Saturday, 14 November 2009

How To Come To Singapore? Part 3

(ဒီပို့စ်က အရင်တုန်းကတင်ခဲ့ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့ www.mongti.com hack ခံလိုက်ရတဲ့အတွက်ကြောင့်တစ်ချို့သော ပို့စ်များကို Backup မလုပ်ထားမိသဖြင့် ဒီပို့စ် ကိုပြန်လည်တင်လိုက်ကြောင်းဖြစ်ပါတယ်။ အခုလက်ရှိအချိန်တွင် ကမ္ဘာ တဝန်းလုံး စီးပွါးရေးအခြေအနေ ကျဆင်းနေသောအခြေနေ ဖြစ်နေသောအချိန် ဖြစ်သည့်အတွက် နိုင်ငံရပ်ခြားသို့စွန့်စားထွက်လာပြီးအလုပ်ရှာဖို့ရာ စဉ်းစားစရာပင် ဖြစ်နေပါပြီ။ မည်သို့ပင်ဖြစ်စေ ဒီပို့စ်ကတော့ စွန့်စားထွက်လာသူများအတွက် အကယ်၍ အလုပ်ရလျှင် အထောက်အကူဖြစ်ပါလိမ့်မည်။ အခုလက်ရှိ စင်ကာပူတွင်လည်း အလုပ်သမားများနဲ့ သက်ဆိုင်သော ပေါ်လစီများကို ပြောင်းလဲ ပြင်ဆင်သတ်မှတ်လာပြီဖြစ်ပါတယ်။ ကျွန်တော် mail box ထဲသို့ ရောက်လာသော MOM မှ ပြင်ဆင်လိုက်သော  အချက်အလက်များကို ကျွန်တော်တို့၏ ညီတော်မောင်များသိစေချင်သည့်အတွက် Power Point Presentation file ကိုတင်ပေးလိုက်ပါတယ်။ ဒီနေရာတွင် ဒေါင်းပြီးဖတ်ရှုနိုင်ပါတယ်။)



ကဲ... ဗီဇာ လည်းရပြီ၊ လေယာဉ်လက်မှတ်လည်းရပြီ ဆိုတော့ စင်ကာပူထွက်ဖို့အတွက် ၉၀% အဆင်သင့်ဖြစ်နေပါပြီ။ နောက်တစ်ခု အရေးကြီးတာတစ်ခု ကျန်သေးတာက D-Form (Departure Form) မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးနဲ့သက်ဆိုင်တဲ့အရာပေါ့ဗျာ…ဘယ်လိုလုပ်ရမလဲဆိုတော့ ရန်ကုန်မြို့တွင်း၃၈လမ်း၊ ပန်းဆိုးတမ်းလမ်း ဝန်းကျင်တွင် ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်တွေ အများကြီးရှိပါတယ်…အချို့သောလေယာဉ်လက်မှတ်ရောင်းတဲ့ Agent တွင်လည်း တခါတည်း ရရှိနိုင်ပါတယ်…၅၀၀ကျပ် မှ ၁၀၀၀ကျပ် အတွင်းပေးရမှာဖြစ်ပါတယ်…

ရန်ကုန် လေယာဉ်ကွင်း သို့ မထွက်ခွါမှီ ကြိုတင်စီစဉ်ထားသင့်သည့် အချက်အလက်များကတော့

၎။ ရန်ကုန်မှ ထွက်ခွါခြင်းနှင့် စင်ကာပူသို့ရောက်ရှိခြင်း

၁။ Departure Form(D-Form)

၂။ Passport

၃။ ဗီဇာ

၎။ လေယာဉ်လက်မှတ်အသွားအပြန်

၅။ Sponsor Letter from Singapore (Form 39A) Copy

၆။ မိမိ၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်း အခြားသော အရေးကြီးစာရွက်စာတမ်းများ

ရ။ Departure time နှင့် Check-in time ကို သေချာစစ်ဆေးပါ

၈။ အများဆုံး သယ်ဆောင် ခွင့်ပြုဝန် အလေးအချိန်ကို စစ်ဆေးပါ။ မထွက် ခွါမှီ မိမိ သယ်ဆောင်မည့်ဝန်ကိုချိန်တွယ်ပါ။ Maximum Weight Allowed is up to 30 Kg.

၉။ မည်သည့် Items များကို သယ်ဆောင်ခွင့် မပြု လည်း ဆိုတာကို လည်း သိရှိ ထားဖို့ လိုအပ်ပါတယ်။

၁၀။ လက်ဆွဲ Hand Carry အနေဖြင့် Over weight မသယ် ပါနဲ့။ မိမိ ကိုယ်ကို Smart ကျကျ ဝတ်စားထား သည့်အတွက် Style အပျက်မခံပါနဲ့….

