Saturday, 13 August 2011

စင်​ကာ​ပူ​ရောက် မြန်မာ​လူ​ငယ်​အချို့​၏ အသံ


 

“ကျွန်တော် ​က သု​တေ​သန​လုပ်​ငန်း​ကို စိတ်ဝင်စား​ပါ​တယ်။ မြန်မာ​နိုင်ငံ ဆေး​တက္ကသိုလ်-၁ က​နေ ​၂​၀​၀​၆ ခု​နှစ်​မှာ M.B.B.S ဘွဲ့​ရ​ပြီး ထိုင်း​နိုင်ငံ ဘ​န်​ကောက်​မှာ ပြည်​သူ့​ကျန်းမာ​ရေး​ပညာ​နဲ့ ဘွဲ့​လွန်​ဆက်​ပြီး လေ့​လာ​ခဲ့​ပါ​တယ်။ အဲ​ဒီ​နောက် ဆေး​ဘက်​ဆိုင်​ရာ သု​တေ​သန​တွေ အများ​ကြီး​ရှိ​တဲ့ စင်​ကာ​ပူ ကို အင်​တာ​နက်​က​နေ အလုပ်​လျှောက်​ပြီး​တော့ ရောက်လာ​ခဲ့​တာ​ပါ။

ကျွန်တော် က သု​တေ​သန စာ​တမ်း​တွေ​ရေး​ပြီး International Peer Review Journal မှာ ဖော်​ပြ​ဖို့ ဆန္ဒ​ရှိ​ပါ​တယ်။ မြန်မာ​နိုင်ငံ​မှာ ကျွန်​တော့်​လို လူ​ငယ်​တစ်​ယောက် အတွက် Research လုပ်​ပြီး ပုံနှိပ်​ဖော်​ပြ​ဖို့ ခွင့်​ပြု​ချက်​ရ​ဖို့ ခက်ခဲ​ပါ​တယ်။ ဒီ​မှာ​ကတော့ အရေးကြီး​တဲ့ လေ့​လာ​တွေ့​ရှိ​ချက်​တွေ​ကို အချိန်​နဲ့​တစ်​ပြေး​ညီ ပုံနှိပ်​ဖော်​ပြ​ပြီး နိုင်ငံ​တကာ​က ပညာ​ရှင်​တွေ​နဲ့ ဆွေးနွေး​ညှိနှိုင်း​တာ​တွေ ရှိ​ပါ​တယ်။ ဒီ​က စီမံ​ချက်​တော်တော်​များ​များ​က အစိုးရ​က ထောက်ပံ့​ပေး​တာ​ဖြစ်​ပြီး သု​တေ​သန​ပညာ​ရှင်​တွေ အနေ​နဲ့ လ​စာ​ကောင်း​ကောင်း ရ​ကြ​ပါ​တယ်။ ဒီ​နှစ်​ချက်​ကြောင့် စင်​ကာ​ပူ​မှာ​ဆက်​ပြီး အလုပ်​လုပ်​ဖြစ်​နေ​တာ​ပါ”-

ဒေါက်​တာ ထွန်းလင်း​သိန်း(၂​၉ နှစ် )၊

ပညာ​အရည်အချင်း - Master of Public Health (Chulalongkorn University)

