Tuesday, 16 August 2011

ကျွန်တော်​နှင့် စင်္ကာ​ပူ​နိုင်ငံသား​ရောဂါ

၂​၀​၁​၁ ကတော့ စင်္ကာ​ပူ​နိုင်ငံ​အတွက် ၄​၆​နှစ်​မြောက်​အမျိုးသား​နေ့​နှင့်​အတူ များ​စွာ​သော မှတ်တမ်း​တင် ပွဲတော်​တွေ ကျင်းပ​ခဲ့​တယ်​လို့​ဆို​ရ​ပါ​မယ်။ ကျွန်တော်​ကတော့ မ​ဆီ​မ​ဆိုင် စင်္ကာ​ပူ​နိုင်ငံ​အတွက် ဂုဏ်​ယူ​မိ​ပါ​တယ်။ ဒီ​နိုင်ငံ​မှာ နေထိုင် အလုပ်​လုပ်​လာ​တာ သုံး​နှစ်​ပြည့်​ပြီး PR သက်​တမ်း နှစ်⁠နှစ်​ပြည့်​ခါ​နီး​လာ​တော့ ထုံးစံ​အတိုင်း သူငယ်ချင်း​များ​ရဲ့ ဘယ်​တော့​အိမ်​ဝယ်​မှာ​လဲ၊ နိုင်ငံသား​ပြောင်း​ဖို့​ရော အစီ​အစဉ်​ရှိ​လား စ​သည်​ဖြင့် မေးခွန်း​များ​စွာ ရင်ဆိုင်​လာ​ရ​ပါ​တယ်။ မိမိ​ကိုယ်တိုင်​လည်း အနာဂတ်​စီမံ​ကိန်း အခု​ထိ မ​ချ​နိုင်​သေး​တာ၊ ဒေ​တာ​တွေ​တော့ ရ​နိုင်​သ​လောက် စု​ထား​ပေ​မယ့် ဆုံးဖြတ်​နိုင်​ဖို့​မလွယ်​သေး​ပါ​ဘူး။ ကိုယ့်ကို​ကိုယ် အထက်​ပါ​အတိုင်း ပြန်​မေး​ကြည့်​တော့ မ​ရေ​မ​ရာ​အဖြေ​တွေ​ပဲ ပြန်​ရ​လာ​ပါ​တယ်။



အခြေခံအတိုင်း စဉ်းစား​ရင် ဒီ​နိုင်ငံ​မှာ နောက်ထပ် ၁​၅​နှစ်၊ နှစ် ၂​၀ နေ​ဖို့​အစီ​အစဉ်​ရှိ​ရင် အိမ်​ဝယ်​သင့်​ပါ​တယ်။ အိမ်​ဝယ်​ရင်​တော့ PR အဖြစ်​နဲ့ ဝယ်​မှာ​လား။ နိုင်ငံသား​ပြောင်း​ပြီး​မှ ဝယ်​မှာ​လား။ စ​သည်​ဖြင့်​စဉ်းစား​ဖို့​လို​အပ်​လာ​ပါ​ပြီ။ (အခု​လောလောဆယ် ပြောင်းလဲ​လိုက်​တဲ့ ပေါ်​လ​စီ​အရ​တော့ နိုင်ငံသား​ပြောင်း​လို့​လဲ ထင်​သ​လောက် မလွယ်​ကူ​တော့​ပါ​ဘူး။) ဒီ​နေရာ​မှာ န​ဂို​ငွေ​ကြေး​ကြွယ်​ဝ​ချမ်းသာ​ပြီး​သား မိသား​စု​က​လာ​ရင် PR အနေ​နဲ့ ဝယ်​တာ​ပို​ကောင်း​တယ်​လို့ ထင်​ပါ​တယ်။ ဒီ​လို​မှ​မဟုတ်​ရင်​တော့ Down Payment ပြည့်​ဖို့​ဘယ်လောက်​ကြာ​အောင် ပိုက်ဆံ​စု​ရ​မယ်​မှန်း မ​သိ​နိုင်​ပါ​ဘူး။ အဲ​ဒီ​လို​လူ​မျိုး​တွေ​အတွက် နိုင်ငံသား​ပြောင်း​လိုက်​တာ အမြန်​ဆုံး အိမ်​ဝယ်​နိုင်​တဲ့ နည်း​ဖြစ်လာ​ပါ​တယ်။ နိုင်ငံသား​ပြောင်း​သင့်​မ​ပြောင်း​သင့်​ဆို​တာ​နဲ့ ပတ်​သတ်​ပြီး လေ့​လာ​ချင်​တယ်​ဆို​ရင်​တော့ အောက်​က​လင့်​မှာ ဖတ်​ရှု​နိုင်​ပါ​တယ်။
စာတမ်း(၁)
စာတမ်း(၂)
စာတမ်းတစ်ခုက စင်္ကာ​ပူ​ရဲ့ အားနည်း​ချက်​တွေ​ကို ဦးစားပေး​ပြောထား​တာ​တွေ့​ရ​ပြီး နောက်​စာ​တမ်း တစ်​ခု​ကတော့ နိုင်ငံ​တကာ သတ်​မှတ်ချက်​တွေ​နဲ့​စင်္ကာ​ပူ​ကို သုံးသပ်​ပြ​သွား​ပါ​တယ်။ ပြောင်း​သင့် မ​ပြောင်း​သင့်​ကတော့ မိမိ​တို့​ကိုယ်​ပိုင် ဆုံးဖြတ်ချက်​တွေ​နဲ့​ပဲ အဓိက​သက်ဆိုင်​ပါ​တယ်။ ကျွန်တော်​အနေ​နဲ့ စဉ်းစား​မိ​တဲ့ အချက်​ကတော့ Identity Crisis ပါ​ပဲ။ လွန်​ခဲ့​တဲ့ သုံး​နှစ်ကျော် နိုင်ငံ​ခြား​သွား​မယ်​လို့ ဆုံးဖြတ်​တဲ့ အချိန်​ကတည်းက နှစ်​ပေါင်း​များ​စွာ​ကြာ​လို့ မြန်မာ​နိုင်ငံ​ကို ပြန်လာ​တဲ့​အခါ ကိုယ်​နဲ့ အဆင်​ပြေ​နိုင်​ပါ့​မ​လား ဆို​တာ တွေး​ခဲ့​ဖူး​ပါ​တယ်။



