Tuesday, 17 August 2010

နာရီလက်တံပေါ်က ချွေးစက်များ

အိုအမေ...
တိမ်လွှာတွေကြား
ကောင်းကင်ပြာအောက်မှာ
ပူပင်ခြင်းကင်းမဲ့
နေဆယ်စင်းကို လမင်းလို
ဆော့ခဲဖူးတယ်...
တောင်ပံမဲ့ နံနက်ခင်းကို
အံတုပြီး နေရောင်နဲ့ ညနေကို
မိုးရေလို ခုန်ပြေးခဲ့ဖူးတယ်...
ရောင်စဉ်ခုနှစ်သွယ် ကကြိုးနွယ်
တက်တံ့ကို ဆေးရောင်သဖွယ်
ခြယ်သခဲ့ဖူးတယ်...
တောင်ကို လမ်းအသွင်
တန်တာဆင် မောပန်းစွာ
သူငယ်ချင်း မင်းနဲ့အတူ
တွဲတက်ခဲ့ဖူးတယ်...
ချွေးတော့ ထွက်ပါရဲ့
ဒါပေမဲ့....
မာယာသောက ကင်းပါတယ်....

အိုအမေ....
မာကြော ခက်ထန်
မာန်မဲတဲ့ နေသဏ္ဍာန်ကို
အိပ်မက်ဆန်ဆန်
ပန်းချီဆွဲနေရတယ်
ချွေးစက်တွေကြား
အချိန်တွေတိုက်စားတာ
တဖြည်းဖြည်းနဲ့ ပါးလွှာနေပါပြီ...
ပူလောင်မှုအပြည့်နဲ့
ရက်စက်မှုများအောက်မှာ
ကံကြမ္မာနဲ့ နေ့တိုင်းလိုလို
စစ်ခင်းနေရတယ်...
ကောင်းကင်တမွတ်
ကြယ်ကိုစွတ်ချင်ပေမယ့်လည်း
ကြယ်က အလှမ်းဝေးလွန်းတယ်...
နာရီလက်တံ ရွှေ့လိုက်တိုင်းမှာ
ချွေးစက်တွေ သီးနေတာ
ဘယ်သူသိမှာလဲ
ဒါပေမဲ့ ....ကျေနပ်ပါတယ်
မာယာနဲ့ ဘ၀ကို စားသုံးခွင့်ရတဲ့အတွက်
ဘ၀ဟာ ၀ိုင်တခွက်ဆိုရင်
အဲဒီဝိုင်ဟာ
နှစ်ချို့ဝိုင်ဖြစ်မှာ သေချာတယ်...။

ကိုဇင်(IT)

2 comments:

  1. ကိုဇင်

    ကဗျာကို ဘာကြောင့် Home မှာတင်ထားတာလဲ?
    ကဗျာကို ကဗျာနေရာမှာ ထားသင့်တာ မဟုတ်ဖူးလား?

    thank you.

    Yan naing soe.

    ReplyDelete
  2. ကိုရန်နိုင်စိုး
    ကဗျာကို ကဗျာနေရာမှာတင်ချင်ပါတယ်...ဒါပေမယ့် new post တိုင်းမှာ homepage မှာပေါ်နေတာကြောင့်ပါ...ဖတ်ရတာ ပြသာနာဖြစ်လို့လားဗျာ...

    ကျေဇူးတင်ပါတယ်
    ကိုဇင်

    ReplyDelete