Sunday, 7 December 2008

ဘာရယ်မဟုတ်ပါဘူး


ဘာရယ်မဟုတ်ပါဘူး။
Enous ကျောင်းကြီးကထိန်တုန်းက ရိုက်ခဲ့တဲ့ပုံတွေကို ကျွန်တော့ Phone Camera နဲ့ creat လုပ်ကြည့်လိုက်တာ ဒီ vedio file ထွက်လာတယ်။ (Quality တော့ သိပ်မကောင်းပါ။)

အဲဒီနေ့က ရွာပြန်ရောက်သွားတယ်လို့ ခံစားခဲ့ရတာ ပြန်သတိရမိတယ်။ ကျွန်တော်တို့ ကျောင်း(GTI ) ကထိန်ပွဲကိုလည်း သတိရမိတယ်။ မေဂျာအလိုက် ပဒေသာပင်တွေ သယ်ပြီး ဒိုးပတ်အဖွဲ့နဲ့ ဖားအောက်ရွာ၊ရိုးဂိုးရွာထဲ ကထိန်လှည့်ခဲ့တာတွေ ပြန်သတိရမိတယ်။

MP က ကျော်စွာဆိုတဲ့ ရန်ကုန်သားက ဒိုးပတ်ဝိုင်းနဲ့ အတူ ကွေးနေအောင်လိုက်ကခဲ့တာတွေ့တော့ ကျွန်တော်အံ့ဩလို့မဆုံးဘူး။ နောက်မှသိလိုက်ရတဲ့ သတင်းက သူ့ရင်ဘတ်ထဲမှာလည်း ဒိုးပတ်သံတွေ ဆူညံနေတယ်ဆိုပဲ။(ရည်းစားစာပေးပြီး ကြောက်ဒူးတုန်နေတာတဲ့)။

ဒီကောင်လည်း အခုတော့ ကလေးအဖေဖြစ်လို့။
ဘာရယ်မဟုတ်ပါဘူး။

1 comment: