Wednesday, 17 August 2011

ဧပြီ၊ မေလ ကန့်တော့ခံ ဆရာဆရာမထံမှ အမှတ်တရစာ


ခင်မင်​လေးစား​ရ​ပါသော ဆရာဆရာ​မ​များ​နှင့် သူငယ်ချင်း​များ

ပြီး​ခဲ့​တဲ့ မိ​နစ်​ပိုင်း​လေး​က​မှ ကျွန်တော့်​ဆီ ရောက်လာ​တဲ့ ဆရာ​မဒေါ်​ဥမ္မာ​သူ​ရဲ့​သမီး​လေး ပို့​ပေးလိုက်​တဲ့ ကျွန်တော်​တို့​ရဲ့​ချစ်​သော ဆရာဆရာ​မ​တွေ​ထံ​မှ ပြန်စာ​တွေ သူငယ်ချင်း​တွေ​ဖတ်​ရအောင် အလုပ်​ချိန်​အတွင်း​မှာ ကြိုးစား​ပြီး ပို့​ပေးလိုက်​ပါ​တယ်။

ကျွန်တော်​ပြော​ခဲ့​ဖူး​သ​လို​ပါ​ပဲ ဆရာဆရာ​မ​တွေ​ဆီ​က ပြန်စာ​တွေ​ဖတ်​တိုင်း ပီ​တိ​ဖြစ်​ရ​ပါ​တယ်။ စာ​တစ်​စောင်​ဖတ်​ပြီး ဘယ်​သူ​ရေးထား​တာ​ပါ​လိမ့်​လို့ စဉ်​စား​ရင်း​နဲ့ အောက်​ကလက်​မှတ်​နဲ့ နာမည်​နဲ့​ကြည့်​ပြီး​တော့​မှ ဆရာ​ပါ​လား၊ဆရာ​မ​ပါ​လား။ ဆရာဆရာ​မ​တို့ ဘယ်​များ​ရောက်​နေ​ကြ​လဲ ဘာ​လုပ်​နေ​လဲ တွေး​ဖြစ်​ပြန်​ရော။ အဲ​ဒီ​က​မှ ကျောင်း​တုန်း​ကတော့ အဲ​ဒီ ဆရာဆရာ​မ​တွေ​နဲ့ သုံး​နှစ်​တာ​ကာလ​ကို ဘယ်​လို​မျိုး​ကုန်​ဆုံး​ခဲ့​လဲဆို​ပြီး ပြန်​မြင်​လာ​တယ်။

ကျွန်တော်​တို့​ကျောင်း​တက်​ခဲ့​တဲ့ အချိန်​တွေ​တုန်း​က ရှိရှိ​သ​မျှ​ဆရာဆရာ​မ​တွေ​အားလုံး စေတနာ​မ​ပါ​တဲ့ ဆရာဆရာ​မ တစ်​ယောက်​မှ​မ​ရှိ​ဘူး။ ဝါသနာ အရင်း​ခံ​နဲ့​ရယ်၊ စိတ်​ရင်း​စေတနာ​ကောင်း​အခံ​ရယ်၊ ကျိုး​စား​မှူ​ရယ် အားလုံး​ပေါင်း​ပြီး​မှ ဆရာဆရာ​မ ၀င်​လုပ်​ကြ​တာ။ သင်ကြား​ရေး​က​အစ အနစ်​နာခံ​ပြီး သင်ပေး​ခဲ့​တာ။ ကျွန်တော်​တို့ အရမ်း​ကံကောင်း​ခဲ့​ပါ​တယ်။ (အခု​နာက်​ပိုင်း​မှာ​ရှိ​နေ​တဲ့ ပညာ​ရေး​အခြေအနေ​နဲ့ ယှဉ်​ကြည့်​ရင်​ပြော​တာပါ။)

မှတ်မှတ်​ရရ​ကျောင်း​တုန်း​က ဆရာ​ဦး​မိုးဇော်​ထွန်း (MP) ကို မ​ကျေ​မ​နပ်​ဖြစ်​ခဲ့​ဖူးပါတယ်။ ဆရာ​တောင်​သိ​ချင်​မှ​သိ​မှာ။ ဘယ်​ကျောင်း​မှာ​မှ အချိန်​ပြည့်​နေ​ရ​တဲ့ Drawing အချိန်​ကို ဆရာ​ဦး​မိုးဇော်​ထွန်း​နဲ့ 4 နာရီ​အပြည့်​နီးပါး သူ​သင်တိုင်း နေ​ခဲ့​ဖူး​ပါ​တယ်။ နည်း​နည်းပါး​ပါး သေးသေး​မွှာ​မွှား​လေး က​အစ ခွင့်​မ​လွှတ်​ဘူး။ စိတ်ညစ်​ခဲ့​ဖူးပါတယ်။

