အောက်တိုဘာလအတွက် ကန်တော့ရန် ရွေးချယ်ထားသော ဆရာ၊ ဆရာမ (၇) ဦးမှာ အောက်ပါအတိုင်းဖြစ်ပြီး မကေသီထွန်းမှတဆင့် သွားရောက် ကန်တော့လှုဒါန်းမှာဖြစ်ပါသည်။
(၁) ဒေါ်ခင်အေးမြင့် (စာပေ)
(၂) ဒေါ်မာလာစိုး (စာပေ)
(၃) ဒေါ်ရီရီမြင့် (မြို့ ပြ)
(၄) ဒေါ်အေးအေးမြင့် (မြို့ ပြ)
(၅) ဒေါ်အေးအေးမော် (လျှပ်စစ်ဆက်သွယ်)
(၆) ဦးအောင်ကျော်ဇော (စက်မှုစွမ်းအား)
(၇) ဦးမောင်မောင်သန်း (စက်မှုပုံစံပြု) တို့ ဖြစ်ကြပါသည်။
စုစုပေါင်းလွှဲပြောင်းငွေပမာဏမှာ စင်္ကာပူဒေါ်လာ ၁၀၁၇.၁၉ ဖြစ်ပြီး ငွေလဲနှုန်း (၁၇-၁၀-၁၀) အရ စင်္ကာပူ တစ်ဒေါ်လာ= မြန်မာငွေ ၆၉၈ ကျပ် ရရှိပါသည်။
ထို့ အတူ အောက်တိုဘာလအထိ အလှုငွေစာရင်းချုပ်ကိုလည်း တာဝန်ခံ မဝေဝေနွယ်မှ ဖြန့် ဝေပြီးကြောင်း သိရှိရပါသည်။ ထပ်မံစစ်ဆေးပြီး မှတ်ချက်များ (သို့ ) ပြင်ဆင်ချက်များ ပြုလုပ်ရန် လိုအပ်ခဲ့သည် ရှိသော် တောင်းဆိုနိုင်ပါသည်။
လက်ခံမရရှိသေးသူများ ရှိခဲ့သည်ရှိသော် အောက်ပါလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
October Fund list 2010
အခုလို အဆက်မပြတ်ပါဝင်လှုဒါန်းနေကြသော ပြည်တွင်း၊ ပြည်ပမှသူငယ်ချင်း၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများနှင့်တကွ လစဉ်လတိုင်းတိုင်ပင်ညှိုနှိုင်း၊ ဝိုင်းဝန်းဆွေးနွေးအကြံပေးပါဝင်ခဲ့ကြသူများအားလုံးကို အဖွဲ့ ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။
No comments:
Post a Comment