Friday, 28 November 2008

Road to Singapore နှင့်ပတ်သက်၍.....



တကယ်တမ်းတော့ Road to Singapore အတွက် အင်တာဗျူးလေးလုပ်ဖို့ စဉ်းစားထားတာပါ။ ပြန်စဉ်းစားကြည့်တော့လည်း အခက်အခဲတွေ အများကြီး။ မေးတဲ့လူ ရှိဦးတော့ ဖြေတဲ့လူရှိချင်မှရှိမယ်။ ဖြေချင်မှလည်း ဖြေကြမှာပေါ့။ ဖြေဖို့မဖြေဖို့ထက် ကျွန်တော်တို့ရဲ့အမြင်တွေ ဝေမျှဖို့သာ အဓိကပါ။

ဒီနေရာမှာ စင်္ကာပူကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ သူတွေထဲမှာ အမျိုးအစားအနေနဲ့

(၁) ကျောင်းလျှောက်ပြီးလာတဲ့သူ

(၂) အလုပ်အပ်ပြီးလာတဲ့သူ

(၃) အလည်လာပြီး အလုပ်ရှာတဲ့သူ

(၄) နေထိုင်ခွင့် တစ်မျိုးမျိုးနဲ့နေနေကြတဲ့သူ စသည်ဖြင့်တွေ့ရပါတယ်။


အဲဒီအားလုံးအတွက် ခြုံငုံမိနိုင်တဲ့ မေးခွန်းမျိုး ကျွန်တော်စဉ်းစားလို့မရသေးပါ။ ဒီအတွက် ကိုယ့်ရဲ့ ကိုယ်ပိုင် ဇတ်လမ်း(Story)လေးရေးပြီး ကူညီကြစေချင်ပါတယ်။ လောလောဆယ်တော့ ကျွန်တောစဉ်းစားမိသလောက် ချရေးကြည့်ရင် အခုလို တွေ့နိုင်ပါတယ်။

(၁) မိတ်ဆက်

(၂) စင်္ကာပူထွက်ဖို့ရလာတဲ့ စိတ်ကူးနဲ့ စီစဉ်မှု

(၃) စင်္ကာပူမှာ ကြုံတွေ့ရတဲ့အခက်အခဲနဲ့အမြင်

(၄) အကြံပြုချက်

အဲဒီအချက်လေးတွေပါအောင် Story လေးတွေရေးပေးကြရင် ကောင်းမယ်လို့ထင်ပါတယ်။ မြန်မာစာမရိုက်နိုင်လည်း လက်ရေးနဲ့သာရေးပြီး ကျွန်တော့ဆီပို့လိုက် အဆင်ပြေအောင် လုပ်ပေးပါ့မယ်။ အခုလက်ရှိ အနီးစပ်ဆုံးလူတစ်ယောက်ဆီက လက်ရေးစာမူတစ်ခု ကျွန်တော်လက်ခံရှိပြီးပါပြီ။

Information တွေဝေမျှချင်တဲ့သူတွေအားလုံးကို ကြိုဆိုလျှက်......

No comments:

Post a Comment