Thursday, 24 February 2011

ဖေဖော်ဝါရီ​လ​ငွေ​လွှဲ​ချ​လံ


 

ဖေဖော်ဝါရီ​လ အစည်းအဝေး​ကို​တော့​ဖြင့် မြန်မာ​နိုင်ငံ​အလည်​ပြန်​သူ​များ​ခြင်း၊ လူ​မ​စုံ​ခြင်း စ​သည့် အကြောင်း အမျိုး​မျိုး​ကြောင့် မ​ပြုလုပ်​ဖြစ်​ခဲ့​ပဲ လက်​ကျန် ဆရာ​ဆရာ​မ စာရင်း​ထဲ​မှ ရန်ကုန်​နယ်​ကို ဦးစားပေး ရွေး​ပြီး ရန်ကုန်​ရှိ မ​ကေ​သီ​ထွန်း​ထံ​သို့ ကန်တော့​ငွေ လွှဲ​ပြောင်း​ပေး​ပို့​ဖြစ်​ခဲ့​ပါ​သည်။

ထို့နောက် ရန်ကုန်​သို့ အကြောင်းကြား​ရာ​တွင် ငွေ​မ​လွှဲ​ဖြစ်​တာ​ကြာ​ပြီ​ဖြစ်​သော​ကြောင့် မ​ကေ​သီ​ထွန်း​မှ အံ့​အား​သင့်​သွား​ပြီး " စ​င်္ကာ​ပူ​အဖွဲ့​လှုပ်ရှား​မှု​များ ရပ်တန့်​သွား​ပြီ​ဟု ထင်မှတ်​ခဲ့​ကြော​င်း"   မေးမြန်း​၍ ပြီး​ခဲ့​သော နိုဝင်ဘာ​လ​မှ ဇန်နဝါရီ​လ​အထိ မြန်မာ​နိုင်ငံ​လူ​ကြုံ ရှိ​၍ သူမ​ထံ   ငွေ​မ​လွှဲ​ဖြစ်​ခဲ့​ကြော​င်း  ပြန်လည် ရှင်း​ပြ​ခဲ့​ပါ​သည်။


ငွေ​လွှဲ​ချ​လံ​တွင် တွေ့​မြင်​ကြ​ရသ​ည့်​အတိုင်း ဖေဖော်ဝါရီ​လ​အတွက် ကန်တော့​ခံ ဆရာ၊ ဆရာ​မ​များ​မှာ-
၁။ ဦး​စော​ဖော​အောင် (Academic)
၂။ ဒေါ်​အေးအေး​ကြည် (Academic)
၃။ ဦး​ပေါ်​ထွန်း (Civil)
၄။ ဒေါ်​သစ်​သစ်​စိုး (Civil)
၅။ ဦး​မောင်​မောင်​လူ​သန့်(EC)
၆။ ဒေါ်​မိမိ​စန်း (MP)
၇။ ဦး​ခင်​မောင်​လတ် (MT)
(မှတ်ချက်။ ။ ငွေ​လွှဲ​ချ​လံ​ထဲ​တွင် ဦး​မောင်​မောင်​သန်း​အဖြစ် မှားယွင်း​ရေးသား​မိ​ပါ​ကြော​င်း အသိ​ပေး​အပ်​ပါ​သည်။)

No comments:

Post a Comment