Friday, 26 November 2010

နိုဝင်ဘာ​လ​နှင့် ဒီဇင်ဘာ​လ​အတွက်​ငွေ​လွှဲ​ပြီးစီး


 

 ပြီး​ခဲ့​သော နိုဝင်ဘာ ​၁​၇ ရက် ဗုဒ္ဓဟူးနေ့၊ မန​န္ဒာ​၏​နေအိမ်​တွင် ပြုလုပ်​ခဲ့​သော လ​ပတ်​အစည်းအဝေး ဆုံးဖြတ်ချက်​အရ နိုဝင်ဘာ​လ​အတွက် ကျောင်း​အုပ်​ဆရာ​ကြီး (၇) ဦး​ကို ကန်တော့​ရန် ရွေးချယ်​ဖြစ်​ခဲ့​ပါ​သည်။ ထိုသို့ ရွေးချယ်​ခဲ့​သော ကျောင်း​အုပ်​ဆရာ​ကြီး​များ​မှာ အောက်​ပါ​အတိုင်း ဖြစ်​ပြီး မြန်မာ​နိုင်ငံ​သို့​အလည်​ပြန်​ရန်​အ​စီစဉ်​ရှိ​သော ကို​စော​အောင်​ထွန်း​ဦး​မှ​နေ​၍ ကိုယ်တိုင်​သွား​ရောက် ကန်တော့​ငွေ​ပေး​အပ်​မည်​ဖြစ်​ပါ​သည်။

(၁) ဦး​ကျော်​ဝင်း​သန်း
(၂) ဦး​ဝင်း​မော်​ထွန်း
(၃) ဦး​အောင်း​မိုး
(၄) ဦး​မြင့်​ဌေး
(၅) ဦး​ဌေး​ဝင်း
(၆) ဦး​မျိုး​လွင်
(၇) ဦး​သန်း​ဆွေ

အခု​လာ​မည့် ဒီဇင်ဘာ​လ(၁​၂) ရက်​နေ့၊ ရန်ကုန်မြို့​ရွှေတိဂုံ​ဘုရား​တောင်​ဖက်​မု​ဂ်​တွင် ကျင်းပ​ပြုလုပ်​မည်​ဖြစ်​သော ပ​ဥ္စ​မ​အကြိမ်​မြောက် ဆရာ​ကန်တော့​ပွဲ​သို့ စ​င်္ကာ​ပူ​ရောက်​ကျောင်းသား/သူ​ဟောင်း​များ​အဖွဲ့​မှ​နေ​၍ မြန်မာ​ငွေ​နှစ်​သိန်း​တိတိ​ကို ပေး​လှူ​သွား​ရန် ဆုံးဖြတ်​ထား​ပါ​သည်။

ထို့​အပြင် ဒီဇင်ဘာ​လ​အတွက် ဆရာ​ဆရာ​မ​များ​ကို​လည်း တစ်​ပါ​တည်း အောက်​ပါ​အတိုင်း​ရွေးချယ်​ဖြစ်​ခဲ့​ပြီး ဒီဇင်ဘာ​လ လ​ပတ်​အစည်း​ဝေး​ကို​မူ ပြုလုပ်​ရန်​မ​လို​ဟု ဆုံးဖြတ်​ခဲ့​ကြ​ပါ​သည်။
(၁) ဒေါ်​ကျင်​လွ​မ် (Academic)
(၂) ဒေါ်​သင်း​သင်း​အေး (Academic)
(၃) ဦးမင်း​သိန်း​ကြွယ် (Civil)
(၄) ဒေါ်​လွင်​လွင်​ဟန် (EP)
(၅) ဒေါ်​ရွှေ​စင်​ဝင်း (EC)
(၆) ဦး​ထင်​အောင် (MT)
(၇) ဦး​စော​အုန်း​အုန်း (MT)

ထို​ ့​ကြောင့် ယခု​လ​အတွက်​စုစုပေါင်း ငွေ​လွှဲ​ပမာဏ မြန်မာ​ကျပ်​ငွေ ​၁​၆ သိန်း​တိတိ​ကို စ​င်္ကာ​ပူ ပင်​နီ​ဇွဲ​လား​ပ​လာ​ဇာ​ရှိ ရွှေ​ရတနာ​ငွေ​လွှဲ​ဌာန​မှ​တ​ဆင့် ​၂​၅ ရက်​နေ့​တွင် လွှဲ​ပြောင်း​ပြီး​ဖြစ်​ပါ​သည်။ ​၂​၅ ရက်​နေ့​ငွေ​လွှဲပေါက်​ဈေး​မှာ ​၆​၉​၀ ဖြစ်​ပါ​သည်။

ယခု​တစ်​ကြိမ် ကို​စော​အောင်​ထွန်း​ဦး မြန်မာ​နိုင်ငံ​ပြန်​၍ ဆရာ​ဆရာ​မ​များ​ထံ ကိုယ်တိုင်​သွား​ရောက်​ရာ​တွင် အဖွဲ့​မှ​ရေးသား​ဖြန့်​ဝေ​ထား​သော လက်​ကမ်း​စာစောင်​နှင့် စ​င်္ကာ​ပူ​အဖွဲ့​ရဲ့​လှုပ်ရှား​မှု​မှတ်တမ်း​ပုံ​ရိပ်​များ ​ဗွီ​ဒီ​ယို​ကို​ပါ ဆရာ​ဆရာ​မ​များ​လက်​ထံ ပေး​အပ်သွား​မည်​ဖြစ်​ကြော​င်း သိရှိ​ပါ​သည်။

မှတ်ချက်။  ။ နိုဝင်ဘာ Balance Sheet ကို​မ​ကြာ​မှီ ဖြန့်​ဝေ​ပေး​သွား​ပါ​မည်။

No comments:

Post a Comment