Thursday, 5 November 2009

ဆရာအောင်သင်းနှင့် ရေကြည်ရာမြက်နုရာ အပိုင်း(၂)

နောက်တစ်ခုကစွန့်တယ်ဆိုတာ စားရဖို့ဆိုပြီး ဟောပြောတဲ့နေရာမှာ ဆရာကြီးသုံးနှုန်းခဲ့တာရှိပါတယ်။ အဲဒါကိုဘယ်လိုသဘောပေါက်ရမလဲ။

ဟုတ်တယ်။ အဲဒါလည်းငါ . . . ခွဲသုံးခဲ့တာပါပဲ။ မစွန့်ဘဲနဲ့မစားရဘူး။ စွန့်မှပဲစားရတယ်ဆိုတဲ့ကိစ္စ။ အဲဒါ မှာ လူကြီးတွေမှာဖြစ်စေ၊ လူငယ်တွေမှာဖြစ်စေ၊ ကလေးပေါက်စမှာဖြစ်စေ စွန့်စားတတ်တဲ့ စိတ်ကတော့ ရှိတာချည်းပဲ။ တိရစ္ဆာန်တွေတောင်မှ စွန့်စားတာပဲ။ animal courage ခေါ်တာပေါ့။ ကလေးမှာလည်း စွန့်စားချင်တဲ့စိတ် ရှိတာပဲ။ ဒါကြောင့်မို့ ကလေးကိုလက်တွဲလမ်းလျှောက်ရင်းနဲ့ နည်းနည်း သူ လမ်းလျှောက် လာနိုင်ရင် သူ့ကိုလက်တွဲတာမကြိုက် ဘူး။ အတင်းရုန်းတယ်။ ပြီးတော့မှလဲချင်လဲမယ်။ အဲဒါဘာလဲဆိုတော့ သူ့ခြေထောက်ပေါ် သူရပ်ဖို့ ကြိုးစားတဲ့ သဘောပဲ။ အခုပြောနေတဲ့ရေခြားမြေခြားသွားတဲ့ကိစ္စမှာ တိုင်းတစ်ပါးကို ထွက်ခွာသွားပြီ ဆိုကတည်းက စွန့်သွားတာပဲ။ အဲဒီတော့စွန့်ပြီးတော့ မစားရဘူးဆိုရင် ဆက်ပြီးလုပ်တဲ့ လုပ်ငန်းညံ့ဖျင်းလို့ပဲ။ ဟိုမှာနေရာမှားတာလား။ ကျင့်သုံးပုံမှား တာလား။ သို့မဟုတ် လုပ်ပုံကိုင်ပုံမှား တာလားမသိဘူး။ ပုံသေတာကတော့ စွန့်ရင်စားကိုစားရမှာပေါ့။ မစားရလို့ရှိရင် တစ်ခုခု မှားနေပြီ။ အဲဒီတော့ကိုယ့်ဘာသာကိုယ်ပြန်တွက်ကြပေါ့။

အခုပညာခေတ်မှာ တချို့ပညာရေးအားမပါတဲ့လူငယ်တွေက ''ပိုက်ဆံရှာဖို့ပဲအရေးကြီးတယ်။ ပညာမတတ် လည်းဖြစ်တယ်။ ဆယ်တန်းမအောင်လည်းဘာဖြစ်လဲ . . . နိုင်ငံခြားထွက်မယ်'' ဆိုပြီး ကြွေးကြော်နေ ကြတာရှိပါတယ်။ ဒီအပေါ်မှာ ဆရာကြီးအမြင်ဘယ်လိုပါလဲ။

