Thursday, 18 November 2010

လက်​ကမ်း​စာစောင်(၃)


 

ပင်​ပျို​ဘဝ (သို့) ၂​၀​၀​၉ ခု​နှစ် နှောင်း​ပိုင်း​နှင့် လက်​ရှိ​အခြေအနေ ဤ​နေရာ​တွင် မူလ​ရည်​ရွယ်​ချက်  ဖြစ်​သော  ကျေးဇူးရှင် ဆရာ​ဆရာ​မ​များ​အား လ​စဉ်​လူ​ဒါ​န်း​ကန်တော့​ခြင်း ရည်​ရွယ်​ချက် ပိုမို​လွယ်ကူ အကောင်အထည် ပေါ်လာ​ခြင်း​မှာ စိတ်ကူး​စတင် သန္ဓေတည်​စ ကတည်းက ပါဝင်​လာ​သော ကို​စော​အောင်​ထွန်း​ဦး(MT 97) မှာ မြန်မာ​နိုင်ငံ​သို့​ပြန်သွား​ရ​ခြင်း၊ မြန်မာ​နိုင်ငံ​ဖက်​မှ​နေ​၍ ဆရာ၊ ဆရာ​မ​များ​ထံ​သို့ ကိုယ်တိုင်​ကိုယ်ကျ သွား​ရောက်​ပြီး ပေး​လှူ​ကန်တော့​ဖြစ်​ခြင်း​သည်။



ထိ​ရောက်​သော​အချက် အောင်မြင်​စေသော အဓိက​ကျ​သော​အချက်​တစ်​ချက်​ဖြစ်​ခဲ့​ပါ​သည်။ ထို​နည်း​ဖြင့်​သာ ဆရာ၊ ဆရာ​မ​များ​ထံ​ဆက်​သွယ်​ရ​လွယ်ကူ​လာ​ခဲ့​ပြီး ရည်​ရွယ်​ချက်​များ​ကို တိုက်ရိုက်​ပြော​ပြ​နိုင်​ခဲ့​ပါ​သည်။ ကို​စော​အောင်​ထွန်း​ဦး​မှ​တ​ဆင့် ဆရာ​ဆရာ​မ​များ​၏ ဓါတ်​ပုံ​များ၊ စာ​များ​ပြန်လည်​ဖြန့်ဖြူး​ပေး​သ​ဖြင့် စ​င်္ကာ​ပူ​ရောက် ကျောင်းသား​ကျောင်း​သူ​ဟောင်း​များ​အနေ​ဖြင့် ပိုမို​ပီ​တိ​ဖြစ်​ကာ ကျေးဇူးရှင် ဆရာ၊ ဆရာ​မ​များ​နှင့် ကျောင်း​တော်​အား ပိုမို​သတိရ​လွမ်းဆွတ်​လာ​ရ​ပြီး မိမိ​တို့​၏ ရည်​ရွယ်​ချက် မ​ပျောက်ပျက်​အောင် တက်​စွမ်း​သ​မျှ ကြိုးစား​အားထုတ်​လို​စိတ် ပိုမို​ဖြစ်ထွန်း​လာ​ပါ​သည်။ ထို​နည်း​ဖြင့် လက်​ရှိ အချိန်​ကာလ အခြေအနေ​သို့ အောင်မြင်​စွာ ရောက်​ရှိ​လာ​ခဲ့​ပါ​သည်။