အလုပ်အကိုင် - Research Fellow

“ကျွန်​တော့်​ရဲ့​လ​စာ​နဲ့ ငွေ​ကြေး​ဖောင်း​ပွ​မှု​နှုန်း​နဲ့ ရပ်​တည်​ဖို့ ခက်ခဲ​တာ​ကြောင့် ကျွန်တော် စင်​ကာ​ပူ ရောက်​နေ​တာ​ပါ။ ကျွန်တော်​မြန်မာ​နိုင်ငံ​မှာ Software အင်​ဂျင်​နီ​ယာ​အနေ​နဲ့ အလုပ်​လုပ်​ခဲ့​တုန်း​က တစ်​လ​ကို ငွေ​ကျပ် ​၅​၀​၀​၀​၀ လောက်​ရ​တယ်။ ကျွန်တော်​ရဲ့ တစ်​ကိုယ်​ရေ အသုံးစရိတ်​က ​၁​၀​၀​၀​၀​၀ လောက်​ရှိ​ပါ​တယ်။ အဲ​ဒီ​အချိန်​မှာ န​န်​ယ​န်း​နည်း​ပညာ​တက္ကသိုလ် ကို မာ​စ​တာ​တက်​ခွင့်​ရ​လို့ စင်​ကာ​ပူ​ကို ထွက်​လာ​ခဲ့​ပါ​တယ်။ ကျွန်တော် ကျောင်း​တက်​နေ​ရင်း​နဲ့ Part Time အလုပ်​လုပ်​တော့ တစ်​လ​ကို စင်​ကာ​ပူ​ဒေါ်လာ (၅​၀​၀) လောက်​ရ​ပါ​တယ်။ နောက်​ပိုင်း​မှာ Software အင်​ဂျင်​နီ​ယာ အနေ​နဲ့​အလုပ်​ရ​တော့ တစ်​လ​ကို ဒေါ်လာ ​၂​၅​၀​၀ လောက်​ရ​ပြီး ကျွန်​တော့်​ရဲ့ ကျောင်း​စရိတ်​ကို​ကာ​မိ​ခဲ့​ပါ​တယ်။ ဒီ​မှာ အလုပ်​လုပ်​နေ​ရ​တာ​က အစိုးရ​နဲ့ လူအ​များ​စု​က ပညာ​တတ်​တွေ​ကို အထင်ကြီး​ပြီး အရေး​အရာပေး​ကြ​ပါ​တယ်။ လူအ​များ​စု​က​လည်း ပညာ​တတ်​ဖို့​ကို​ပဲ အာရုံ​စိုက်​နေ​ကြ​တာ​ပါ။ ပညာ​တတ် တစ်​ယောက်​ဖြစ်​မယ်​ဆို​ရင် ဝင်ငွေ​ပို​ကောင်း​ပြီး မိသား​စု​ကို ပိုမို​ထောက်ပံ့​နိုင်​ဖို့ အာမခံ​ချက်​တွေ​ရှိ​ပါ​တယ်။ နောက်​တစ်​ခု​က ကိုယ်​ရပ်​တည်​နိုင်​ဖို့​အတွက် လူ​တွေ​အားလုံး​က အလုပ်​ကို​မ​ဖြစ်​မ​နေ လုပ်​ရ​တယ်။ အသက် ​၁​၈ နှစ်​အရွယ် လူ​ငယ်​အရွယ်​က​တည်း က​စ​ပြီး အလုပ်​ကို လုပ်​ကြ​ရ​တော့ ငွေ​ရဲ့​တန်ဖိုး​ကို​သိ​ကြ​တယ်။ ကျွန်တော်​မြန်မာ​ပြည်​ကို ပြန်လာ​ချင်​ပါ​တယ်။ မြန်မာ​ပြည်​မှာ​လည်း အလုပ်​တွေ အများ​ကြီး​လုပ်​ချင်​ပါ​တယ်။ ဒါ​ပေ​မယ့် ကျွန်တော်​တို့​အတွက် သင့်တင့်​လျောက်ပတ်​တဲ့ လုပ်​ငန်း​ခွင်​တစ်​ခု​ရှိ​နေ​ဖို့ ပြုပြင်​ပြောင်းလဲ​မှု​တွေ မ​ဖြစ်​မ​နေ​လို​အပ်​ပါ​တယ်။ ကျွန်​တော့်​ရဲ့​အ​တွေ့​အ​ကြုံ၊ ကျွန်​တော့်​ရဲ့​ပညာ အရည်အချင်း​နဲ့ ကိုက်​ညီမ​ယ့်​နေရာ​နဲ့ လ​စာ​ရ​ဖို့​တော့ ကျွန်တော် မျှော်လင့်​ပါ​တယ်။ ကျွန်တော် မြန်မာ​နိုင်ငံ​ကို​ပြန်လာ​ခဲ့​ရင် Software Firm လေး​တစ်​ခု တည်ဆောက်​ပြီး ကျွန်တော်​တို့ တိုင်း​ပြည်​အတွက် လို​အပ်​မယ့် အသုံးဝင်​မယ့် Applications တွေ​ရေး​ချင်​ပါ​တယ်။ နောက်​တစ်​ခု က ကျွန်တော်​တို့​တိုင်း​ပြည်​မှာ ပညာ​ရေး​စနစ်​ကို မ​ဖြစ်​မ​နေ ပြုပြင်​ပြောင်းလဲ​ရ​မယ်​လို့ ထင်​ပါ​တယ်။ အရေအတွက်​ထက် အရည်အချင်း​ကို ပို​ပြီး ဦးစားပေး စေ​ချင်​ပါ​တယ်။”

ကို​သန့်​သူ​ရ​မျိုး (၂​၆ နှစ်)

ပညာ​အရည်အချင်း - B.C.I.S (London Metropolitan University, UK),M.Sc (Digital Media Technology, NTU Singapore)