အရင်တုန်းကမလေးရှားမှာ ''ဟဲ့ . .စာကြိုးစား။ နင်အောင်လို့ရှိရင် ရန်ကုန်တက္ကသိုလ်ကိုပို့ပေးမယ်'' လို့ ပြောခဲ့ကြတာ။ ဒါတကယ်ဖြစ်ခဲ့တာပါ။ စင်ကာပူ ဟာ(၁၉၅၉)ခုနှစ် လွတ်လပ် ရေးရတယ်။ တို့က (၁၉၄၈)ခုနှစ်ရတယ်။ လီကွမ်ယူက သူတို့လွတ်လပ်ရေးယူခါနီးမှာတို့ ရန်ကုန် တက္ကသိုလ်ကိုလာတယ်။ သူက ဘာပြောသလဲဆိုရင် ''လာမယ့်နှစ်အစိတ်၊သုံးဆယ်ကျရင် မြန်မာပြည်ရဲ့အဆင့်ကို ကျွန်တော်မီအောင်ကြိုးစားမယ်''လို့ပြောခဲ့တာ။ သူက brain drain အဖြစ်မခံတဲ့အပြင် သူ့ဆီက ကလေးတွေအကုန်လုံးကို west education အမေရိကန်၊ အင်္ဂလန် အကုန်ပို့ ပေးတယ်။ လီကွမ်ယူယူတဲ့ပုံစံက အနောက်နိုင်ငံက education တွေချည်းပဲ။ ပို့ပြီးတော့ သူ့တိုင်းပြည်ကို သူပြန်လုပ် တယ်။ သူ့တိုင်းပြည်က သယံဇာတထွက်တဲ့ တိုင်းပြည်မဟုတ်ဘူး။ ရေတောင်ဝယ်သောက်နေရတာ။ ဘာမှမထွက်တဲ့ အခါကျတော့ လူကို အကောင်းစားဖြစ်အောင်လုပ်တာ။ အခုဒီက ကလေးတွေဖြစ်နေတဲ့သဘောကိုငါပြောမယ်။ သူတို့က ''ဆယ်တန်းအောင်လည်းဘာဖြစ်မှာလဲ'' ဆိုတာကိုပြောတယ်။ ကောင်းပြီ။ ''ဆယ်တန်းကိုတန်ဖိုးမထားလို့ မင်းအခုဘာတွေ လုပ်နေလဲ''လို့ပြန်မေးလိုက် ရင်ဘာမှပြောစရာထွက် မလာတော့ဘူး။ ဘွဲ့ရပြီးတော့ကော ဘာလုပ်မှာလဲ။ ကုမ္ပဏီတစ်ခုမှာ စာရေးလုပ်၊ ဘာလုပ် . . လုပ်နေရတာပဲဆိုတဲ့သူတွေ ''ကောင်းပြီ မင်းကဘွဲ့မယူတော့ဘူးဆိုရင် မင်းကအဲဒီဘွဲ့နဲ့တန်းတူဖြစ်အောင် အခု ဘာတွေလုပ်နေတုန်း''လို့မေးရင် သူတို့မှာအဖြေမရှိဘူး။ လမ်းသွားပြီး တော့ ဂိမ်းဆိုင်ထိုင်နေမယ်။ ဘိလိယက်ထိုးနေမယ်။ ဒါမှမဟုတ် အရက်ဆိုင်ထဲရောက်နေမယ်။ အဲဒါမျိုးတွေဖြစ်နေတာ။ အရေးကြီးတဲ့ အချက်ကတော့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အချိန်ကိုဘယ်လိုအသုံးချလဲ။ လူတစ်ယောက်ရဲ့ အစွမ်းအစသိချင်ရင် သူ့ရဲ့အချိန်ကိုဘယ်လို အသုံး ချကြည့်လဲ။ ဒါပါပဲ။ တရုတ်ကျတော့သူ့ရဲ့ brain drain ကို brain gain ပြန်ဖြစ် ပြန်ဖြစ် အောင်လုပ်နိုင်ခဲ့တယ်။ ဒီအတွက် သူတို့အလား အလာက ဘယ်လို ရှိခဲ့လို့လဲ။ သူတို့က လူဦးရေများလွန်းတော့ သွားမယ်ဆိုလည်း သွားပါစေပေါ့။ ကမ္ဘာ့အနှံ့အပြားမှာ ဘယ်နေရာမဆိုတရုတ်ဆိုတာရှိရမယ်။ ဒါသူ တို့ရဲ့စသူငခပပဲ။ ဟိုးအရင်ကလည်း ဒီအတိုင်းပဲ။ any corner of the world . . . အဲဒီမှာတရုတ်ရှိမယ်။ သူကအဲဒီအတွက် နိုင်ငံခြားကို လွှတ်တာပဲ။ ပြီးတော့ပညာတတ်တဲ့သူတွေကို ပြန်စုနေတာပဲ။ အခုပြန် စဉ်းစားကြည့်ပါလား။ တရုတ်ပြည်ဟာ မော်စီတုံးခေတ်ကိုလည်း ရောက်ရော အဝေးရောက်တရုတ်တွေ ပြန်ခေါ်လိုက်တာပဲ။ တရုတ်က အဲဒီလိုသွားတာ။ တကယ့်တကယ် မင်းတို့ပြန်တွက်ကြည့်ရင် ကွန် မြူနစ်တော်လှန်ရေးကြီးအောင်မြင်သွားလို့ မော်စီတုံးတက်လာ တော့ သူတို့ဆီမှာ အတတ်ပညာရှင်ရှိမှမရှိတာ။ နိုင်ငံခြားရောက်နေတဲ့သူတို့ လူမျိုး အတတ်ပညာရှင်တွေ ပြန်ပြီးခေါ်ခဲ့ရတာ။ အမှန်က brain ကို drain လုပ်တာမဟုတ်ဘဲနဲ့ brain ကို reflection လုပ်လိုက်တာပဲ။ အဲဒီနည်းနဲ့ တရုတ်ဟာ atomic energy တို့၊ ဂြိုဟ်တုလွှတ် တာတို့လုပ်နိုင်တာပေါ့။အခုဒီကနေနိုင်ငံခြားသွားပြီးဟိုမှာကူလီလုပ်ပြီးပြန်လာရုံသက်သက်နဲ့တော့ ဘာပါလာမှာလဲ။