အဲဒါ​ကြောင့် အလုပ်​လုပ်​ရင်​လည်း တစ်​နေ့⁠နေ့​တစ်​ချိန်⁠ချိန်​ကိုယ့်​နိုင်ငံ​မှာ ပြန်လည် အသုံး​ချ​နိုင်​မယ်​ဆို​တဲ့ အလုပ်​တွေ​ကို​သာ လုပ်​ဖို့ စဉ်းစား​ခဲ့​ဖူး​ပါ​တယ်။ ဒါ​ပေ​မယ့် တစ်​ကယ့်​လက်တွေ့​မှာ​တော့ ကျွန်တော်​တို့ ရွေးချယ်​စရာ သိပ်​မ​ရှိ​သ​လို ဒီ​မှာ အလုပ်​ဖြစ်​နေ​တဲ့ အလုပ်​မျိုး​လည်း မြန်မာ​နိုင်ငံ​မှာ ဘယ်​တော့​ဖြစ်လာ​မ​လည်း ဆို​တာ​ကို ဘယ်​သူ​မှ တပ်အပ်​မ​ပြော​နိုင်​ပါ​ဘူး။ နောင်​အနှစ်​နှစ်​ဆယ်​ကြာ​လို့​ကျွန်တော်​တို့​မြန်မာ​နိုင်ငံ​ပြန်​ပြီး ဘာ​လုပ်​ကြ​မ​လဲဆို​တာ တွေး​သာ​တွေး​ပြီး အဖြေ​မ​ရှိ​သေး​ပါ​ဘူး။ ဒီ​လို​နဲ့​ပဲ ကျွန်တော်​တို့​ဂ​ငယ်​ကွေ့​ပြန်​ကွေ့​ရ​နိုင်​ပါ​တယ်။
ဒါ​ပေ​မယ့် ဒီ​နိုင်ငံ​မှာ တစ်​သက်​လုံး​နေ​သွား​ဖို့​ကျ​တော့ ပို​ကြောက်လန့်​မိ​ပါ​တယ်။ အသက် လေး​ဆယ် ကျော်​တာ​နဲ့​ကိုယ်​အတွက် ဘယ်​သူ​တွေ​မှ ကြည်​ကြည်ဖြူ​ဖြူ နေရာ​ပေး​ချင်​တော့​မှာ မဟုတ်​တဲ့ အတွက်​ပေါ့။ နိုင်ငံသား​ပြောင်း​ဖို့​စဉ်းစား​မယ်​ဆို​လို့​ရှိ​ရင် လ​စဉ်​အသုံး​စား​ရိတ်၊ အိမ်​ဝယ်​လို့ လ​စဉ် သွင်း​ရ​မယ့်​ငွေ၊ life insurance plan ဝယ်​လို့ လ​စဉ် သွင်း​ရ​မယ့်​ငွေ၊ CPF အတွက် နှုတ်​ပြီး ကျန်​တဲ့​ငွေ​နဲ့ ကျွန်တော်​တို့​ဘာ​မှ ထပ်မံ စုဆောင်း​နိုင်​မှာ မဟုတ်​ပါ​ဘူး။ အခု​လက်​ရှိ​အတိုင်း မြန်မာ​နိုင်ငံ​က မိဘ​တွေ​ကို​တောင် ထောက်ပံ့​နိုင်​ဖို့ ပိုမို​ခက်ခဲ လာ​မယ်​ထင်​တယ်။ ဒီ​လို​နဲ့​ပဲ ကျွန်တော်​တို့​တ​တွေ စင်္ကာ​ပူ​မှာ​နေ​ပြီး စင်္ကာ​ပူ​နိုင်ငံသား​တွေ​လို ကိုယ့်​အတ္တ​ကို ရှေး​တန်း​တင်​နေ​ရ​တဲ့ ပုံစံ​တွေ​နဲ့​ရှေ့​ဆက်​နေ​ရ​မှာ မြင်​ယောင်​နေ​မိ​ပါ​တယ်။

လေးစားစွာဖြင့်...

No comments:

Post a Comment