Thursday, 28 April 2011

၂​၀​၁⁠၁​ခု​နှစ် မြန်မာ​ရိုးရာ သင်္ကြန်​ပွဲ(စင်္ကာ​ပူ)

 
ချစ်​သော သူငယ်ချင်း​များ..
၁​၀၊ ​၄၊ ​၂​၀​၁​၁ တနင်္ဂနွေနေ့၊ တို​ပါးရိုး ဘုန်း​တော်​ကြီး​ကျောင်း​၌ ပြုလုပ်​ခဲ့​သော မြန်မာ​နှစ်​သစ်​ကူး နှင့် စတုဒိသာ​ပွဲ တွင် ကျွန်တော်​တို့ မွန်​ဂျီ​တီ​အိုင်​ကျောင်း​မှ မုန့်​လုံး​ရေ​ပေါ် ကို ပါဝင်​ဆင်​နွဲ လှူဒါန်း​ခဲ့​ပါ​သည်။ ထို့​အတွက် ပါဝင်​လှူဒါန်း ထည့်​ဝင်​ကြ​သော အလှူ​ငွေ​များ​မှ ပို​ငွေ စင်​ကာ​ပူ​ဒေါ်လာ ငါးရာ​တိတိ (S$500) အား ပြီး​ခဲ့​သော စနေနေ့ (၂​၃၊ ​၄၊ ​၂​၀​၁​၁) ကို​ထွေး​စိုး​ဟန် + မ​ဇာ​ဇာ​ထွန်း တို့​၏ အိမ်​၌ ပြုလုပ်​ခဲ့​သော အစည်းအဝေး ဆုံးဖြတ်ချက်​အရ.. တို​ပါးရိုး ဘုန်း​တော်​ကြီး​ကျောင်း​တွင် နှစ်​သစ်​ကူး စတုဒိသာ အလှူတော်​ငွေ အဖြစ် လှူဒါန်း​ပြီး​ကြော​င်း အသိ​ပေး​အကြောင်းကြား​အပ်​ပါ​သည်။

နိုင်​ဝင်း - ​အီး​စီ (၉​၉)
အထက်​ပါ ကို​နိုင်​ဝင်း​ရဲ့​စာ​ကို ပြီး​ခဲ့​တဲ့ ဧပြီ​လ ​၂​၇ ရက်​နေ့​တွင်​လက်ခံ​ရ​ရှိ​ပြီး၊ မ​ဇာ​ဇာ​ထွန်း​ရဲ့​သင်္ကြန်​ငွေ​စာရင်း​ရှင်း​တမ်း​ကို ထို​နေ့​တွင်​ပင် နောက်ဆက်တွဲ​ရ​ရှိ​ခဲ့​ပါ​တယ်။ ကျွန်တော် လိပ်စာ​တွေ​လိုက်​ကြည့်​လိုက်​တော့ လူအ​နည်း​စု​ကို​သာ ဖြန့်​ထား​တာ​တွေ​လို့ အခု​လို ထပ်မံ ဝေမျှ​လိုက်​ခြင်း​ဖြစ်​ပါ​တယ်။ (ဒီ​နေရာ​မှာ ကျွန်​တော့်​အနေ​နဲ့ မတ်​လ​ငွေ​စာရင်း​ရှင်း​တမ်း၊ ​၂​၀​၁​၀ နှစ်​ချုပ်​နဲ့ ဧပြီ​အစည်းအဝေး​မှတ်တမ်း​များ ဖြန့်​ဝေ​ဖို့​ကျန်​ရှိ​နေ​သေး​ကြော​င်း ဝန်ခံ​အပ်​ပါ​တယ်။ စကားချပ်။  ။)

သင်္ကြန်​အတွက် စုစုပေါင်း​အလှု​ငွေ စ​င်္ကာ​ပူ​ဒေါ်လာ ​၇​၀​၄ ရ​ရှိ​ခဲ့​ပြီး စု​စု​ေါ​င်း စ​င်္ကာ​ပူ​ဒေါ်လာ ​၂​၀​၇.​၀​၅ ကုန်ကျ​ခဲ့​ပါ​တယ်။ ထို​အ​ထဲ​တွင် ထန်းလျက်​ဖိုး အလှု​ငွေ​နှင့် အုန်းသီး​ဖိုး​အလှု​ငွေ မ​ပါရှိ​ပါ။ အသေး​စိတ်​ကို ဒေါင်း​လုပ်​ဖိုင်တွင် ကြည့်​ရှု​နိုင်​ပါ​တယ်။ ပို​ငွေ​ကို တို​ပါးရိုး​ဘုန်းကြီး​ကျောင်း စ​တု​ဒီ​သာ​အလှု​ငွေ​အဖြစ် ထပ်မံ​ထည့်​ဝင်​လှု​ဒါ​န်း​လိုက်​ပါ​တယ်။ ငွေ​လက်ခံ​ဖြတ်​ပိုင်း​ကို ဒေါင်း​လုပ်ကြည့်​ရှု​နိုင်​ပါ​တယ်။

ယခု​နှစ် သင်္ကြန်​မှာ လုပ်​အား​ဒါန၊ ငွေ​အား​ဒါန အဖက်​ဖက်​က ပါဝင်​အားပေး ကူညီ​ကြ​သော ညီ​အစ်ကို မောင်​နှမ​များ​အားလုံး​ကို အ​ထူး​ပဲ ကျေးဇူးတင်​ရှိ​တယ်။ အားလုံး​ပဲ ပင်ပန်း​ခဲ့​ကြ​ပေ​မယ့် ပျော်​ရွှင်​စွာ​ပြီး​ဆုံး​ခဲ့​လို့ ကျေနပ်​နိုင်​ကြ​မယ်​လို့​လည်း မျှော်လင့်​ပါ​တယ်။
ဓါတ်​ပုံ​အ​လ်​ဘ​မ် upload လုပ်​ပြီး​ပြီ​ဖြစ်​လို့ အောက်​ပါ​လင့်​တွင် သွား​ရောက် ကြည့်​ရှု​နိုင်​ပါ​ကြော​င်း လေးစား​စွာ​အသိ​ပေး​အပ်​ပါ​တယ်။

