Monday, 17 November 2008

Mon GTI/GTC ကျောင်းသူ/သားများရဲ့လစဉ်တွေ့ဆုံနေကြ အစည်းအဝေး

မင်္ဂလာပါ။
စင်္ကာပူရောက် Mon GTI/GTC ကျောင်းသူ/သားများရဲ့လစဉ်တွေ့ဆုံနေကြ အစည်းအဝေးကို စင်္ကာပူ Clementi ရှိ ကိုသောင်းဆွေဝင်း၏ နေအိမ်၌ နိုဝင်ဘာလ(၁၅)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကျောင်းသူ/သား အချို့ တက်ရောက်ခဲ့ကြပြီး လစဉ်ကောက်ခံနေကြ အလှူငွေများ ကောက်ခံခဲ့ပြီး နိုဝင်ဘာလအတွက် ကန်တော့ခံ ဆရာ/ဆရာမများအား ရွေးချယ်ခဲ့ကြပါသည်။

ယခုလအတွက် ဆရာဆရာမများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ဒေါ်ရီရီမြင့် (Civil)
(၂) ဒေါ်ခင်လေးနိုင် (EP)
(၃) ဦးဝင်းလှိုင် (MT)
(၄) ဒေါ်ခင်ငြိမ်း (Academic)
(၅) ဒေါ်အေးအေးကြည် (Academic)
ယခုလအတွက် အသုံးပြုရန် ဆုံးဖြတ်ထားသော ငွေစာရင်းအချို့ကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။

(၁) ဆရာဆရာမများအတွက် ကန်တော့ငွေ - S$ 6oo
(၂) Enous ဘုန်းကြီးကျောင်း အတွက်အလှူငွေ- S$ 100
(၃) ရန်ကုန် ဆရာကန်တော့ပွဲအတွက်အလှူငွေ- မြန်မာကျပ်ငွေ နှစ်သိန်းတိတိ
လက်ကျန်ငွေစာရင်းရှင်းတမ်းနှင့် ကျောင်းသားစာရင်းအသစ်များကို မကြာမီအချိန်တွင်း ထုတ်ပြန်မည်ဖြစ်ပါသည်။ ယခုအစီအစဉ်များတွင် လူအင်အား ငွေအင်အားဖြင့် ပါဝင်ကြသော Mon GTI/GTC ကျောင်းသူ/သားများအား ကျေးဇူးအထူး တင်ရှိပါသည်။

No comments:

Post a Comment