ဆရာကြီးဆိုလိုချင်တာက ဟိုမှာအလုပ်လည်းလုပ်၊ သူ့ဆီကလည်းယူလာခဲ့ပေါ့။ ဟုတ်လား။

ဒါမျိုးပေါ့။ အဲဒါမျိုးလုပ်နိုင်ရမယ်။

နိုင်ငံခြားရောက်နေတဲ့လူငယ်တွေကိုဆရာကြီးအကြံပြုလိုတာလေး အနှစ်ချုပ်သိပါရစေ။

နိုင်ငံခြားရောက်နေတဲ့မြန်မာလူငယ်တွေကိုမှာချင်တာကတော့အဲဒီနိုင်ငံခြားမှာကိုယ့်ပတ်ဝန်းကျင်နဲ့ကင်းကွာနေတဲ့အတွက်ကြောင့်မို့လို့မပျက်စီးကြပါစေနဲ့။ အဲဒီမှာအလုပ်လုပ်နေတဲ့အချိန်ပင်ပန်းတယ်။ ပင်ပန်းလို့အပန်းဖြေရင်မိမိကိုယ်ကိုပျက်စီးစေမယ့်အပန်းမျိုးမဖြေနဲ့။ အဲဒီလိုဖြေခြင်းအားဖြင့်နိုင်ငံခြားရောက်နေလို့ ဘာမှအကျိုးအမြတ်မထွက်ဘဲနဲ့ပျက်စီးတဲ့သူအဖြစ်နဲ့အဖတ်တင်ကြလိမ့်မယ်။ အဲဒီအခါကျရင်မင်းရဲ့အနာဂတ်ကအရင်းအနှီးလည်းဆုံး၊အမြတ်လည်းမရ။ အဲဒီလိုဖြစ်မှာပဲ။

မေးမြန်းသူ-မောင်အေးအောင်(လျှပ်တစ်ပြက်ဂျာနယ်)

No comments:

Post a Comment