Saturday, 15 November 2008

ရန်ကုန် ဆရာကန်တော့ပွဲ

တကယ်တော့ ဒီစာကို ကျွန်တော်ရတာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ Enous ကထိန်ပွဲမှာ စီနီယာအစ်ကိုကြီးတွေဆီက ရခဲ့တာပါ။ ပထမတော့ ကျွန်တော်မအားတာနဲ့ မတင်ဖြစ်လိုက်ဘူး။ ပြီးခဲ့တဲ့ အပတ်က ရန်ကုန်က သူငယ်ချင်းနဲ့ စကားပြောဖြစ်တယ်။ ရန်ကုန် ရွှေတိဂုံဘုရား တောင်ဖက်မုဒ် မွန်ဓမ္မာရုံမှာ ဆရာကန်တော့ပွဲလုပ်မယ်ဆိုတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံဖက်ကသူငယ်ချင်းတွေလည်း website တစ်ခုလုပ်မယ်လို့ပြောတယ်။


ဒီတော့ကျွန်တော်က ဖြစ်နိုင်ရင် အသစ်ထပ်မလုပ်ပါနဲ့ ကျွန်တော့ဆိုဒ်ကိုပဲ ပြင်ဆင်လိုက်ပါလို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ရည်ရွယ်ချက်တူတူဖြစ်ပြီး ခေါင်းစဉ်တွေအမျိုးမျိုးနဲ့ ကွဲနေတာ မကောင်းဘူးထင်တယ်။ ဒီအတွက်လိုအပ်တဲ့ ညှိုနှိုင်းမှုတွေ ဆက်လုပ်ပြီး Site admin password ကို ပေးလိုက်ဖို့ စဉ်းစားထားပါတယ်။ ပြီးတော့ အခုတလော ဆိုဒ်ကို လာလည်တဲ့သူတွေ သိသိသာသာများလာတာတွေ့ရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။

ကျွန်တော့်ဖက်က ပြန်မပေးနိုင် တာဝန်မကျေတာတွေရှိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။ Cbox ထဲမှာ ဝင်ဆွေးနွေးကြတာကိုလည်း ကျေနပ်မိပါတယ်။ U Htay Aung နာမည်နဲ့ မှတ်ချက်တွေ့ရတော့ ဆရာကြီး ဦးဌေးအောင်လို့ ကျွန်တော်ထင်ပါတယ်။ ဟုတ်တယ်ဆိုလို့ ရှိရင် ဆရာကြီးကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့တတွေ ဆရာကြီးလက်ထက်မှာ ကျောင်းတက်ခဲ့ရပြီး ဆရာကြီးရဲ့ လမ်းညွှန်မှုနဲ့ ကျောင်းကပွဲနဲ့အငြိမ့်ပွဲကို (၂)နှစ်ဆက်တိုက် ကျင်းပခဲ့တာကို အမြဲတမ်း အမှတ်တရ ဖြစ်နေမိပါတယ်။

  letter from yangon
 


ကျွန်တော်တစ်ယောက်ထဲရဲ့ စိတ်ကူးအရ အဖွဲ့အစည်းတစ်ခုဖြစ်လာစေချင်ပါတယ်။  Ko Terry နဲ့ သူငယ်ချင်းများကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ဘယ်ကနေစပြီး ဘယ်လိုဆက်လုပ်ကြမလဲလို့ အကြံဉာဏ်လေးတွေပေးကြပါခင်ဗျာ။ ဥပမာ မော်လမြိုင်GTI/GTC ကျောင်းသူ/သားဟောင်းများအသင်း(မြန်မာနိုင်ငံ)၊ (စင်င်္ကာပူနိုင်ငံ)ဆိုပြီး နှစ်ပိုင်းခွဲ၊ ပြီးတော့ သက်ဆိုင်ရာ နိုင်ငံမှ ခေါင်းဆောင်ရွေးပြီး အသင်းဝင်ကိစ္စ၊ အသင်းဝင်ကြေးကိစ္စတွေ ညှိုနှိုင်းတိုင်ပင်၊ လိုအပ်တဲ့ ညှိုနှိုင်းအစည်းဝေးတွေကို သုံးလတကြိမ်ပဲဖြစ်ဖြစ် လုပ်ပြီး ကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတာကို တိုင်ပင်ဆွေးနွေးစေချင်ပါတယ်။

ဒီနည်းဟာ လက်တွေ့မှာတော့ နည်းနည်းခက်ခဲနေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်တဲ့နည်းတော့ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရပ်တန့်နေတာထက် ရွှေ့လျားနေတာ ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်။

အားလုံးကိုလေးစားလျှက်....

3 comments:

  1. ခေါင်းဆောင် တင်ဖို့ဆိုတာထက် အလုပ်ဖြစ်ဖို့မနဲ လုပ်နေရတာပါ။ခေါင်းဆောင်ဆိုတာလဲ ချက်ချင်းရှာဖို့မလွယ်သလို အချိန်တော်တော်ကြာရှာယူရလိမ့်မယ်။လူ၎-၅-၁၀ယောက် ကိုမနဲစုရတာပါ။ ဒီလူလေးနဲ့ပဲ ဆုံးဖြတ်ချက်ချလုပ်နေရတာပါ။အဖွဲ့ကတော့ လောလောဆယ်၂ဖွဲ့ဖြစ်နေအုံးမှာပါ။ စလုံးအခြေနေကို ကိုယ်တို့နာမလည်သလို ဒီကအခြေနေကို သူငယ်ချင်းတို့နားမလည်နိင်ပါ။ တခုခုမှားသွားရင် လှူတဲ့လူတွေစိတ်ကွက်သွားနိင်တယ်။အခုအခြေနေမှာ ၂ဖက်စလုံးပီပြင်အောင်တာဝန်ယူကြပါ။ရန်ကုန်က သူငယ်ချင်းတို့လူနဲ့ဆက်သွယ်ဖို့ လိပ်စာပေးပါ။ ကိုယ်တို့ဆွေးနွေးပါ့မယ်။

    ReplyDelete
  2. ကိုသူရခင်ဗျား။
    ကျွန်တော်လက်ခံပါတယ်။ မြန်မာနိုင်ငံဖက်ကအခြေအနေနဲ့ ကျွန်တော်တို့ ဖက်ကအခြေအနေ မတူတာကိုလည်း နားလည်ပါတယ်။ ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့  သီးသန့် အမြင်ပါ။ ကျွန်တော် ပြောထားသလို ရပ်တန့် နေတာထက် ရွှေ့ လျားနေစေချင်တာပါ။
    မတူညီနိုင်တာတွေများနေပေမယ့်လည်း တူညီတာလေးတွေ ပေါင်းစည်းမိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ပါဗျာ။
    ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်တို့ လုပ်နိုင်တာ လုပ်နေသလို လုပ်နိုင်သလောက်လည်း ဆက်လုပ်သွားမှာပါ။
    ဒီကော်မန့် အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ဒီလိုရေးမှလည်း အားလုံးကနားလည်မှာ.ကိုယ်တို့ သူငယ်ချင်းတို့ ခေါင်းခံပြီးလုပ်နေရတာပါ။မကြေနပ်ရင်လည်းအဆဲခံရအုံးမှာပါ။ဘာပဲဖြစ်ဖြစ် နောက်ဆုံးရည်ရွယ်ချက်ကအတူတူပါပဲ။ကျေှးဇူးတင်ပါတယ်။

    ReplyDelete