Friday, 12 August 2011

နိုင်ငံ​တကာ​အဆင့်​မီ Building Code ပထမ​ဆုံး​အကြိမ် အဖြစ်​ရေး​ဆွဲ


 

မြန်မာ​နိုင်ငံ​ရှိ အဆောက်အအုံ အများ​စု သဘာ၀​ဘေး​ကြောင့် ပျက်စီးဆုံးရှုံး​မှု လျော့ကျ​စေ​ရေး အတွက် နိုင်ငံ​တကာ​အဆင့်​မီ Building Code ကို ပထမ​ဆုံး​အကြိမ်​အဖြစ် ရေး​ဆွဲ​လျက်​ရှိ​ကြော​င်း သိ​ရသ​ည်။

အ​ဆို​ပါ Building Code ကို ဆောက်​လုပ်​ရေး​ဝန်ကြီး​ဌာန၊ မြန်မာ​နိုင်ငံ အင်​ဂျင်​နီ​ယာ​အသင်း၊ UN-Habitat  အပါအဝင် ဌာန​ဆိုင်​ရာ​များ မှ တာဝန်ရှိ​သူ​များ ပူးပေါင်း​ရေး​ဆွဲ​နေ​ခြင်း ဖြစ်​ကြော​င်း​လည်း သိရှိ​ရသ​ည်။

“ဒီ Building Code ကို အချိန်​တို​အတွင်း ဆွဲ​နိုင်​ဖို့​ဆို​တာ​လည်း ခက်​ပါ​တယ်။ ဒီ​တော့ အရ​င်​ဆုံး ရေ ကြီး​တာ၊ လေ​ထန်​လို့ အဆောက်အအုံ​ပျက်စီး​ရ​တာ​နဲ့ ငလျင်​ကြောင့် အဆောက်အအုံ​တွေ​ရဲ့ ပျက်စီးဆုံးရှုံး​မှု လျော့ကျ​ရေး​ကို​ပဲ ဦးစားပေး ရေး​ဆွဲ နေ​ပါ​တယ်။ လက်​ရှိ​အချိန်​မှာ​တော့ နိုင်ငံ​တကာ​က စည်းမျဉ်း​တွေ​ကို​အဖွဲ့ ခုနစ်​ဖွဲ့​ခွဲ​ပြီး လေ့​လာ​နေ​ကြ​ပါ​တယ်။ မြန်မာ​နိုင်ငံ​မှာ​က အဆောက်အအုံ​ဆိုင်​ရာ စည်းမျဉ်း​မ​ရှိ​သေး​တော့ တစ်​နိုင်ငံ​လုံး အတိုင်း​အတာ​နဲ့ ဆောက်​လုပ်​နိုင်​ရေး​အတွက်​ကို ဒီ​စည်းမျဉ်း ကို ပထမ​ဆုံး​အကြိမ်​အဖြစ် ရေး​ဆွဲ​တာ​ဖြစ်​ပါ​တယ်”ဟု​လည်း အ​ဆို​ပါ Building Code ရေး​ဆွဲ​ရာ​တွင် ပါဝင်​သူ​တစ်​ဦး​က ပြော​ပြ​ခဲ့​သည်။

“အိန္ဒိယ​မှာ​ဆို​ရင်Building Code of India ဆို​တာ​ရှိ​တယ်။ နီ​ပေါ မှာ​ဆို​ရင်​လည်းBuilding Code of Neapal  ဆို​တာ​ရှိ​တယ်။ ကျွန်တော် တို့ နိုင်ငံ​မှာ ဘာ​မှ​မ​ရှိ​ဘူး။ ဒီ​တော့ Building Code of Myanmar  ကို ပထမ​ဆုံး​အကြိမ် ရေး​ဆွဲ​တာ။ ကျွန်တော်​တို့​နိုင်ငံ​မှာ မြို့​ကြီး​တွေ​တောင် ဒီ​လို​စည်းမျဉ်း​နဲ့ စနစ်​တ​ကျ ဆောက်​လုပ်​မှု အားနည်း​တာ၊ ကျေးလက် ဆို​တာ​ကတော့ ရှေး​ရိုးရာ​ဆောက်​တဲ့ နည်း​တွေ​အတိုင်း​ပဲ ဆောက်​ကြ​မှာ​ပေါ့။ ဒါ​ကြောင့်​လည်း Building Code of Myanmar  ကို နှစ်​နှစ်​အတွင်း အပြီး ရေး​ဆွဲ​သွား​ဖို့​ရှိ​ပါ​တယ်” ဟု မြန်မာ​နိုင်ငံ အင်​ဂျင်​နီ​ယာ​အသင်း​မှ တာဝန်ရှိ​သူ တစ်​ဦး​က ပြော​ပြ​ခဲ့​သည်။

(Eleven Media Group)
Eleven Media Group မှ​သ​တင်း တစ်​ပုဒ်​ဖြစ်​ပြီး စ​င်္ကာ​ပူ​ရောက် သူငယ်ချင်း​တွေ၊ အဆောက်အဦး​လောက​ထဲ​က သူငယ်ချင်း​တွေ​အတွက် ဝေမျှ​လိုက်​ပါ​တယ်။

No comments:

Post a Comment