Saturday, 13 August 2011

လမ်း


 

တို့​ကျောင်း​လမ်း
ရီ​သံတွေ​ကင်း​မဲ့ မာယာ​မ​ရှိ
တိတ်ဆိတ်​ခြင်း​အတိ အထီးကျန်​ပေ​မယ့်
သူ့​မှာ....​လှပ​တဲ့ နေဝင်​ချိန်​ရှိ​တယ်။

အတ္တ​တွေ ကင်း​မဲ့ အချစ်​မ​ရှိ
အေးမြ​ခြင်း​အတိ ဆိတ်ငြိမ်​ပေ​မယ့်
သူ့​မှာ... သံ​စဉ်​ဆို​တဲ့ သစ်​ရွက်​တွေ​ရှိ​တယ်။
စကားလုံး​တွေ​ကင်း​မဲ့ ဟန်ဆောင်​မှူ​မ​ရှိ
နူးညံ့​ခြင်း​အတိ မှောင်မိုက်​ပေ​မယ့်
သူ့​မှာ....​ဒဏ္ဍာရီ​ဆန်​တဲ့ မိုးဖွဲ​လေး​တွေ​ရှိ​တယ်။

ရင်ခုန်​သံ​ကင်း​မဲ့ အမုန်း​မ​ရှိ
ဆွေးမြေ့​ပေ​မယ့်
သူ့​မှာ.....​သိမ်မွေ့​တဲ့ လေးညှင်း​တွေ​ရှိ​တယ်။

ဒါ တို့​ကျောင်း​လမ်း။  ။

ကို​ဇင် (IT)

မှတ်ချက်။ ။ ညီ​လေး ကို​ဇင် ရေး​လက်စ ကဗျာ​လေး​ကို Draft ထဲ​မှ​တွေ့​လို့​တင်​ပေးလိုက်​တယ်။
ကဗျာ​ဆရာ​ရေ.. မ​ပြီး​သေး​လို့​ထပ်​ရေး​ချင်​တယ်​ဆို​ရင် account activate ပြန်​လုပ်​လိုက်​ပါ။

No comments:

Post a Comment