Monday, 25 October 2010

လက်ကမ်းစာစောင်(၂)

အမှတ်တရ SMS (၂-၆-၂၀၀၈ တနင်္လာနေ့ )
“Good Day Dear!
We would like you to know that S$600 has been sent to Daw Khin Win Mar for contribution to the following Teachers for this month, June. 1, Daw Khin Win Mar (Academic) 2, U Nyunt (MT) 3, Daw Ohm Ohm Paing (EC) 4, U Htin Aung Nyunt (EP) 5, Daw Htay Htay Sein (C). We try to contribute S$600 for 5 Teachers each month, so pls invite other great Mon GTI/GTC friends to contribute. Thanks for your support.”
ထို SMS ကလေးမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံရှိ ဆရာမ ဒေါ်ခင်ဝင်းမာထံသို့  ကန်တော့ငွေ စင်္ကာပူဒေါ်လာ (၆၀၀) အားလွှဲပြောင်းအပြီး ကိုစောအောင်ထွန်းဦးမှနေ၍ သူငယ်ချင်းများအား ဖြန့် ဝေသော အမှတ်တရ SMS လေး ဖြစ်ပါသည်။ ထို SMS လေးဖတ်ပြီး ပျော်ရွှင်ပီတီဖြစ်ပြီးတက်ကြွလာကြကာ မိမိတို့ နှင့် နီးစပ်ရာမှတဆင့် ဖိတ်ခေါ်စုဆောင်း တစ်ဖက်မှလည်း ဆရာဆရာမများ နာမည်လိပ်စာစုံစမ်းဖြင့် ပိုမိုကြိုးစားဖြစ်ခဲ့ ပါသည်။
မေဂျာအလိုက် တာဝန်ခံအလှူငွေကောက်ခံသူများ သတ်မှတ်ပြီး အလှူငွေကောက်ခံစေသည့်အပြင် ကျောင်းသူကျောင်းသားများ တင်ပြလာသော ဆရာဆရာများထပ်မံ စာရင်းပြုစုပြီး လူအင်အား တဖြည်းဖြည်း စည်းရုံး စုစည်းခဲ့ရာ မူလရည်ရွယ်ထားသော စင်္ကာပူရောက် ကျောင်းသား ကျောင်းသူ ဟောင်းများ အပြင် ကမ္ဘာအရပ်ရပ်ရှိ သူငယ်ချင်းများလည်း ပါဝင်လာခဲ့ကြပါသည်။ လှူဒါန်းငွေမှာလည်း တဖြည်းဖြည်းနှင့် ပိုမိုရရှိလာသဖြင့် မဝေဝေနွယ် (MT 97) အား ဘဏ္ဌာရေးမှူးခန့် ၍ Bank Account တစ်ခုဖွင့်ကာ စနစ်တကျ သိမ်းဆည်းစေခဲ့ပါသည်။ လစဉ်တိုင်း လည်း ရသုံးငွေစာရင်းကို ပုံမှန်ထုတ်ပြန်၍ သူငယ်ချင်းများ အားလုံးထံသို့  Email မှ တဆင့် ဖြန့် ဝေခဲ့ပါသည်။
ဤကဲ့သို့  စိတ်တူကိုယ်တူ ဆန္ဒတူ သူငယ်ချင်းတစ်စု စတင်မွေးဖွားလိုက်သော သစ်စေ့တစ်စေ့သည် ပထမဦးဆုံး အညှောင့်ထွက်လာပြီး ပင်နုအဆင့်ဖြင့် အားလုံးရဲ့ အမောကို စတင်ဖြေသိမ့်စေသည်။ ဤကား ဆရာ၊ ဆရာမများထံမှ စာများ၊ လူကြုံပါးစကားများ၊ ဆုံးမစာများပင်ဖြစ်ပါသည်။
“အရမ်းဝမ်းသာပါတယ်။ ကြည်ကြည်နူးနူးခံစားမိပါတယ်။ အမိနိုင်ငံရဲ့ အဝေးတစ်နေရာမှာ တစ်ကျောင်းထဲက မောင်နှမတွေစုပြီး ဒီလို ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့  ပြုလုပ်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အားလုံးကို လေးစားမိပါတယ်။`ဆန္ဒအားလုံး ပြည့်စုံကြပါစေ။ အခြေနေ အချိန်ခါကောင်းများ ထာဝစဉ် ကြုံတွေ့ ကြပါစေ’ လို့ ဆုတောင်း ပေးလိုက်ပါတယ်။” (ဒေါ်ဝါဝါမိုး လ/ထ ကထိက EC ဌာန နည်းပညာတက္ကသိုလ် မော်လမြိုင်)

