Tuesday, 4 November 2008

အတွေးများနဲ့ကျွန်တော်


ဒီတစ်ပါတ်တော့ ကျွန်တော်လည်းတော်တော်လေးကို အလုပ်ရှုပ်နေတာနဲ့ ဓါတ်ပုံအလ်ဘမ်တောင် လက်စမသတ်နိုင်သေးဘူး။ ကိုကျော်လွင်ဝင်းနဲ့ ကိုသန်းကျော်ဦးကတော့ ဓါတ်ပုံတွေကို ချက်ချင်းပို့ပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်က အလုပ်ပင်ပန်းပြီး မအားတာနဲ့ တစ်ရက်ကို ဆယ်ပုံလောက်ပဲ ဒေါင်းလုပ်လုပ်နိုင်ခဲ့တယ်။ ဓါတ်ပုံတွေကလည်း တစ်ရာကျော်တော့ upload ပြန်လုပ်ရတာ နည်းနည်းကြာသွားတယ်။ ဘာပဲဖြစ်ဖြစ် ပြီးသလောက်လေး တင်ပေးလိုက်ပါတယ်။


ကထိန်ပြီးတော့ ရင်ဘတ်ထဲမှာ တွေးစရာတွေ အများကြီးပါလာတယ်။ အဓိကကတော့ ဆရာတော်ပြောခဲ့တဲ့စကားများနဲ့ Cbox ထဲမှာ old std သတိပေးပြီးတဲ့နောက်မှာပေါ့။ ကျွန်တော်တို့ လုပ်စရာတွေ အများကြီးကျန်သေးတယ်လို့လည်း ခံစားရတယ်။ တကယ်တမ်းက ကျွန်တော်တို့က Society အဆင့်ထိမရောက်သေးပါဘူး။ ကိုသောင်းဆွေဝင်းတို့ သူငယ်ချင်းများ စခဲ့တဲ့ စိတ်ကူးတစ်ခုကနေ အခုခြေနေထိ ဖြစ်လာတာဟာ ကျွန်တော်တို့အားလုံးရဲ့ စိတ်တူကိုယ်တူရှိမှုတွေကြောင့်လို့ပြောရင် မမှားနိုင်ပါဘူး။ ဒီလိုစိတ်ဓါတ်မျိုးကလည်း ကျွန်တော်တို့ မော်လမြိုင် GTI/GTC ကျောင်းသားတွေမှာပဲ ရှိတယ်လို့လည်း ယုံကြည်ပါတယ်။ကျွန်တော်တို့ ရဲ့ စီနီယာတွေကစပြီး ဂျူနီယာတွေအထိ အားလုံးဟာ အတိုင်းအတာတစ်ခုအထိ တူညီမှုရှိနေတယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကထိန်အလှူကို ကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီး ပိုမိုပါဝင်လာကြလို့ပါပဲ။ ကျောင်းသားဘဝတုန်းက ပါဝင်ခဲ့တဲ့ အစီအစဉ်တွေနဲ့ ယှဉ်ရင် ကျွန်တော်တို့တာဝန်ယူမှုအပိုင်းမှာ အများကြီးတိုးတက်လာတယ်လို့ထင်ပါတယ်။ ဒီထက်ပိုပြီး စနစ်ကျဖို့တော့ ထပ်ပြီး ကြိုးစားကြတာပေါ့။


ဆရာတော်ပြောခဲ့သလို ကျွန်တော်တို့ နောက်လူတွေကို တတ်နိုင်သလောက် ကူညီနိုင်ကြဖို့ Road to Singapore ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာဗျူးလေးလုပ်ဖို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့ စင်္ကာပူကိုရောက်လာတဲ့ လမ်းကြောင်းမျိုးစုံနဲ့ ကျောင်းတက်ချင်တဲ့ သူတွေအတွက် information များကို ဝေမျှစေချင်ပါတယ်။ ဒီနည်းနဲ့ နောက်လူတွေ အထူးသဖြင့် ကျွန်တော််တို့ရဲ့ ဂျူနီယာတွေအတွက် အနည်းနဲ့ အများတော့ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ရဲ့knowledge တွေကို ဝေမျှစေချင်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်မှာရှိတဲ့ E-books တွေနဲ့ စာအုပ်တွေရှာဖွေတဲ့နည်းလေးတွေကို ဝေမျှစေချင်ပါတယ်။ သက်ဆိုင်ရာ မေဂျာအလိုက်၊နယ်ပယ်အလိုက်ပေါ့။


ကျွန်တော်ကိုယ်တိုင်အနေနဲ့ကတော့ ဒီဆိုဒ်လေးကို ကိုယ့်ဟာကိုယ်တာဝန်ယူပြီးတဲ့နောက်ပိုင်း ကိုယ့်ရဲ့ personal blogလေးကိုတောင် လှည့်မကြည့်နိုင်တော့တာ အခုထိပဲ။ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ရေးချင်တာတွေက အများကြီး။ ဒါပေမယ့် စာတစ်ပိုဒ် တစ်လေ တောင်ရေးဖို့အချိန်၊ အားထုတ်မှု၊ စိတ်ကူး၊ အားလုံး ပြည့်စုံဖို့က မလွယ်တော့ ဖြည်းဖြည်းချင်းပဲသွားနေရတယ်။ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်တတ်နိုင်သလောက် လုပ်နိုင်သလောက်တော့ ဆက်လုပ်သွားမှာပါ။

အားလုံးကို ခင်မင်လေးစားလျှက်...
Min Thu (EP 99)

(တကယ်တော့ ဒီဆိုဒ်မှာ personal တွေမေရေးဖူးလို့ ရည်ရွယ်ထားပေမယ့် ဒီပိုစ့်ကတော့ personal နည်းနည်းဆန် သွားရင် ခွင့်လွှတ်ကြပါဗျာ။)

No comments:

Post a Comment