Tuesday, 31 May 2011

ဆရာ​မ ဒေါ်​နွယ်⁠နွယ်​အောင်​အတွက် နာ​ရေး​ကူ​ငွေ​ပေး​ပို့



ကျွန်တော်​တို့​ရဲ့ မော်​လ​မြိုင် ဂျီ​တီ​အိုင် မြို့ပြ​ဌာန​မှ ဆရာ​မ ဒေါ်​နွယ်​နွယ်​အောင် နာ​ရေး​အတွက် စ​င်္ကာ​ပူ​ရောက် ကျောင်း​သူ ကျောင်းသား​ဟောင်း​များ အဖွဲ့​မှ နာ​ရေး​ကူ​ငွေ ပေး​ပို့​ပြီး​ကြော​င်း သိရှိ​ရ​ပါ​တယ်။ အဖွဲ့​ရဲ့​ကျန်းမာ​ရေး​ရန်​ပုံငွေ ဘတ်ဂျက်​မှ ငွေ​နှစ်​သိန်း​တိတိ အပြင် ဆရာ​မကို လေးစား​ချစ်ခင်​ကြ​သော တပည့်​များ​မှ နီးစပ်​ရာ စုဆောင်း​ကောက်ခံ​ရ​ရှိ​သော စ​င်္ကာ​ပူ​ဒေါ်လာ ​၈​၀​၀ နှင့်​ညီမျှ​သော မြန်မာ​ငွေ ​၅​၂​၉​၆​၀​၀ ကျပ်​တိတိ ကို​လည်း ထပ်မံ​ပေး​ပို့​ခဲ့​ပါ​တယ်။ အသေး​စိတ်​စာရင်း​ကို ဒီ​နေရာတွင် ရ​ယူ​နိုင်​ပါ​တယ်။




"ဆရာ​မ​ဒေါ်​နွယ်​နွယ်​အောင်​ဟာ အေးချမ်း​ဖော်​ရွေ စိတ်ကောင်း​ရှိ​သော ဆရာ​ကောင်း တစ်​ယောက် ဖြစ်​ပါ​တယ်။ ကျွန်တော်​တို့​ကို   စော​စီး​စွာ နှုတ်ဆက်​သွား​တာ   ကျောင်း​သူ ကျောင်းသား​များ​အတွက် ကြီးမား​သော ဆုံးရှုံး​မှု​ကြီး​ပါ။" ဟု ထုတ်ဖော် ရင်​ဖွင့်​သော Civil (2000) မှ မလေးရှား​ရောက် ဝင်း​လတ်၊

"ကျွန်တော်​တို့​လည်း​လှူ​ချင်​တယ်​ဗျာ။ အရမ်း​လည်း​စိတ်​မ​ကောင်း​ဖြစ်​ရ​ပါ​တယ်။" ဟု​ဆို​ကာ စ​င်္ကာ​ပူ​ဒေါ်လာ ​၆​၀ ပေး​ပို့​ကူညီ​ခဲ့​သော ဂျပန်​ရောက် ကို​ရန်​နိုင်​စိုး​နှင့်​မ​ဦး၊

"ဆရာ​မ ဆုံး​တဲ့ သတင်းကြား​ပြီး စိတ်​မ​ကောင်း​ဖြစ်​မိ​ပါ​သည်။" ဟု ထုတ်ဖော်​ပြောဆို​သော Civil မှ ထိုင်​ဝ​မ်​ရောက် ကို​မြင့်​ဇော်၊

"I am very sorry about this, pls tell Ko Moe Zaw Tun that I'm so sad as him, he also my friend" ဟု​ဆို​သော ကို​ထင်ပေါ်​အေး​နှင့် တ​ကွ စိတ်​ရော​ကိုယ်​ပါ ပါဝင်​ကူညီ​ကြ​သော စ​င်္ကာ​ပူ​ရောက် ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ​အား အ​ထူး​ကျေးဇူးတင်​ရှိ​ပါ​တယ်။

ကျွန်တော်​တို့​ပြု​တဲ့​ကုသိုလ်၊ ပြသ​တဲ့​စိတ်ထား​တို့​ကြောင့် ကျန်​ရစ်​သူ မိသား​စု​နှင့် ဆရာ​ဦး​မိုး​ဇော်​ထွန်း​တို့ စိတ်နှလုံး​ပင်ပန်း​ဝမ်းနည်း​မှု လျော့​နည်း​ပြီး ကျန်​ရစ်​သော ဘဝ​လမ်း​တစ်​လျှောက် အောင်မြင်​စွာ​လျှောက်​လှမ်း​နိုင်​ပါ​စေ။ ဆရာ​မ​လည်း တမလွန်​မှ သာဓုခေါ်​နိုင်​ပါ​စေ​ဟု ဆန္ဒ​ပြု​လိုက်​ပါ​တယ်။

1 comment:

  1. Yan naing soe Ma Oo31 May 2011 at 04:31

    ဤသို့ပြုခဲ့သော ကောင်းမှူ့ကုသိုလ်တို့ကို ဘဝတစ်ပါးသို့ ပြောင်းလဲသွားပြီဖြစ်သော ဆရာမဒေါ်နွယ်နွယ်အောင်အား ပေးဝေပါ၏။

    ReplyDelete