ကျွန်တော် MON-GTI က​နေ AGTI certificate လေး​ရ​ပြီး ပြင်​သစ်​က TOTAL- Myanmar ဆို​တဲ့​ရေနံ​ကုမ္ပဏီ မှာ​အလုပ်​ဝင်​တော့ အဲ​ဒီ​မှာ Site Drawing ကို​စ​ကြည့်​ဖူး​ပါ​တယ်။ အဲ​ဒီ​ရောက်​တော့​မှာ ကျောင်း​ဖက်​ကို ဦး​လှည့်​ပြီး ဆ​ရာ့ ကို​ဦးချ​ဖြစ်​ခဲ့​တယ်။

တကယ်​ပြော​တာ​ပါ။ ပြည်​ကျောင်း မှော်​ဘီ​ကျောင်း အင်း​စိန်​ကျောင်း​က ကျွန်တော်​နဲ့​အတူ​အလုပ်​ဝင်​တဲ့ ကျောင်း​ဆင်း​စသူ​တွေ​ထက် ကျွန်တော် နှာ​တစ်​ဖျား​သာ​ခဲ့​တယ်။ Drawing နဲ့​ပက်​သက်​ပြီး​ပေါ့။ အခု​ချိန်​ထိ​ဆရာ​ကို ကျေးဇူးတင်​တုန်း။ (အာ​စ​ရိ ရေ စိတ်​မ​ဆိုး​နဲ့နော် ဒီ​စာ​ကို​ဖက်​မိ​ရင်) ။

ဆရာ​ဦး​ရည်​ဟိန်​ဆို​လဲ စာ​မေး​ပွဲ​နီး​ပြီ​ဆို ဂစ်​တာ​တွေ​လိုက်​သိမ်း​ပြီ အဆောင်​တိုင်း​မှာ။ ဆ​ရာ့​စေတနာ​က​ကျောင်း​သူ​ကျောင်းသား​တွေ​ကို စာ​ကို​ပဲ အာရုံ​စိုက်​စေ​ချင်​တာ။ ဒါ​ကျွန်တော်​သိ​တဲ့ MP က​ပဲ​ရှိ​သေး​တာ။ ကျန်​တဲ့ မေ​ဂျာ​တွေ​က ဆရာဆရာ​မ​တွေ​လဲ အတူတူ​ပဲ ကျောင်းသား​ကျောင်း​သူ​တွေ​အပေါ် စေတနာ​ထားခဲ့​တာ။ ဆရာ​မ ဒေါ်​ခင်​ဝင်း​မာ၊ ဆရာ​မဒေါ်​ကျင်​ဝင်း၊ ဆရာ​မဒေါ်​ဖြူဖြူ​ညွန့်၊ ဆရာ​မဒေါ်​ခင်​ဦး​တို့​လို Academic ဆရာ​မ​တွေ​ဆို ကျောင်းသား​တိုင်း​ကြုံ​ဖူး​မှာ​ပါ။

တကယ် ရင်​ထဲ​က​မေတ္တာ​နဲ့ သင်ပေး​ခဲ့​ကြ​တာ။ ပြန်​တွေး​တိုင်း​လွမ်း​မိ​တယ်။ အခု​လို​မျိုး သူငယ်ချင်း​တို့​နဲ့ သူငယ်ချင်း​တို့​ရဲ့ ကူညီ​ပံ့ပိုး​မှူ​တွေ​နဲ့ အဲ​လို ဆရာဆရာ​မ​တွေ​ကို​ပြန်​ပြီး ထောက်ပံ့​ကန်တော့​ဖြစ်​တာ အရမ်း​စိတ်​ချမ်းသာ​မိ​တယ်။ အားလုံး​ကို​လဲ လ​စဉ်​လှူ​ငွေထည့်​ဝင်​ပေး​လို့ အဖွဲ့​ကိုယ်စား ကျေးဇူးတင်​ကြေင်း​ပြော​ပါ​ရ​စေ။ မော်​လ​မြိုင်​မှာ​ရှိ​တဲ့ ဆရာဆရာ​မ​တွေ​ကို ပေး​ပို့ လှူဒါန်း​ဖြစ်​တဲ့​လ​မှာ ကျောင်း​မှာ​ရှိ​နေ​ဆဲ ဖြစ်​တဲ့ Civil က​ဆရာ​မဒေါ်​ဥမ္မာ​သူ က​နေ​တစ်​ဆင့် ပေး​ပို့​လှူဒါန်း​ဖြစ်​ပါ​တယ်။ ဆရာ​မ​မှာ​လဲ​မသား​စု​တာဝန်​ကျောင်း​တာဝန်​တွေ များ​နေ​တဲ့​ကြား​ထဲ ကူညီပေး​နေ​တာ ကျေးဇူးတင်​ပါ​ရ​စေ။

လေးစား​စွာ​ဖြင့် သောင်း​ဆွေ​ဝင်း 95(MP)


No comments:

Post a Comment