သို့ နှင့် အားအင်ဖြစ်တည်ပြီး ခြေလှမ်းများကို ပိုမိုခိုင်မာစေခဲ့ပါသည်။ ထိုနည်းဖြင့် တစ်လပြီးတစ်လ တစ်စပြီးတစ်စ ရှေ့ ခရီးဆက်ဖြစ်ခဲ့ကြပါသည်။ ၂၀၀၈ ခုနှစ်ကို နှုတ်ဆက်တော့ လှူဒါန်းငွေပေးပို့ ဖြစ်ခဲ့သော ဆရာ၊ ဆရာမ (၄၁) ဦး၊ ကျောင်းအုပ်ဆရာကြီး (၅)ဦးရှိခဲ့ပြီး စင်္ကာပူဒေါ်လာ (၅၅၂၀) တိတိအား လှူဒါန်းနိုင်ခဲ့ပါသည်။ နိုင်ငံအရပ်ရပ်မှ အလှူငွေ ထည့်ဝင်လှူဒါန်းသူ ကျောင်းသူကျောင်းသားပေါင်း(၁၃၃) ဦးရှိခဲ့ပြီး သေးငယ်သော နှမ်းစေ့များမှ ဆီထွက်ရန် စုစုစည်းစည်း ပျော်ပျော်ရွှင်ရွှင် ညီညီညွတ်ညွတ် ကြိုးစားအားထုတ်ခဲ့ကြပါသည်။

ပင်နုဘဝ (သို့ ) ၂၀၀၈ ခုနှစ် လှုပ်ရှားမှုများ

၂၀၀၈ ခုနှစ် မေလမှ စတင်၍ လစဉ်ကန်တော့ငွေများ ပုံမှန်ပေးပို့ လှူဒါန်းလာကြပြီး ပိုပြီးရင်းနှီး စုစည်းခိုင်မာလာစေရန် ရည်ရွယ်၍ စင်္ကာပူရောက် မော်လမြိုင်ဂျီတီအိုင် ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့  အနေဖြင့် အောက်တိုဘာလတွင် Eunos မြန်မာဘုန်းကြီးကျောင်းတွင် ကထိန်သင်္ကန်းနှင့် ငွေပဒေသာပင် အလှူ ပြုလုပ်ခဲ့ရာ ကျောင်းသူကျောင်းသားဟောင်းများ (၁၀၀) ကျော်တက်ရောက် ပါဝင်လှူဒါန်းခဲ့ကြပါသည်။ ထိုအလှူပွဲမှ အစတည်ပြီး အားလုံးမှာ ညီအစ်ကိုမောင်နှမများသဖွယ် ရင်းနှီးချစ်ကြည်လာကာ ပိုမိုတက်ကြွစွာဖြင့် ကျေးဇူးရှင် ဆရာ၊ ဆရာမများအား ကန်တော့ခြင်းအလှူတွင် ပါဝင်လာခဲ့ကြပါသည်။

၂၀၀၉ ခုနှစ် သင်္ကြန်အခါသမယတွင်လည်း တိုပါရိုးမြန်မာဘုန်းကြီးကျောင်းတွင် စတုဒီသာအလှု အနေဖြင့် ကော်ပြန့် စိမ်းများ ကိုယ်တိုင်ပြုလုပ်ကာ ချစ်ကြည်နူးစရာ မြန်မာဓလေ့အဖြစ် လှူဒါန်းကျွေးမွေးဖြစ်ခဲ့ပါသည်။ ထိုသို့ သော အလှူအတန်းများ၊ အစီအစဉ်များအားလုံးကျင်းပရာ၌ မူလရှိထားသော ဆရာဆရာမကန်တော့ငွေ စာရင်းမှ လုံးဝအသုံးပြုခြင်းမဟုတ်ပဲ ထပ်မံကောက်ခံရရှိငွေများဖြစ်သာ ပြုလုပ်ဖြစ်ခဲ့ပါသည်။





(တိုပါးရိုးဘုန်းကြီးကျောင်း သင်္ကြန် ၂၀၀၉ ခုနှစ်)



ထို့ နောက် စင်္ကာပူရောက်မော်လမြိုင်GTI/GTC ကျောင်းသူကျောင်းသားများရဲ့  ပထမအကြိမ် မိတ်ဆုံစားပွဲကို ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပဖြစ်ခဲ့ကာ ကျောင်းသူကျောင်းသားများ (၁၀၀) ကျော်ခန့်  တက်ရောက်ခဲ့ကြပြီး နေ့ လည်စာ ဘူဖေးနှင့် ကစားပွဲများကစားခြင်းဖြင့် ပျော်ရွှင်စွာပါဝင်ခဲ့ကြပါသည်။ ထိုအစီအစဉ် ဖြစ်မြောက်ရေးအတွက် ကုန်ကျစရိတ်များကိုလည်း ဆရာ၊ဆရာမကန်တော့ငွေဖြစ်သော ရန်ပုံငွေမှ လုံးဝ အသုံးပြုခြင်း မရှိပဲ သီးသန့် ထည့်ဝင်ငွေဖြင့်သာ အကောင်အထည်ဖော်ခဲ့ပါသည်။

No comments:

Post a Comment