April 10, 2011 Thin Gyain Festival

https://picasaweb.google.com/admin.mongti/April102011ThinGyainFestival#

နောက်​တစ်​ခု​ပြော​ချင်​တာ​က ပြီး​ခဲ့​တဲ့​အစည်းအဝေး​မှာ လူအ​နည်း​ငယ်​ပဲ လာ​ရောက်​နိုင်​ခဲ့​တဲ့​အကြောင်း​နဲ့ ကျွန်တော်​တို့​အဖွဲ့​ရဲ့ လ​စဉ်​အလှု​ငွေ လျော့​နည်း​လာ​တဲ့ အကြောင်း ဖြစ်​ပါ​တယ်။ ပုံ​မှန်​အစည်း​ဝေး​လာ​တက်​ဖြစ်​တဲ့​သူ​တွေ​ကို လေးစား​သ​လို မ​အား​မ​လပ်​လို့ မ​လာ​ရောက်​နိုင်​ပေ​မယ့် တက်​နိုင်​တဲ့​ဖက်​က စိတ်​အား ငွေ​အား ပါဝင်​ကူညီ ပေး​သူ​တွေ​ကို​လည်း ကျေးဇူး​အ​ထူး​တင်​ပါ​တယ်။ ဒီ​အဖွဲ့​ဟာ မိမိ​တို့​ကိုယ်ကျိုး၊ နာမည်​ကို တွက်​ပြီး​ဖွဲ့​တည်​ခဲ့​တာ​မဟုတ်​သ​လို တစ်​ဦး​တစ်​ယောက်​ကောင်း​နဲ့ လည်ပတ်​နေ​သော အဖွဲ့​လေး​လည်း မဟုတ်​ပါ​ဘူး။ စေတနာ​တူ၊ စိတ်​တူ၊ ကိုယ်​တူ၊ ညီ​ရွယ်​ချက်​တူ သူငယ်ချင်း​တွေ​နဲ့ ဖွဲ့​စည်း​ထား​ပြီး ကျွန်တော်​တို့​ရဲ့ စည်း​လုံး​မှု​နဲ့​စေတနာ​ကို ပြုလုပ်​ခဲ့​သော လှုပ်ရှား​မှု​တွေ​မှာ မျက်​မြင်​တွေ့​မြင်​နိုင်​ပါ​တယ်။

တကယ်​တော့ အရင်း​တည်​တာ​က ကျေးဇူးရှင်​ဆရာ​ဆရာ​မ​များ​အား တတ်နိုင်​သ​မျှ​ကျေးဇူးဆပ်​ရန်​ဆို​တဲ့ စိတ်​စေတနာ​နဲ့​ဖြစ်​ပြီး အခု​စ​င်္ကာ​ပူ​မှာ ရောက်​ရှိ​နေ​ကြ​သော တစ်​ခြား​အဖွဲ့​များ​ကြား​ထဲ​မှာ အားကျ​စရာ" မော်​လ​မြိုင် GTI/GTC ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ" ဆို​တဲ့ Icon တစ်​ခု ပိုင်ဆိုင်​တဲ့ အခြေ​နေ​ရောက်​နေ​တယ် ဆို​တာ သင်္ကြန်​လို​ပွဲ​မှာ တွေ့​မြင်​နိုင်​ကြ​မှာ​ပါ။ ကျွန်တော်​တို့ ဒီ​မှတ်တမ်း​တွေ ဆက်လက် ထိန်းသိမ်း​ကြ​ဖို့​လို​တယ်။ ဒီ​စိတ်​ဓါတ်​တွေ မ​ပျောက်ပျက်​အောင် ဆက်လက် ထိန်းသိမ်း​ထား​ဖို့​လို​တယ်။ ဒါ​မှ ကျွန်တော်​တို့​ရဲ့ ကျေးဇူးရှင်​ဆရာ၊ ဆရာ​မ​များ​အား ကန်တော့​ငွေကူ​ညီ​ထောက်​ပံ​ခြင်း​ဆို​တဲ့ ဒီ​အစဉ်​အစဉ်​လေး လွယ်​လွယ်ကူ​ကူ ရပ်တန့်​မ​သွား​မှာ​ဖြစ်​ပါ​တယ်။ ကျွန်တော်​တို့​အားလုံး (မြန်မာ​ပြည်​က​ဖြစ်​ဖြစ်၊ ပြည်​ပ​က​ဖြစ်​ဖြစ်) ကိုယ့်​ဘဝ​ကိုယ် ရှင်​သန်​လျှောက်​လှမ်း​ရင်း မ​အား​မ​လပ်​တဲ့​ကြား​ထဲ​က လူ​ပီ​သ​အောင် အတ္တဟိတ၊ ပရဟိတ​ညီမျှ​ဖို့ တတ်နိုင်​သ​မျှ  ကြိုးစား​အားထုတ်​သွား​ကြ​ပါ​စို့​လို့  လေးစား​စွာ​ဖြင့်  တိုက်တွန်း​လိုက်​ပါ​တယ်။

No comments:

Post a Comment