၁၁။ အရေးကြီးဆုံး ငွေ Money (ဒေါ်လာ US$ or S$)

လေယာဉ် ပေါ်တွင်
လေယာဉ်ပေါ် မှာတော့ တစ်နပ်စာ (One meal) တော့ ကျွေးပါလိမ့်မည်။ White Card ကိုလည်း သပ်သပ်ရပ်ရပ် အသေအချာ ဖြည့်ပါ။ မသိရင် မိမိဘေးမှ အတွေ့အကြုံ ရှိသော သူကို အကူ အညီတောင်းလိုက်ပါ။ လေယာဉ်ပေါ်က ဆင်းလာတဲ့အခါ White Card ကို တပါတည်း ယူဆောင် လာပါ။ White Card ကို လေယာဉ်ပေါ်တွင် အခမဲ့ ရယူနိုင်ပါတယ်။ ၄င်းကဒ်သည် Stay သက်တမ်းတိုးရာတွင် အရေးကြီးပါသည်။

စင်ကာပူ လေယာဉ်ကွင်းသို့ ရောက်ပြီးသောအခါ
စင်ကာပူလေယာဉ်ကွင်း Changi Airport သို့မဆင်းသက်မှီ လေယာဉ်ပေါ်မှ မြို့၏ အထင်ကရ Singapore Flyer နှင့် Merlion ကိုမြင်တွေ့နိုင်သလို၊ ညနေလေယာဉ်နဲ့လာရင်တော့ လျှပ်စစ်မီးများထိန်ထိန်လင်းနေသည့် မြို၏လှပမှုကို ခံစားနိုင်ပါတယ်…လေယာဉ်ဆင်းသက်ပြီးနောက်....

၁။ Terminal Building ထဲတွင် အချိန်မကုန်ပါစေနှင့်။ မိမိကို လာရောက်ကြိုဆိုမည့်သူငယ်ချင်း ဆွေမျိုးများကို ဖုန်းဆက်လိုသောအခါ Immigration Counter သို့သွားရောက် မတန်းစီမှီ Local Free Call ခေါ်ဆိုနိုင်ပါသည်။

၂။ Passport, White Card, PR Invitation Letter, Return Air ticket များ ကို Immigration Counter မှOfficer ကို ပြရန်အတွက် အဆင့်သင့် ထုတ်ထားပါ။

၃။ Immigration Counter ရှေ့ တွင် ကိုယ့်အလှည့်သို့မရောက်မှီ ညီညာ သပ်ရပ်စွာအဝါရောင်လိုင်း၏နောက်တွင် တန်းစီပါ။ Officer မှမေးသောအခါ အကောင်းဆုံးဖြစ်အောင် ဖြေဆိုပါ။ Officer ထံမှ မိမိအား စင်ကာပူတွင် နေထိုင်ခွင့် ပြုသော သက်တမ်း ရက် ၃၀ ကို မိမိ၏ Passport စာအုပ်တွင် တံဆိပ်တုံးထုပေးပါလိမ့်မည်။ မိမိ၏ Passport စာအုပ်ကိုလည်းController မှမထွက်ခွါမှီ စစ်ဆေးပါ။ နောက်ပြီး White Card ၏ Departure အပိုင်းကို မိမိအား ပြန်ပေးပါလိမ့်မည်။ ၄င်းအပိုင်း အားမပျောက်ပျက်အောင် သိမ်းထားပါ။ စင်ကာပူတွင် နေထိုင်စဉ် အတွင်းနှင့် သက်တမ်းတိုးရာတွင် ၄င်း White Cardသည်အလွန်အရေးကြီးပါသည်။

၎။ Immigration Counter ဖြတ်ပြီးသော အခါ မိမိ ၏ Baggage ကို ရွေးရန် အတွက် Belt No. နှင့် ထွက်ခွါမည့် Gate No. ကို စစ်ဆေးပါ။ မြန်မာနိုင်ငံမှ ပစ္စည်း အပ်နှံစစ်ဆေးပြီးနောက် မိမိအား ပစ္စည်းရွေးရန်းအတွက် Belt No. ရေးထားသော တိုကင် ထုတ်ပေးပါလိမ့်မည်။