ယနေ့​အချိန်​ကာလ​တွင် မူလ​ဆရာ​ဆရာ​မ​များ(၈​၀)ဦး​အပြင် ထပ်​တိုး​အနေ​ဖြင့် IT မေ​ဂျာ​မှာ သုံး​ဦး​နှင့် ထပ်​တိုး​ရန်​ရည်​ရွယ်​ထား​သော အခြား(၆) ဦး​ဖြစ်​ပြီး ​၂​၀​၁​၀ ခု​နှစ်​မှ စတင်​ကာ တစ်​လ​လျှင် (၇)ဦး​နှုန်း လှူဒါန်း​ငွေ ပေး​ပို့​ဖြစ်​ပါ​သည်။ ဆရာ​ဆရာ​မ​များ အား ရွေးချယ်​ရာ​တွင် ကျောင်း​ပြန်လည် စတင်​ဖွင့်​လှစ်​ချိန်​မှ​စ​ပြီး ​၂​၀​၀​၄ ခု​နှစ် အထိ မော်​လ​မြိုင်​ကျောင်း​တွင် လုပ်​သက် ​၃ နှစ်​ဆက်တိုက်​နှင့်​အထက် ဆရာ၊ ဆရာ​မ​များ ပါဝင်​ပြီး မူလ​သတ်​မှတ် ထား​သော တစ်​ဦး​လျှင် စ​င်္ကာ​ပူ​ဒေါ်လာ (၁​၂​၀) အစား ငွေ​လဲ​နှုန်း အတက် အကျ​ရှိ​၍ ကွာ​ခြား​မှု​များ​မ​ရှိ​စေ​ရန် မြန်မာ​ငွေ ကျပ်​တစ်​သိန်း​တိတိ ဖြင့်​ပြန်လည်​သတ်​မှတ် ပေး​ပို့​လှူဒါန်း ဖြစ်​ပါ​သည်။ ကို​စော​အောင်​ထွန်း​ဦး စ​င်္ကာ​ပူ​သို့ ပြန်လည် ရောက်​ရှိ​ပြီး​ချိန်​မှ​စ​၍ မြန်မာ​နိုင်ငံ​သို့​ငွေ​လွှဲ​ရာ​တွင် ရန်ကုန် (မ​ကေ​သီ​ထွန်း(Civil 97 မှ​တ​ဆင့်)နှင့် မော်​လ​မြိုင် (ဆရာ​မ​ဒေါ်​ဥ​မ္မာ​သူ) ထံ​သို့ အလှည့်ကျ လွှဲ​ပြောင်း ပေး​ပို့​ဖြစ်​ခဲ့​ပါ​သည်။

ထို့​အပြင် ကျန်းမာ​ရေး​အရေး​ပေါ်​ရန်​ပုံငွေ​မ​တည်ထား​ပြီး ဆရာ၊ ဆရာ​မ​များ ဆေး​ရုံ​တက်​ခြင်း​နှင့် နာ​ရေး​အ​ကူညီ​များ ပေး​ရန်​ဆုံးဖြတ်​ထား​ပါ​သည်။ တိုက်တိုက်​ဆိုင်​ဆိုင် ​၂​၀​၀​၉ ခု​နှစ် ဆရာ​ကြီး​ဦး​ဌေး​အောင်​နာ​ရေး​တွင် ဆရာ​ကြီး​အား နှမြော​တမ်း​တ ဝမ်းနည်း​စွာ​နှင့် ပေး​လှူ ဖြစ်​ခဲ့​ပါ​သည်။ ထို့​အတူ ဆရာ​မ ဒေါ်​နွယ်​နွယ်​အောင် (Civil) ဆေး​ရုံးတက်​ခြင်း​တွင်​လည်း ကူညီ​ဖြစ်​ခဲ့​ပါ​သည်။ ထို့​အတူ နှစ်စဉ်​နှစ်​တိုင်း ပို​လျှံ​သော ကျန်းမာ​ရေး​အရေး​ပေါ်​ရန်​ပုံငွေ လက်​ကျန်​ကို နောင်​နှစ် စာရင်း​တွင် ပေါင်းထ​ည့်​ကာ အဆင်သင့်​ဖြစ်​စေ​ရန်​စီမံ​ထား​ပါ​သည်။ လက်​ရှိ​အခြေအနေ​မှာ​ဖြင့် လ​စဉ်​ကောက်ခံ​ရ​ရှိ​ငွေ​နှင့် ပေး​ပို့​လှူဒါန်း​ငွေ​မှာ လုံလောက်​ရုံ​မျှ​သာ ဖြစ်​ပြီး​ရှေ့​ဆက် လှမ်း​လျှောက်​နိုင်​ဖို့ ထပ်မံ လှုံ့​ဆော်​အားပေး​ခြင်း၊ ရည်​ရွယ်​ချက်​များ​နှင့် ငွေ​ကြေး​ဆိုင်​ရာ​စာရင်း​များ မှန်​မှန်​ထုတ်ပြ​န်​ခြင်း​ဖြင့် ဆက်လက် ထိန်းသိမ်း​သွား​နိုင်​ကြ​ရန် အ​ထူး​လို​အပ်​ပါ​သည်။

