Thursday, 2 October 2008

အင်ဂျင်နီယာဆိုသည်မှာ...

(Forward email တစ်ခုမှ ရပါသည်။ ရေးသူအမည် မသိပါ။ ကျွန်တော်တို့ရဲ့ life style ကို တစိတ်တပိုင်း ထင်ဟပ်စေပါတယ်တစ်ခါတုန်းက အိန္ဒိယနိုင်ငံမှာ တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ယောက်ဆီကို လူတစ်ယောက် ဆေးခန်းလာပြပါတယ်။


လူနာ။ ဆရာ ကျွန်တော်အားလပ်ရက်တစ်လ ရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော် ကိုယ့်ကိုကိုယ် ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း ဆိုင်ကဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။
လူနာ။ မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။

 တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။ လူတွေကို ကျွန်တော် မကုပါဘူး ခင်ဗျ။
လူနာ။ ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။
တိရစ္ဆာန်ဆေးကုဆရာဝန်။ မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က ကျွန်တော့် လို စကားပြောတယ်၊ ကျွန်တော့် လိုတွေးတယ်။ ဒါကြောင့် ခင်ဗျားလည်း လူပဲ လို့ ကျွန်တော် ထင်ပါတယ်။
လူနာ။ ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ် ဆရာ။ ဒါပေမယ့် ကျွန်တော် ရှင်းပြတာကို ဆရာ နားထောင်ပါဦး။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ကောင်းပြီလေ။ ပြောပါဦး။

လူနာ။ ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ်ပါတယ်။ မနက် ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။ အလုပ် ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။ အလုပ် ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။ ပြီးတော့ ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။ သူဋ္ဌေး ရှေ့မှာတော့ အမြဲတမ်း အမြီးလေး ကုပ်ထားရပါတယ်။ အားချိန်လေးများ နည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ သမီးတွေနဲ့ကစားရပါသေးတယ်။ မိန်းမ ရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။
အဲဒီမှာ ဆရာဝန်က ဖြတ်မေးပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ခင်ဗျား အင်ဂျင်နီယာထင်တယ်။
လူနာ။ ဟုတ်ပါတယ် ဆရာ။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါများ ဗျာ ဒါတွေရှင်းပြနေရသေးတယ်။ အစ ကတည်းက ကျွန်တော် အင်ဂျင်နီယာပါ လို့ပြောလိုက်ရင် ပြီးရော။ လာလာ ခင်ဗျား ကို ကျွန်တော် ကလွဲရင် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး။


No comments:

Post a Comment