Sunday, 12 October 2008

Letters from teachers(September)


ဆရာဆရာမများထံမှ ပြန်စာများကို စက်တင်ဘာလတွင်လက်ခံရရှိခဲ့ပါသည်။ ထိုအထဲမှ အနည်းငယ်ကို ကူးယူဖော်ပြလိုက်ပါသည်။

(1)
Thank you very much for your pay, respect to our teachers.
May god bless with you.
Yours sayama,
Phyu Phyu Nyunt



(2)
အရမ်းဝမ်းသာပါတယ်။ ကြည်ကြည်နူးနူးခံစားမိပါတယ်။
အမိနိုင်ငံရဲ့ အဝေးတစ်နေရာမှာ တစ်ကျောင်းထဲက မောင်နှမတွေစုပြီး ဒီလို ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အားလုံးကို လေးစားမိပါတယ်။ ဆရာ၊ဆရာမတွေထဲမှာ ဝါအနည်းဆုံးနဲ့ အငယ်ဆုံးဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် အခြားဆရာကြီး၊ ဆရာမကြီးများလို မရေးတတ်တာ ခွင့်လွှတ်ကြပါ။
`ဆန္ဒအားလုံး ပြည့်စုံကြပါစေ။ အခြေနေ အချိန်ခါကောင်းများ ထာဝစဉ် ကြုံတွေ့ကြပါစေ’ လို့ ဆုတောင်း ပေးလိုက်ပါတယ်။
ဒေါ်ဝါဝါမိုး
လ/ထ ကထိက
EC ဌာန
နည်းပညာတက္ကသိုလ်
မော်လမြိုင်။

(3)
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
ကျန်းမာချမ်းသာ၍ ဆန္ဒအားလုံးလည်း ပြည့်စုံကြပါစေ။

ဆရာဦးကြည်လွင်(ကိုယ်စား)
ဒေါ်မော်

(4)
နေ့စွဲ 3-10-08
သို့/
တပည့်များ အားလုံးကို သတိရခြင်းများစွာဖြင့်
ဆရာတို့ကို သတိရခြင်း၊ ကန်တော့ရခြင်းကြောင့် သိပ်ကိုဝမ်းလည်းသာတယ်။ ကျေးဇူးလည်း အများကြီး တင်ပါတယ်။
ယခုလို ဆရာတို့ကို အဝေးမှ ကန်တော့တာကို ဆရာတို့ လူကိုယ်တိုင်မမြင်ရပေမယ့် ကျောင်းသူ/သားဟောင်းများ ရဲ့စာရင်းကို ကြည့်ပြီး ဆရာသတိတရ ဖြစ်နေပါတယ်။ နောင်အခါ ကံဆုံရင်တော့ လူကိုယ်တိုင် ကိုယ်ထိလက်ရောက် ကန်တော့ရပြီး ဆရာတို့နဲ့ ပြန်လည်ဆုံတွေ့ရပါစေလို့ ဆရာဆုတောင်း ပေးလိုက်ပါတယ်။
မော်လမြိုင် GTI ကျောင်းသူ/သား ဟောင်းများကို အစဉ်အမြဲသတိရလျှက်
ဦးမင်းသိန်းကြွယ်
သရုပ်ပြ
မြို့ပြဌာန
မော်လမြိုင် နည်းပညာတက္ကသိုလ်

(5)
တပည့်များအားလုံး ကျန်းမာ ချမ်းသာကြပါစေ။
အလုပ်အကိုင်အားလုံး အဆင်ပြေကြပါစေ။
ကျေးဇူးတင်ကြောင်း အမှတ်တရစာရေးလိုက်ပါတယ်။

ဆရာဦးထွန်းဝေ

1 comment:

  1. မင်္ဂလာအပေါင်းနှင့်ပြည်စုံပါစေသား......
    ကျွန်တော်ကတော့ နည်းပညာပထမနှစ်(၂၀၀၈-၂၀၀၉)တွင်သင်ကြားနေသောသင်တန်းသားဖြစ်ပါတယ်။ကျွန်တော်နာမည်ကတော့ တင်ဝင်းအောင်ဖြစ်ပါတယ်။ ကျွန်တော်က မော်လမြိုင်မြို့ တွင်နေထိုင်သူဖြစ်ပါသည်။ ကျွန်တော်သည်ယခုနှစ်တွင်ပညာသင်ကြားနေသော မြို့ ပြ မေဂျာမှ ကောင်မလေးကို စိတ်ဝင်းစားနေသူလည်းဖြစ်ပါသည်။

    ReplyDelete