အလုပ်အကိုင် - Software Engineer

“စင်​ကာ​ပူ ရောက်​နေ​တာ​နဲ့ ပတ်သက်​ပြီး​အမှန်​တိုင်း ဝန်ခံ​ရ​ရင်​တော့ ကျောင်း​ပြီး​ပြီး​ချင်း IT နဲ့​ပတ်သက်​ပြီး အလုပ်​ကောင်း​ကောင်း ရ​ဖို့​အတွက် မြန်မာ​ပြည်​မှာ ခက်ခဲ​နေ​တာ​ကြောင့် နောက်​ပြီး စင်​ကာ​ပူ​မှာ​က အလုပ်​အကို​င​ ္​အခွင့်​အ​လမ်း ပို​များ​တယ်​ဆို​လို့ ထွက်​လာ​ခဲ့​တာ​ပါ။ ဝန်​ထမ်း​အနေ​နဲ့ ရေ​ရှည်​လုပ်​သွား​မယ် ဆို​ရင်​တော့ စင်​ကာ​ပူ​နိုင်ငံ​က မ​ကောင်း​ဘူး​လို့ ထင်​ပါ​တယ်။ ဘာ​ကြောင့်​လဲ ဆို​တော့ ဒီ​မှာ​က အလုပ်​ချည်း​ပဲ ဖိ​လုပ်​နေ​ရ​တော့ အလုပ်​ထဲ​မှာ​ပဲ တစ်​ရက်​နဲ့ တစ်​ရက်​က လည်​နေ​တယ်။ Research Department မှာ​မဟုတ်​ဘူး​ဆို​ရင် လက်​ရှိ​ထက်​ပို​ပြီး ပညာ​ထပ်​ဖြည့်​ဖို့ အချိန်​မ​ရှိ​ဘူး။ ဒီ​လို​နေရာ​မျိုး ဆို​ရင်​တော့ တ​ဖြည်း​ဖြည်း​နဲ့ ကိုယ်လုပ်​နေ​ရ​တဲ့ တစ်​နေရာ​တစ်​ကွက်​ကို​ပဲ သိ​ပြီး ကျန်​တာ​တွေ အဆက်ပြတ် ကုန်​ပါ​တယ်။ ပညာ​တတ်​လူ​ငယ်​က​နေ ပညာ​သိပ်​မတတ် လူကြီး​ဖြစ်​သွား​မှာ​လည်း စိုး​ရ​တယ်။ နောက်​တစ်​ချက်​က သူ​တို့​ကိုယ့်​အပေါ် ဘယ်​လို​ပဲ ဆက်ဆံ​ဆက်ဆံ သေချာ​တာ​က ကိုယ်​က သူ​တို့​နိုင်ငံသား​မဟုတ်​ဘူး။ ဒါ​ပေ​မယ့် ဝင်ငွေ​နဲ့​အ​တွေ့​အ​ကြုံ​အတွက် ခဏ​အလုပ်​လုပ်​တာ​တို့၊ ကျောင်း​ကောင်း​ကောင်း တက်​တာ​မျိုး​တို့၊ နောက်ထပ် တခြား​နိုင်ငံ​သွား​ဖို့ တစ်​ဆင့်​နေ​တာ​မျိုး​တို့​ကတော့ စင်​ကာ​ပူ​က ကောင်း​ပါ​တယ်။ ကျွန်တော်​အခု လုပ်​နေ​ရ​တဲ့ Project က စင်​ကာ​ပူ​တိ​ရိ​စ္ဆာ​န်​ရုံ​အတွက် လက်မှတ်​နဲ့​ပတ်သက်​တဲ့ Software ရေး​ပေး​နေ​ရ​တာ​ပါ။ ကျွန်တော်​က​ ြ Report ​ပိုင်း​ကို ကိုင်​ထား​ပါ​တယ်။ ဒီ​လို​ဟာ​မျိုး​တွေ ရေး​တိုင်း​မှာ မြန်မာ​ပြည်​ကို သတိရ​တယ်။ မြန်မာ​ပြည်​အတွက်​လည်း ဒါ​မျိုး​တွေ ကိုယ်တိုင်​ရေး​ချင်​တယ်။ ဒီ​လို Application မျိုး​တွေ​ရှိ​မယ်​ဆို​ရင် ကုမ္ပဏီ​အတွက်​လည်း လုပ်​ငန်း​လုပ်​ရ​တာ ပို​မြန်ဆန် တိ​ကျ​လာ​မယ်။ Customer တွေ​ဘက်​က​လည်း ပို​အဆင်​ပြေ​လာ​မယ်။ နောက်​ပြီး IT နည်း​ပညာ​ကို​မှီ​ပြီး လုပ်​ရ​တဲ့​အတွက် IT ဌာန​တွေ​လည်း ဖွဲ့​စည်း​လာ​ကြ​တယ်။ အဲ​ဒီ​တော့ IT နဲ့​ပတ်သက်​တဲ့ အလုပ်အကိုင် အခွင့်​အ​လမ်း​တွေ​က​လည်း ပို​များ​လာ​ပါ​တယ်။”

ကို​ဝင်း​ဇေ​ယျ​သူ (၂​၈ နှစ်)

ပညာ​အရည်အချင်း- B.C.I.S (London Metropolitan University, UK)

အလုပ်အကိုင် - Software Engineer

(Eleven Media Group) မှ အင်တာဗျူး သ​တင်း​တစ်​ပုဒ်​ပါ။ ကဲ ကျွန်တော်​တို့​အ​သံတွေ​ကို​လည်း ထုတ်​ပြော​ကြည့်​ဖို့ ဖိတ်​ခေါ်​ပါ​တယ်။

No comments:

Post a Comment