၅။ ပြီးနောက် အပြင် သို့ ထွက်လာ သော အခါ မိမိ သူငယ်ချင်း သိုမဟုတ် ဆွေမျိုး များက အပြုံးဖြင့် ကြိုဆိုနေလိမ့်မည်။

၅။ စင်ကာပူတွင်စတင်နေထိုင်ခြင်း

စင်ကာပူလေယာဉ်ကွင်းမှထွက်ခွါပြီးပြီဆိုတော့ သယ်လာသောမိမိပစ္စည်းများရင်တော့ Taxi နဲ့မိမိနေထိုင်မည့်အိမ်သို့ သွားရမယ်ပေါ့…နည်းရင်တော့ MRT (Mass Rapid Transit, အမြန်ရထားလုံး) နဲ့သွားပေါ့…ချွေတာရာလည်းရောက်တယ်ပေါ့ဗျာ…MRT နဲ့သွားရင် ရထားစီးရန်အတွက် ez-link card ဝယ်ရပါမည်။ ဤနေရာတွင်တစ်ခုအကြံပေးလိုပါ တယ်…စင်ကာပူလေယာဉ်ကွင်းမှထွက်လာစဉ်တုန်းက မိမိ၏ခေါင်းပေါ်တွင် လမ်းညွန်များ ရေးထားတာကို သတိထားမိပေလိမ့်မည်…သွားရမည့်လမ်းမသိရင် ၄င်းလမ်းညွန်အတိုင်းသာ မိမိသွားလိုသည့် ထွက်ပေါက်သို့ လမ်းညွန်အတိုင်းသွားရုံပါပဲ..English စာဖတ်နိုင်ရင်လိုတဲ့ခရီးသို့လွယ်ကူစွာရောက်ရှိနိုင်ပါတယ်...ပထမဆုံး Changi Airport မှထွက်လိုက်သည်နှင့် Changi MRT Station သို့ရောက်ရှိပါမည်။

၁။ ပထမဦး ဆုံး အနေနဲ့ Changi MRT တွင် ez-link card ဝယ်ယူပါ။ ၄င်းကဒ်ကတော့ MRT and Bus စီးရန်အတွက်ဖြစ်ပါတယ်။ Learn to know about ezlink, visit www.ezlink.com.sg/ အခုပြောင်းလိုက်သော ez-link card (CEPAS-compliant) $15 ဒေါ်လာနှင့် ဝယ်ရမှာဖြစ်ပြီး ကဒ်ဖိုးအတွက် $5 ကုန်ကျပြီး ကဒ်ထဲတွင် $10 balance ကျန်ပါလိမ့်မည်။

၂။ အပြင်ထွက်ပြီး Interview သွားတွေ့ရာတွင် အသုံးပြုရန်အတွက် စင်ကာပူလမ်းညွန်မြေပုံ စာအုပ် တစ်အုပ်ကို ဝယ်ယူပါ။ သို့မဟုတ် သူငယ်ချင်း စီမှ ငှါး ယူပါ။ ၄င်းစာအုပ်တန်ဖိုး ၁၃ ဒေါ်လာခန့် ကုန်ကျမည်…
www.streetdirectory.com ကိုသုံးပြီး လိပ်စာတစ်ခု၏လမ်းညွန်ကိုရှာဖွေနိုင်ပါတယ်။
http://www.sbstransit.com.sg/ ဒီ ဆိုဒ်ကတော့ ဘယ် Bus ကို ဘယ်လိုစီး ရမလဲ ဆိုတာကိုလမ်းညွန်ပါတယ်။

၃။ ဖုန်းလိုင်း တစ်လိုင်း ဝယ်ယူ သုးံစွဲပါ။ ဖုန်း လိုင်း စနစ် က တော့ ၂ မျိုးရှိပါတယ်။
Top up phone လိုင်း နဲ့ Plan phone လိုင်း ဖြစ်ပါတယ်။ Top up လိုင်း ကတော့ Card ဝယ်သုံးရပြီး ကုန်သွားလျှင် ပြန်ဖြည့်ပြီး သုံးရပါသည်။ Plan phone ကတော့ Social Visit တွေ အတွက် ကိုယ်တိုင်ဝယ်ယူ သုံးစွဲ လို့မရပါ။ Citizen or PR or EP or SP Pass holder ရှိသူများကို အကူအညီတောင်းပြီး ဝယ်ယူသုံးရပါ သည်။ အလုပ်ရှာနေတဲ့ အချိန်ဖြစ်သေးတဲ့ အတွက် Plan Phone Line ကို မဝယ်သေးရန် အကြံပေးလို ပါသည်။

