လို့ ဝန်ခံပါတယ်။
သို့ ပေမယ့် လူတိုင်းလာစေဖို့ ရည်ရွယ်ထားတဲ့အတွက် ဘယ်ရွေ့ ဘယ်မျှတော့မဟုတ်ပါဘူး။ တတ်နိုင်သလောက်တော့ ထည့်ဝင်ခြင်းဖြင့်ကူညီပေးစေလိုပါတယ်။

နေရာကို မနှစ်ကအတိုင်း 8 Degree Restaurant မှာပဲ ပြုလုပ်ဖို့  စဉ်းစားထားကာ ကြိုတင်ငွေပေးပြီး ရက်ကိုအတည်ပြုထားပြီးပါပြီ။ အချိန်ကတော့ နေ့ လည် ၁၂ နာရီ မှ ညနေ ၅ နာရီအထိဖြစ်ပါတယ်။ အစားအစာ ဘူးဖေး မှာထားပါတယ်။ ထို့ အပြင် ဂစ်တာရှိုးနဲ့ ကစားပွဲများပါထည့်သွင်းဖို့ အစီစဉ်ရှိပါတယ်။

ဖိတ်စာနှင့်အစီစဉ်အသေးစိတ်ကိုတော့ မကြာမှီ ဖြန့် ဝေပေးသွားပါမည်။ ရန်ပုံငွေကောက်ခံသူနှင့် စာရင်းများကိုလည်း အဆက်မပြတ်တင်ပြသွားပါမည်။

ထို့ ကြောင့် ဟောင်းသောသူငယ်ချင်း၊ ကောင်းသောသူငယ်ချင်း၊ သစ်သောသူငယ်ချင်း၊ ချစ်သောသူငယ်ချင်းများ ထဲက မည်သည့်အမျိုးစားကိုမဆို ပြန်လည်ဆုံတွေ့ ဖို့  မျှော်လင့်ပါတယ်။ (မိသားစုရှိသူများလည်း သက်ဆိုင်သူများကို ခေါ်လာနိုင်ပါတယ်။)

အဖွဲ့ ကိုယ်စား
လေးစားစွာဖြင့်….

Business Broker

« Previous Entries