Monday, 21 March 2011

မတ်​လ ကန်တော့​ခံ​ဆရာ၊ဆရာ​မ​များ​နှင့် ငွေ​လွှဲ​ချ​လံ

 
မတ်​လ လ​ပတ်​အစည်းအဝေး​ကို ​၁​၉-၀​၃-၂​၀​၀​၁​၁ နေ့​ရက် ညနေ​ပိုင်း၊ ကို​ထွေး​စိုး​ဟန်၊ မ​ဇာ​ဇာ​ထွန်း​၏ နေအိမ်​တွင် ပြုလုပ်​ဖြစ်​ခဲ့​ပါ​သည်။ အိမ်ရှင် ကို​ထွေး​စိုး​ဟန်​နှင့် မ​ဇာ​ဇာ​ထွန်း​တို့​အပြင် ပူပူ​နွေး​နွေး သတို့သား ကို​နိုင်​ဝင်း(EC)ရဲ့ တာဝန်​ယူ ဧည့်ခံ​ကျွေးမွေး​မှု​နဲ့​အတူ အစည်းအဝေး​ကို ညနေခင်း​တွင် ပျော်​ရွှင်​စွာ​ဖြင့် ကျင်းပ​ဖြစ်​ခဲ့​ပါ​သည်။

ပုံ​မှန်​အ​စီ​အစဉ်​အတိုင်း ကန်တော့​ခံ ဆရာ၊ဆရာ​မ​များ​ရွေးချယ်​ခြင်း၊ လ​စဉ်​ကန်တော့​ငွေ​များ၊ ငွေ​စာရင်း​များ စုဆောင်း​တင်ပြ​ခြင်း​တို့​အပြင် သင်္ကြန်​မုန့်​လုံး​ရေ​ပေါ်​အ​စီ​အစဉ်​နှင့် တူညီ​ဝတ်​စုံ​များ​အတွက် တိုင်ပင်​ဆွေးနွေး​ခဲ့​ကြ​ပါ​သည်။
မတ်​လ​အတွက် ကန်တော့​ခံ​ဆရာ၊ဆရာ​မ​များ​ကို အောက်​ပါ​အတိုင်း ရွေးချယ်​ဖြစ်​ခဲ့​ပါ​သည်။

၁။ ဒေါ်​ခင်​လေး​ပိုင် (Academic)

၂။ ဒေါ်​ဥ​မ္မာ​သူ (Civil)

၃။ ဦး​ခင်​မောင် (EP)

၄။ ဦး​ကျော်​တင်​ဆန်း (EP)

၅။ ဒေါ်​မြင့်​မြင့်​ကြူ (MP)

၆။ ဦးမင်း​ဖုန်း​အောင် (MP)

၇။ ဦး​အေး​ကျော် (MT)

ငွေ​လွှဲ​တာဝန်​ခံ​အဖြစ် ကို​နိုင်​ဝင်း​နှင့် ကို​စော​အောင်​ထွန်း​ဦး​တို့​က တာဝန်​ယူခဲ့​ပြီး မြန်မာ​ကျပ်​ငွေ (၇)သိန်း​တိတိ​ကို မော်​လ​မြိုင်​ရှိ ဒေါ်​ဥ​မ္မာ​သူ​ထံ​သို့ လွှဲ​ပြောင်း​ပေး​ပို့​ပေး​ခဲ့​ပါ​သည်။

အထက်​ပါ ဆရာ၊ဆရာ​မ​များ​အ​ထဲ​မှ ဦး​အေး​ကျော်​မှာ လက်​ရှိ နေပြည်တော်​တွင် တာဝန်​ထမ်း​ဆောင်​လျှ​က်​ရှိ​သော MT ဌာန​မှ ဆရာ​တစ်​ဥိး​ဖြစ်​ပါ​သည်။ နောက်ထပ်​တစ်​ဦး​ဖြစ်​သော EP ဌာန​မှ ဆရာ​ဦး​ကျော်​တင်​ဆန်း​အား လုပ်​သက်​ပြန်လည်​အတည်ပြု​ရန် လို​အပ်​နေ​ကြော​င်း သိရှိ​ရ​ပါ​သော်လည်း ငွေ​လွှဲ​စာရင်း​တွင်​ပါဝင်​ပြီး ဖြစ်​သ​ဖြင့် အများ​သဘောတူ​ညီ​ချက်​ဖြင့် ကန်တော့​ငွေ​ပေး​ဖြစ်​ခဲ့​ပါ​သည်။ သို့ရာတွင် လာ​မည်​နှစ်​တွင် ကန်တော့​ခံ​စာရင်း​ပါ​ရန်၊ မ​ပါ​ရန်​မှာ​မူ လုပ်​သက်​အတည်ပြု​ပြီး​မှ ပြန်လည်​ဆုံးဖြတ်​မည် ဖြစ်​ပါ​သည်။

မတ်​လ​အတွက်​ငွေ​စာရင်း​ရှင်း​တမ်း​ကို​ဖြန့်​ဝေ​ပြီး​ဖြစ်​ပြီး မ​ရ​ရှိ​သေး​သူ​များ ဒီ​နေရာ​မှ ဒေါင်း​လုပ်​ရ​ယူ​နိုင်​ပါ​သည်။

No comments:

Post a Comment