၆။ အလုပ်ရှာဖွေခြင်း နှင့် နေထိုင်သင့်သော နေ့စဉ်ဘဝ

စင်ကာပူမှာ အလုပ်ရှာရတာ ကတော့ စိတ်ဖိစီးမှု ရှိတယ် စိတ်ပင်ပန်းတယ် ဘာကြောင့်လည်းဆိုတော့ ငွေကြေး အများကြီး ရင်းနှီးပြီး လာရှာကြတယ်ဆိုတော့ မရရင်လို့ ဆိုတဲ့ စိတ်တစ်ခုက အဖိစီးဆုံးပါပဲ။ ဒါကြောင့် စိတ်ကိုအနားယူရမယ်။ အခြေအနေအချိန်အခါကို ဆင်ခြင်သုံးသပ်ပြီးလာရင် အကောင်းဆုံးပါ။ မိမိ၏ မူရင်းအလုပ် နဲ့ မိသားစုကို ထားခဲ့ပြီးထွက်လာခဲ့ရတယ်…အလုပ်ရှာဖို့အချိန်ကလည်းနည်းပြီး တန်ဖိုးကြီးတယ်ဆိုတော့ အချိန်ကိုအကျိုးရှိစွာအသုးံချတတ်ဖို့လိုပါ တယ်။ ဘယ်လိုဖြစ်ဖြစ်လေ ကျွန်တော် အရှေ့မှာ ပြောခဲ့သလို ကိုယ့်မှာ ယုံကြည်မှု Confidence ပါလာတယ် မဟုတ်လား…မရရင်တော့ ဘာဖြစ်လဲ? အေးဆေးပေါ့... Adventure and Challenge ဆိုတာ ဘဝမှာ ရှိသင့်တဲ့ အရာပါ…

အောက်ပါ အချက်အလက်များကတော့ ကျွန်တော် ကိုယ့်ရဲ့တန်ဖိုး ရှိလှသော အချိန်များကိုအလုပ်ရှာစဉ်ခဲတဲ့အချိန်တုန်းက ဘယ်လို၏ စီမံ ခန့်ခွဲ ခဲ့သလဲဆိုတာ ကို ပြောပြပါမယ်။

၁။ မနက် ၆း၃၀ အိပ်ရာမှ ထပါ

၂။ ဒီနေ့ ထွက်တဲ့ Strait Times သတင်းစာကို ဝယ်ပါ (၈၀ ဆင့်၊ ယခု တစ်စောင်ကို တစ်ဒေါ်လာ)

၃။ Classified Job Section (CAT) စာမျက်နှာ ကိုတော့ လှန်ပြီးတော့ ကိုယ်နှင့် သင့်တော်သော အလုပ်ကို
ချရေးပါ။ Send by email သို့မဟုတ် walk in interview လားဆိုတာ ခွဲခြားပါ။ အင်တာဗျူးရဲ့ နေရာ၊အချိန်၊ နေ့ရက် ကိုလည်း ဂရုစိုက်ပါ။ Walk in interview အတွက် Resume CV ကို email ပို့ရန် မလိုပါ တိုက်ရိုက်သွားပြီး Interview ရမှာဖြစ်ပါတယ်။

၎။ နံနက် ၆း၃၀ မှ ၉းဝဝ အတွင်း Email ဖြင့် အလုပ်လျှောက်ခြင်း ပြီးဆုံးသင့်ပါသည်။ အရင်ထွက်ခဲ့ပြီးသော သတင်းစာများထဲမှ မိမိနဲ့ကိုက်ညီမည့်အချို့ သော Vacancy များအတွက် Phone ဖြင့် တိုက်ရိုက်ခေါ် ဆိုပြီး Vacant ဖြစ်သေးလားဆိုတာကိုလည်း မေးမြန်းနိုင်ပါတယ်။

၅။ နံနက် ၉းဝဝ နောက်ပိုင်း အကယ်၍ Walk In Interview ရှိရင် အပြင်ထွက်ဖို့ပြင်ဆင်ပါ။ အပြင်ထွက်ရာတွင် မိမိ၏ CV(Resume), Original/Copy Doc, and Hand phone, Map Book ကိုတပါတည်းယူဆောင်ဖို့ မမေ့ပါနဲ့။

၆။ တရက်တာ၏ အင်တာဗျူးပြီးဆုံးပြီး ညနေပိုင်းတွင်တော့ ဒီကနေ့ တစ်နေ့တာရဲ့ စိတ်ပင်ပန်းမှုများ ကို မေ့ပစ်ပြီး သူငယ်ချင်း များနဲ့ တွေ့ဆုံဖို့ကြိုးစားပါတော့။

