Saturday, 28 May 2011

မြန်မာ​ပြည်​တွင်း အလုပ်​ရှာ​လို​သူ​များ​အတွက် ၀က်ဘ်​ဆိုက်​သစ်​တစ်​ခု စတင်​လွှင့်​တင်


 

အလုပ်​ရှာ​လို​သူ​များ ကိုယ်တိုင် မိမိ​လုပ်ကိုင်​လို​သည့် အလုပ်​နှင့် ကိုယ်​ရေး​အကျဉ်း​များ​အား တင်​ထား​နိုင် သည့် www.myanmarjobsearch. com   ဝက်​ဘ်​ဆိုက်​သစ်​အား မေ​လ ​၂​၀ ရက်​နေ့​၌ စတင်​လွှင့်​တင်​ခဲ့​သည် ဟု Media Laneမှ သိ​ရသ​ည်။

အ​ဆို​ပါ​ဝက်​ဘ်​ဆိုက်​တွင် အလုပ်​ရှာ​လို​သူ​ဘက်​မှ ဝက်​ဘ်​ဆိုက်​တွင်း ဝင်​ရောက်​၍ register ပြုလုပ်​ပြီး မိမိ​လုပ်ကိုင်​လို​သည့် အလုပ်အကိုင်​နှင့် ကိုယ်​ရေး​အကျဉ်း​အား အခ​မဲ့ တင်​ထား​နိုင်​သည်​ဟု သိ​ရသ​ည်။



“ ဒီ myanmarjobsearch ဝက်​ဘ်​ဆိုက်​ကို မေ​လ ​၂​၀ ရက်​နေ့​မှာ စတင်​ကျင်းပ​တဲ့ The 7th ICT Exhibition  ပွဲ​နေ့​မှာ စ​လွှင့်​ခဲ့​တာ​ပါ။ ဒီ ဆိုက်​က အလုပ်​ရှာ​ချင်​တဲ့​သူ​တွေ ဘက်​က​ပဲ ဝင်​တင်​လို့​ရ​တဲ့​ဆိုက်​ပါ။ အလုပ်​ရှင်​ဘက်​က ဝင်​တင်​လို့ မ​ရ​ပါ​ဘူး။ အလုပ်​ရှာ​ချင်​တဲ့​သူ​က ဝက်​ဘ်​ဆိုက်​ထဲ​ဝင်​ပြီး register  ဝင်​လုပ်​ရ​ပါ မယ်။ ပြီး​မှ​ကိုယ်​လို​အပ်​တဲ့ position နဲ့ ကိုယ်​ရေး​အကျဉ်း​ကို ဝင်​တင်​ထား​ရ​မှာ​ပါ။ အလုပ်​ရှင်​ဘက်​က​လည်း သူ​လို​အပ်​တဲ့ အရည်အချင်း​ရှိ​သူ​ကို စိတ်​ကြိုက်​ဝင်​ရှာ​နိုင်​ပါ​တယ်။ အလုပ်​ရှာ​ချင်​တဲ့ ဘယ်​သူမ​ဆို register  လုပ်​ပြီး အခ​မဲ့​ဝင်​တင်​ထား​လို့ ရ​ပါ​တယ်။ အလုပ်​ရှင်​ဘက်​ကတော့ သူ​လိုချင်​တဲ့​သူ​တွေ့​လို့ အင်တာဗျူး ချင်​တယ်​ဆို​ရင်​တော့ Media Lane ကို ဆက်​သွယ်​အကြောင်းကြား ပေး​ရ​မှာ​ပါ။ လောလောဆယ်​မှာ အလုပ်​ရှင် ဘက်​ကို​လည်း အခ​မဲ့​စီစဉ်​ပေး​ထား​ပါ​တယ်​ဓ​ဟု Media Lane မှ တာဝန်ရှိ သူ​တစ်​ဦး​က ပြော​ကြား​သည်။

myanmar jobsearch ဝက်​ဘ်​ဆိုက်​တွင် အလုပ်အကိုင်​များ​အား အမျိုး​အစား​အလိုက် ခွဲ​ခြား​ပေး​ထား​ပြီး ယင်း​ဝက်​ဘ်​ဆိုက်​၌ အလုပ်​ရှာ​ချင်​သူ​များ အ​လွယ်​တ​ကူ ဝင်​ရောက်​၍ အချက်အလက်​များ တင်​နိုင်​ရန်​အတွက် လည်း အသုံးပြု​နည်း​လမ်း​ညွှန်​အား အသေး​စိတ်​ဖော် ပြ​ပေး​ထား​သည်​ဟု သိရှိ​ရသ​ည်။

အ​ဆို​ပါ Media Lane မှ သ​တင်း၊ ဖျော်ဖြေ​ရေး​နှင့် ပညာ​ရေး​စ​သည့် သ​တင်း အချက်အလက်​အစုံ အ​လင်​ပါဝင်​မည့် myanmarism ဝက်​ဘ်​ဆိုက်​ကို​လည်း မ​ကြာ​မီ​ထပ်မံ လွှင့်​တင်​သွား​ရန် ရှိ​သည်​ဟု​လည်း သိ​ရသ​ည်။

Source: Eleven Media Group ဒီ​နေရာမှ သ​တင်း​ဖြစ်​ပါ​သည်။ Myanmar ICT.com တွင်​လည်း အ​ဆို​ပါ ဝက်​ဘ်​ဆို​ဒ်​နဲ့​ပတ်​သတ်​ပြီး ကံ​စမ်း​မဲ​ဖောက်​ပေး​ခဲ့​သည့်​အကြောင်း ဒီ​နေရာတွင် ရေးသား​တင်ပြ​ထား​ပါ​တယ်။

No comments:

Post a Comment