Sunday, 19 June 2011

GTI - THS ကျောင်း​များ ပြန်လည်​ထူထောင်​မည်

GTIGTI(Government Technical Institute) အစိုးရ စက်​မှု​လက်​မှု​သိပ္ပံ​နှင့် THS (Technical High School) အစိုးရ စက်​မှု​လက်​မှု သင်​တန်း ကျောင်း​များ မြန်​မာ့​စက်​မှု လုပ်​ငန်း​များ ဖွံ့ဖြိုး​တိုးတက်​ရေး အတွက် လို​အပ်​သော စက်​မှု​ကျွမ်းကျင် လုပ်သား​များ မွေး​ထုတ်ပေး​နိုင်​ရန် ပြန်လည် တိုး​ချဲ့ ဖွင့်​လှစ်​သွား​မည်​ဖြစ်​ကြော​င်း အမှတ်(၂) စက်​မှု​ဝန်ကြီး​ဌာန ပြည်ထောင်​စု​ဝန်ကြီး ဦး​စိုး​သိန်း​က ပြော​ကြား​သည်။


ခေတ်​မီ​သော စက်​မှု​ထွက်ကုန်​များ ထုတ်​လုပ်​နိုင်​ရန် ကျွမ်းကျင် စက်​မှု​လက်​မှု နည်း​ပညာ​ရှင်​များ​စွာ လို​အပ်​ကြော​င်း၊ မည်​မျှ​ပင် ခေတ်​မီ​သော စက်​ကိရိယာ​များ ရှိ​စေ​ကာ​မူ ကျွမ်းကျင်​လုပ်သား​မ​ရှိ​ဘဲ အရည်အသွေး​မြင့် စက်​မှု​ထုတ်ကုန်​များ​ရ​ရှိ​ရန် ခေတ်​မီ​စက်​ကိရိယာ​နှင့် ကျွမ်းကျင်​လုပ်သား​များ မ​ဖြစ်​မ​နေ လို​အပ်​ကြော​င်း ဦး​စိုး​သိန်း​က ဆို​သည်။

"ကျွမ်းကျင်​လုပ်သား​ရ​ဖို့​အရေးကြီး​တယ်။ တစ်​ချိန်​က စက်​မှု​လက်မှုပညာ​ရှင်​တွေ မွေး​ထုတ်ပေး​တဲ့ GTI, THS တွေ အခိုက်အတန့်​ပျောက်​ကွယ်​သွား​တဲ့​အတွက် ဒါ​တွေ​ကို ပြန်​ဖြည့်တင်း​ဖို့​လို​တယ်။ ဒီ Layer မ​ရှိ​ဘဲ​နဲ့ အားလုံး​အင်​ဂျင်​နီ​ယာ​တွေ​ချည်း​နဲ့​ပဲ အလုပ်​အလုပ်​လို့ မ​ရ​ဘူး။ ဒီ​တော့ အလုပ်​လုပ်​မယ့် Skilled Worker တွေ၊ Skilled Labour တွေ လို​အပ်​တယ်။" ဟု ၎င်း​က ပြော​ကြား​သည်။

အမှတ်(၂) စက်​မှု​ဝန်ကြီး​ဌာန​သည် နိုင်ငံ​တကာ​နည်း​ပညာ​နှင့် အကူအညီ​များ​ရ​ယူ​ပြီး အစိုးရ​စက်​မှု​သင်​သန်း​ကျောင်း ငါး​ခု​ဖွင့်​လှစ်​ထား​ပြီး လာ​မည့်​နှစ်​တွင် သင်​တန်း​ကျောင်း​တစ်​ခု ထပ်မံ​ဖွင့်​လှစ်​မည် ဖြစ်​သည့်​အတွက် စုစုပေါင်း​သင်​တန်း​ခြောက်​ခု​ရှိ​လာ​မည် ဖြစ်​သည်​ဟု ဦး​စိုး​သိန်း​က ဆို​သည်။

၁​၉​၉​၀ ပြည်​နှစ်​တွင် မအူ​ပင်​မြို့​နယ်​တွင် ဖွင့်​လှစ်​ထား​သော GTI ၌ စက်​မှု​ပိုင်း​ဆိုင်​ရာ ဒီပ​လို​မာ​ရ​ယူခဲ့​ပြီး ယခု​အခါ နိုင်ငံ​ခြား​သင်္ဘော​လိုင်း​ကြီး​တစ်​ခု​တွင် စက်​မှု​ပိုင်း​ဆိုင်​ရာ အင်​ဂျင်​နီ​ယာ​ချုပ် အဖြစ်​တာဝန်​ထမ်း​ဆောင်​နေ​သူ မ​ရမ်း​ကုန်း​မြို့​နယ်​နေ အသက် ​၅​၀ နီးပါး​ရှိ သင်္ဘောသား​တစ်​ဦး​က "ဟိုး​အရ​င်​က GTI ကျောင်း​ဆင်း​တွေ​က RIT က BE အင်​ဂျင်​နီ​ယာ​ဘွဲ့​ရ​တွေ​နဲ့​ယှဉ်​လုပ်​နိုင်​တယ်။ စာ​လည်း​တတ်​တယ်၊ လုပ်​လည်း​လုပ်​နိုင်​တယ်။ ပြန်​လုပ်​မယ်​ဆို​ရင် အရ​င်​က အရည်အသွေး​ကို မီ​အောင် ပြန်​လုပ်​နိုင်​ဖို့​လို​ပါ​တယ်။" ဟု သုံးသပ်​ပြော​ကြား​သည်။

