Wednesday, 10 November 2010

တတိယ​အကြိမ်​မြောက်​ကထိန်သင်္ကန်း​အလှူ​ပွဲ

 စ​င်္ကာ​ပူ​ရောက်​မော်​လ​မြိုင်GTI/GTC ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ​၏ တတိယ​အကြိမ်​မြောက် ကထိန်သင်္ကန်း​အလှူ​ပွဲ​ကို စ​င်္ကာ​ပူ​နိုင်ငံ တို​ပါးရိုး​မြန်မာ​ဘုန်းကြီး​ကျောင်း​တွင် ပြီး​ခဲ့​သော (၇)ရက်​နေ့​က အောင်မြင်​စွာ ကျင်းပ​ပြီးစီး​ခဲ့​ပါ​သည်။ အ​ဆို​ပါ ကထိန်သင်္ကန်း ကပ်လှူ​ပွဲ ကျင်းပ​ရာ​တွင် ကျောင်းသား​ကျောင်း​သူ​ဟောင်း ​၁​၅​၀ ကျော်​ခန့်​တက်​ရောက်​ကာ ပါဝင်​လှူဒါန်း ကုသိုလ်​ယူခဲ့​ကြ​ပါ​သည်။

ထိုသို့​အလှူ​ပွဲ​တွင် မြန်မာ​ရိုးရာ ပဒေသာ​ပင်​ပြုလုပ်​လှူဒါန်း​ခဲ့​ပြီး အာရုံ​ဆွမ်း​အဖြစ်​သံဃာ​တော်​များ​အား မုန့်ဟင်းခါး​ဖြင့်​လည်းကောင်း၊ ဧည့်သည်​များ​အား နေ့​လည်​စာ ဒံ​ပေါက်​ဖြင့်​လည်းကောင်း လှူဒါန်း​ကျွေးမွေး​ခဲ့​ကြ​ပါ​သည်။
ထို့​အပြင် မှတ်တမ်း​တင်​ရိုက်​ကူး​ခဲ့​သော ဓါတ်​ပုံ​များ​အား ဤ​နေရာ​တွင် သွား​ရောက်​ကြည့်​ရှု​နိုင်​ကြော​င်း​သိရှိ​ရ​ပါ​သည်။

Slide Show Album


http://picasaweb.google.com/s/c/bin/slideshow.swf

No comments:

Post a Comment