Thursday, 26 May 2011

မြို့ပြ​ဌာန ဆရာ​မဒေါ်​နွယ်⁠နွယ်​အောင် နာ​ရေး​သ​တင်း


 

မော်​လ​မြိုင် GTI/GTC ကျောင်း၊ မြို့ပြ​ဌာန​မှ ဆရာ​မ ဒေါ်​နွယ်​နွယ်​အောင် ရုတ်​တရက်​ဆုံးပါး​သွား​ကြော​င်း ရန်ကုန်​မှ သတင်းရ​ရှိ​ပါ​တယ်။ ဆရာ​မ​သည် စက်​မှု​ဌာန​မှ ဆရာ​ဦး​မိုး​ဇော်​ထွန်း​၏ ဇနီး​ဖြစ်​ပြီး ယနေ့​ညနေ ရန်ကုန်​နေအိမ်​တွင်​ပင် ဆုံးပါး​သွား​ခြင်း​ဖြစ်​ရာ မနက်​ဖြန်​တွင် သု​ဿ​န်​သို့(အသုဘ)ပို့ဆောင်​မည်​ဖြစ်​ကြော​င်း သိရှိ​ရ​ပါ​တယ်။

မော်​လ​မြိုင် GTI/GTC ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ​အဖွဲ့(စ​င်္ကာ​ပူ) အနေ​ဖြင့် ကျန်းမာ​ရေး​ရန်​ပုံငွေ​မှ ပြီး​ခဲ့​သော ​၂​၀​၁​၀ ဘတ်ဂျက်​နှစ်​တွင် ဆေး​ရုံး​ကု​သ​စရိတ်​ကူ​ငွေ နှစ်​သိန်း​ကို ပေး​ပို့​ကူညီ​ခဲ့​ပါ​သည်။ ယခု​တ​ဖန် နာ​ရေး​အလှု​ငွေ နှစ်​သိန်း​ကျပ်​တိတိ​ကို မ​ကေ​သီ​ထွန်း​မှ​တ​ဆင့် ထပ်မံ​ပေး​ပို့​ကူညီ​သွား​မည်​ဖြစ်​ပြီး မြို့ပြ​ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ၊ ဆရာ​မ​တပည့်​များ​နေ​ဖြင့်​လည်း ကူ​ငွေ​ထပ်မံ​ကောက်ခံ​နေ​ကြော​င်း​သိရှိ​ရ​ပါ​တယ်။

စ​င်္ကာ​ပူ​ရောက် မော်​လ​မြိုင် GTI/GTC ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ​အဖွဲ့​အနေ​ဖြင့် ကျေးဇူးရှင်​ဆရာ​မ ကောင်းမွန်​ရာ​ဘဝ​ကို စိတ်ချ​မ်း​သာ​စွာ​ရာ​က်​ရှိ​ရန် ဆု​မွန်​ကောင်း​တောင်း​ပေး​အပ်​ပါ​တယ်။

ကျန်​ရစ်​ခဲ့​သော ဆရာ၊ မိသား​စု​နှင့်​အတူတကွ ထပ်တူ​ထပ်မျှ ကြေကွဲ​ဝမ်းနည်း​စွာ​ဖြင့်.......

အားလုံး​ရဲ့​ကိုယ်စား

Admin

Mon GTI/GTC ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ​အဖွဲ့(စ​င်္ကာ​ပူ)

No comments:

Post a Comment