၇။ စင်ကာပူတွင် နေထိုင်ခွင့်သက်တမ်းတိုးခြင်း

ICA ဆိုတာက Immigration Check Point Authorities ပါ။ သာမာန်အားဖြင့် Social Visit နဲ့ လာပြီး အလုပ် ရှာတဲ့အခါမှာ ပထမအကြိမ် နေထိုင်ခွင့်သက်တမ်းမကုန်မှီ နှစ်ရက်အလို ဒုတိယ အကြိမ်သက်တမ်း တိုးဖို့ အတွက် ICA ရုံးကို သွားပြီးသက်တမ်းတိုးရပါတယ်။ သိုမဟုတ် Online မှလည်း E-extension တိုးလို့ ရပါတယ်။ Online မှ သက်တမ်းတိုးရင် မိမိအား ဖိတ်ခေါ်သော PR ဖြစ်သူမလိုအပ်ပါ… သို့သော် ရုံးသို့ တိုက်ရိုက်သွားရောက်ပြီး သက်တမ်းတိုးသောအခါ PR ဖြစ်သူလိုအပ်ကောင်းလိုအပ်ပါလိမ့်မည်…ရုံးဖွင့် ချိန်ကတော့ Mon, Fri and Sat (1/2 day). http://www.ica.gov.sg/ တွင် ဝင်ရောက်လေ့လာ နိုင်ပါတယ်။
ICA ရုံးတွင် သက်တမ်း တိုးသောအခါ
၁။ Filled Form 14A [PR should fill and sign in that form]

၂။ Passport

၃။ White Card

၎။ PR Card copy and original [sometime PR comes along with]

ICA ရုံးမဖွင့်မှီ မနက်စောနိုင်သမျှ စောအောင်သွားနိုင်ရင်ပိုကောင်းပါသည်။ လူအတော်များများ က မနက် ၇း၃၀ မတိုင်မှီ ရောက်ပြီးနှင့်ပြီ။ ICA ရုံးရောက်တဲ့အခါ Information Counter သို့သွားရောက်တန်းစ်ီပြီး မိမိနှင့်အတူပါလာသော စာရွက်စာတမ်းများ ပြပါ။ ၄င်း Counter မှ Q နံပါတ် ထုတ်ပေးပါလိမ့်မည်။ ၄င်း Q နံပါတ်နှင့်အတူ သက်ဆိုင်ရာ Counter နံပါတ်အနီးတွင်စောင့်ပါ။ မိမိအလှည့်သို့ရောက်သောအခါ Officer မှ လိုအပ်သော လိုအပ်ချက်များကို စစ်ဆေးပြီး မိမိအားနောက်ထပ်နေထိုင်ခွင့် တစ်လ သို့မဟုတ် ၂ ပတ်/၁ ပတ် ပေးပါလိမ့်မည်…ဘယ်လောက် ထပ်ပေး မလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါ…အလုပ်ရပြီးလို့ Employment Pass လျောက်ထားပြီးစဉ်အတွင်း ဘယ်လောက် သက်တမ်း တိုးပေးပေး ကိစ္စမရှိပါ…အလုပ်လုံးဝမရသေးချိန်တွင်တော့ သက်တမ်း ထပ်ရမည့်ကာလသည် မိမိ၏ ကံတရားနဲ့သာသက်ဆိုင်မည်ဟု ပြောကောင်း ပြောရ ပါလိမ့်မည်…
ဘာမှတော့ စိတ်ပူစရာများ မရှိပါ…အခြားခြားသော ဖြေရှင်းစရာ နည်းလမ်းကောင်းများ
ရှိပါသေးသည်ကို ပြောလိုပါသည်…
MOM (Ministry of Manpower) ရုံးတွင် သက်တမ်းတိုးခြင်းကိစ္စကတော့…ICA ရုံးတွင် ဒုတိယအကြိမ် သက်တမ်းတိုးပြီးနောက် အလုပ် Offer ရရှိပြီး Emplyment Pass လျောက်ထားစဉ်အတွင်း မိမိ၏ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးသွားအခါ
ICA တွင် နောက်ထပ်သက်တမ်းတိုး ခွင့်မရရှိတော့ပါ… MOM ရုံးတွင်သာ သက်တမ်းတိုးရမည်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်>>>

လေးစားစွာဖြင့်
    ကိုမြိတ်

No comments:

Post a Comment