Saturday, 19 March 2011

မွေး​နေ့​ရှင်​များ​သော မတ်​လ၊ မင်္ဂလာဆောင်​သ​တင်း​နှင့် နှစ်​ပတ်လည် အစည်း​အဝ

မတ်​လ​ကတော့​ဖြင့် နှစ်စဉ်​နှစ်​တိုင်း​လိုလို ထူး​ထူးခြား​ခြား​လေး​ဖြစ်​နေ​ပါ​တယ်။ ကျွန်တော်​သတိ​တ​ရ​နဲ့ ပြန်​ရှာဖွေ​ကြည့်​လိုက်​တော့ " အမှတ်တရ မတ် ​၂​၂" ဆို​တဲ့ မန​န္ဒာ​ရေး​တဲ့ ပို့​စ်​လေး ပြန်​တွေ့​မိ​တယ်။

(မ​ဖတ်​ရ​သေး​သူ​များ ဒီ​နေရာ​မှာ သို့ဒီ​နေရာ​မှာ ဖတ်​ကြည့်​လို့​ရ​ပါ​တယ်။)


ဒီ​နှစ်​လည်း​ပဲ ပုံ​မှန်​မွေး​နေ့​ရှင်​ဖြစ်​သော မ​ကြေးမုံ​ဝင်း၊ မ​ဇာ​ဇာ​ထွန်း၊ မ​ရည်​မွန်​သောင်း၊ ကို​သောင်း​ဆွေ​ဝင်း တို့​အတွက် အမှတ်တရ​အပြင် ကျွန်တော်​တို့​ရဲ​  ့​အဓိက​အဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​သော ကို​နိုင်​ဝင်း (EC, 99) ရဲ့​၁​၂ ရက်​နေ့​မှာ လုပ်​ဖြစ်​ခဲ့​တဲ့ မင်္ဂလာဆောင်​ပါရှိ​ခဲ့​တော့ သက်ဆိုင်​သူ​တွေ​အတွက် ပို​လို့​အမှတ်ရ​စရာ​ဖြစ်​နေ​မှာ သေချာ​ပါ​တယ်။

(ရန်ကုန်​မှာ​ရှိ​တဲ့ ကျွန်တော့​သူငယ်ချင်း ဟိန်း​ထက်(MP 99)လည်း မတ်​လ ​၃ ရက်​နေ့​မွေး​တယ်။ စကားချပ်။ ။ )

နောက်​တစ်​ခါ အောက်​က message လေး​ကို​တွေ့​တော့ ဒီ​နှစ် မတ်​လ​ကတော့ ပို​ပြီး​အ​ဓိ​ပ္ပါ​ယ်​ရှိ​နေ​ပါ​လား​လို့​တွေး​မိ​တယ်။
" ခု​လာ​မဲ့ စနေနေ့​ကြ​ရင် နှစ်​ပါ​တ်​လည် အစည်းအဝေး​လုပ်​မှာ​မို့​လို့ အချိန်​ရ​မယ်​ဆို​ရင် လာ​ခဲ့​ပါ ဖိတ်​ပါ​တယ်။ ညစာ​နဲ့ တည်​ခင်း​မှာ​ပါ၊
ဒီ​တ​ခါ ဗမာ​ထမင်း​ဟင်း။ "
လိပ်စာ​ကတော့

Htwe Soe Han+Zar Zar Htun
Block 343, #08-43,
Choa Chu Kang Loop
S680343
HSH : 98517127 , ZZH : 98581104



ဒီ​တစ်​ခေါက်​နှစ်​ပတ်လည် အစည်းအဝေး​က Donation Reviews အပြင် မွေး​နေ့​အထိမ်းအမှတ်၊ မင်္ဂလာဆောင်​အထိမ်းအမှတ်​နဲ့ လာ​မည့် ဧပြီ​လ​မှာ ပြုလုပ်​မယ့် သင်္ကြန်​စ​တု​ဒီ​သာ အ​စီ​အစဉ်​အတွက် ​ညှို​နှို​င်း​အစည်းအဝေး​လည်း​ဖြစ်​တဲ့​အတွက် ကြိုတင်​ပြီး ပျော်​ရွှင်​ဝမ်းသာ​နေ​မိ​ကြော​င်း ထုတ်ဖော်​ရေးသား​လိုက်​ရ​ပါ​တယ်။

လေးစား​စွာ​ဖြင့်.....
Min Thu (EP, 99)

No comments:

Post a Comment