အချုပ်​အနေ​ဖြင့် လောက​တွင် အ​ထူး​ဖြစ်​သော အ​န​နေ​ ၱာ၊ အ​န​န​ ၱ​ငါး​ပါး​ဝင် ဆရာ၊ ဆရာ​မ​များ​၏ ကျေးဇူး​ကို မြူ​မှုန်​တစ်​စ​မျှ​ပင်​ဖြစ်​စေ သ​ဒ္ဓါ​တရား​ထက်သန်​စွာ ဤသို့​ရိုသေ​မြတ်နိုး ပေး​ဆပ်​လှူဒါန်း​ရ​ခြင်း အကျိုး​အဖြစ် ရ​ရှိ​သော ကုသိုလ်​တရား​အား သံသရာ​တွင်​ကျင်လည်​ကြကုန်​သော လုံး​စုံ​သတ္တဝါ​တို့​အားလုံး​အားရ​ရှိ​စေ​ရန် ဝေမျှ​ပါ​၏။

ဆရာ​သခင်​ကျေးဇူးရှင်​တို့​အား​လည်း အောက်​ပါ “အာစရိယ​ဂုဏ်​အင်” ကဗျာ​ဖြင့် အဝေး​မှ​နေ​ပြီး ပူဇော်​ကန်တော့ လိုက်​ပါ​သည်။ ကျေးဇူးရှင်​ဆရာ​ဆရာ​မ​များ​အားလုံး ကိုယ်​စိတ်​နှ​ဖြာ​ကျန်းမာ​ချမ်းသာ​ကြ​ပါ​စေ။

လေးစား​စွာ​ဖြင့်

စ​င်္ကာ​ပူ​ရောက် မော်​လ​မြိုင်GTI/GTC ကျောင်း​သူ ကျောင်းသား​ဟောင်း​များ​အဖွဲ့(ကိုယ်စား)

(၂​၀​၁​၀ ခု​နှစ် ဩဂုတ်​လ)

“အာစရိယ​ဂုဏ်​အင်”

ဆရာ​သင်​ပြ၊ ထို​သိ​ပ္ပ​ကြောင့်

ဘဝ​အသိ၊   ဒို့​ရ​ရှိ​ခဲ့။

ဆရာ​ဆုံးမ၊ ဩဝါဒ​ကြောင့်

ဘဝ​ရေးရာ၊ ဒို့​လိမ္မာ​ခဲ့။

ဆရာ​ညွှန်​ကြား၊ ထို​စကား​ကြောင့်

ဒို့​များ​ထံ​ဝယ် ပညာ​ကြွယ်​ခဲ့။

ဆရာ​ထိုထို၊ ထို​ပု​ဂ္ဂိ​လ်​တို့

ခု​လို​ချိန်​ခါ၊ အိုမင်း​လာ​ပြီ

ဇရာ​လွှမ်းမိုး၊ ဤ​ချိန်​မျိုး​ဝယ်

ရှိခိုး​ကန်တော့​ကြ​ပါ​စို့။

ဆရာ​သေ​မှ၊ ရွှေမ​ချ​နှင့်၊

ဆရာ​သေ​မှ၊ မ​တမ်း​တ​နှင့်၊

ဆရာ​သေ​မှ၊ မ​ငို​ကြ​နှင့်၊

ဆရာ​မ​သေ​ခင်၊ ကိုယ်​သေ​လျှင်​လည်း

တွေ့​မြင်​ကြ​ဖို့၊ မ​ရှိ​တော့။

ဒို့​များ​ဆရာ၊ အချို့​မှာ​လည်း

သွား​နှင့်​ရှာ​ပြီ၊ တမလွန်​ဆီ​သို့။

သို့​ဖြစ်​တာ​ကြောင့်၊

ဆရာ​သခင်၊ အသက်​ရှင်​ခိုက်၊

မြင်​နိုင်​တွေ့​နိုင်၊ ပြောဆို​နိုင်​ခိုက်၊

ရယ်​နိုင်​မော​နိုင်၊ ခံစား​နိုင်​ခိုက်၊

ဦးခိုက်​ကန်တော့​ကြ​ပါ​စို့။     ။    (ကဗျာ​စာဆို၊ မြန်​မာ့​အ​သံ​ဦး​ကျော်​ဦး)

No comments:

Post a Comment