Monday, 13 October 2008

စင်္ကာပူရောက် မွန်GTI/GTC ကျောင်းသူကျောင်းသားဟောင်းများရဲ့တွေ့ဆုံပွဲကျင်းပခြင်း

စင်္ကာပူရောက် မွန်GTI/GTC ကျောင်းသူကျောင်းသားဟောင်းများရဲ့ တွေ့ဆုံပွဲကို အောက်တိုဘာလ (၁၂)ရက်နေ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် စင်္ကာပူနိုင်ငံ clementi ရှိ ကိုသောင်းဆွေဝင်း၏ နေအိမ်တွင်ကျင်းပခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသည် လစဉ်တွေ့ ဆုံနေကြ အစီအစဉ် တစ်ခုဖြစ်ပြီး မွန် GTI/GTC ကျောင်းသား ကျောင်းသူဟောင်း သူငယ်ချင်းများ တတ်ရောက်ခဲ့ကြပါသည်။

ပုံမှန်ကောက်ခံနေကြ အလှူငွေများကောက်ခံခြင်း၊ ကန်တော့ခံ ဆရာဆရာမများ ရွေးခြယ်ခြင်းနှင့် ကထိန်သင်္ကန်းကပ်လှူရန် အလှူ ကိစ္စများကို ဆွေးနွေးတိုင်ပင်ကြပါသည်။


ကထိန်သင်္ကန်းအလှုကို အောက်တိုဘာလ (၂၈)နေ့တွင် ဓါတ်တော်တိုက် ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည် ဖြစ်ပြီး သစ်သီးစုံ ဒံပေါက်နှင့် အချိုရည်များ ကျွေးမွေးမည်ဟု မူလတွင်စီစဉ်ထားရာမှ အောက်တိုဘာ(၂၇)၊ တနင်္လာနေ့ သို့ပြောင်းလဲသတ်မှတ်လိုက်ပြီး အလှူကိစ္စအဝဝကို အသေးစိတ် ညှိနှိုင်းတိုင်ပင်ဆွေးနွေး တာဝန်ခွဲဝေပေးကြပါသည်။

သူငယ်ချင်းများအားလုံးရဲ့ ဆန္ဒသဘောတူညီမှုအရ အလှည့်ကျ ကန်တော့ခံ ဆရာဆရာမများကို အောက်ပါအတိုင်း ရွေးချယ်ကြပြီး ကန်တော့ငွေ စင်္ကာပူဒေါ်လာ (၆၀၀) တိတိကို မြန်မာနိုင်ငံသို့ပေးပို့ရန် ဆုံးဖြတ်ခဲ့ပါသည်။ အောက်တိုဘာလအတွက်လစဉ်ကောက်ခံငွေ စာရင်းမှာ စင်္ကပူဒေါ်လာ (၇၁၀) တိတိဖြစ်ပါသည်။

လစဉ်ကောက်ခံနေကျ အလှူငွေအပြင် ကထိန်သင်္ကန်း ကပ်လှူရန်အတွက်လည်း ကောက်ခံလျှက်ရှိရာမှာ ယနေ့ထိကောက်ခံရရှိသော အလှူငွေမှာ စင်္ကပူဒေါ်လာ (၆၁၁) တိတိ ဖြစ်ပြီး၊ သက်ဆိုင်ရာ မေဂျာတာဝန်ခံများမှတဆင့် ဆက်လက်ပါဝင်လှူဒါန်းနိုင်ကြပါသည်။

ဆရာ/ဆရာမများ (အောက်တိုဘာလအတွက်)

(၁) ဆရာကြီး ဦးမြင့်ဌေး

(၂)  ဆရာကြီး ဦးကျော်ဝင်းသန်း

(၃) ဆရာကြီး ဦးဌေးအောင်

(၄) ဆရာကြီး ဦးအောင်မိုး

(၅) ဆရာကြီး ဦးဝင်းမော်ထွန်း

No comments:

Post a Comment