Source: The Voice Weekly

(ယခု​တစ်​ပတ်​ထုတ် The Voice Weekly ဂျာနယ်​ပါ သ​တင်း​တစ်​ပုဒ် ဖြစ်​ပါ​တယ်။ ဒီ​သ​တင်း​အပေါ်​မူ​တည်​ပြီး ဖြန့်​ကျက်​စဉ်းစား​နိုင်​ဖို့ အချက်​သုံး​ချက်​ဖြည့်စွက်​ပြော​ချင်​ပါ​တယ်။ ပထမ​အချက်​ကတော့ လာ​မည့် ​၂​၀​၁​၅ မှာ​စတင် အသက်​ဝင်​တော့​မယ့် AFTA ခေါ် အာ​ဆီ​ယံ​လွတ်လပ်​စွာ ကုန်သွယ်​မှု သဘောတူ​ညီ​ချက်​အရ ဖြစ်​ပေါ်လာ​မယ့် အာ​ဆီ​ယံ​ဈေး​ကွက် ယှဉ်​ပြိုင်​မှု၊ ဒုတိယ​အချက်​က ဒီ​ဈေး​ကွက်​အတွင်း​မှာ ယှဉ်​ပြိုင်​နိုင်​ဖို့ လက်​ရှိ​နိုင်ငံ​အတွင်း​မှာ Skilled Worker တွေ နည်းပါး​နေ​တာ​တွေ ဝန်ခံ​လာ​မှု၊ တတိယ​အချက်​ကတော့ ယခင် အစိုးရ နည်း​ပညာ​ဝန်ကြီး​ဌာန အောက်​က ကျောင်း​ဟာ အစိုးရ​သစ် စက်​မှု(၂) ဌာန​အောက်​မှာ​များ ပြောင်းလဲ​ရောက်​ရှိ​သွား​ပြီ​လား ဒါ​မှ​မဟုတ် ကျောင်း​အသစ်​တွေ​လား ဆို​တာ​တွေ​ပါ။ ဒီ​အချက်​တွေ​အပေါ်​မှာ ရှိ​တဲ့ အမြင်​တွေ​တင်ပြ​ဖို့ ဖိတ်​ခေါ်​ပါ​တယ်။)

2 comments:

  1. အင်း ရှင်းနေတာတွေကို ရှုပ်ထားခဲ့ပြီး ခု ပြန်ရှင်းပြီး ပြန်ရှုပ်အောင်လုပ်တော့မှာလားမသိဘူး...ရှင်းနိုင်ပါစေဗျာ..ကောင်းတဲ့ ပြောင်းလဲမှုတစ်ခုပဲလို မျော်လင့်ပါတယ်..Skill Workers တွေလည်း တကယ်လိုအပ်ပါတယ်.. အားလုံး သူရဲကောင်းကြီးဖြစ်နေလို့မှ မဖြစ်တာ..

    ReplyDelete
  2. ဟုတ်ပဗျာ။ ကိုမြိတ်ညွှန်းတဲ့ ဘီအီးဒီ အောင်သိုက် စကားအတိုင်းပါပဲ။ ကံမကောင်းတာက ကျွန်တော်တို့ တတွေအပါအဝင် မျိုးဆက်သုံးဆက်လောက်အထိ ပညာရေးအစမ်းသပ်ခံစနစ်နဲ့ ဖြတ်သန်းလာခဲ့ရတယ်။ ဒါရဲ့ အကျိုးဆက်ကတော့ လူငယ်တွေ လမ်းကြောင်းပျောက်ပြီး ဝေဝေဝါးဝါးဖြစ်စေတာပဲ။ ဘာဖြစ်လို့ လည်းဆိုတော့ level အလိုက် အလေးပေးသင်ကြားတဲ့စနစ် မဟုတ်တော့လို့ ပဲ။
    အစိုးရစက်မှုသင်တန်းကျောင်း(THS) ပြန်ဖွင့်တဲ့အဆင့်ဟာ ပြဿနာမရှိပေမယ့် GTI ကို ဒီပလိုမာအဆင့် ပီပီပြင်ပြင် အနည်းဆုံးသုံးနှစ်ပြောင်းပြီး ပြန်ဖွင့်ဖို့ လိုလိမ့်မယ်။ အဆင့်မြင့် အင်ဂျင်နီယာဖြစ်ချင်တဲ့သူတွေအတွက်တော့ B.E ဒါမှမဟုတ် B.Sc(Eng) တန်းသွားတာ အကောင်းဆုံးလို့ ကျွန်တော့်အနေနဲ့ ယူဆတယ်ဗျာ။

    ReplyDelete