Saturday, 10 December 2011

ကထိန်အလှု ရသုံးငွေစာရင်း၊ အမှတ်တရဓါတ်ပုံများနှင့် ငွေလွှဲချလံ

ခင်မင်လေးစားရပါသော သူငယ်ချင်း၊ ညီအစ်ကို၊ မောင်နှမများအားလုံး မင်္ဂလာပါ။
ထုံးစံအတိုင်း နေ့ရွေ့ညရွေ့ထားခဲ့သော ကထိန်ရသုံးငွေစာရင်းနဲ့ ဟောင်းနွမ်း ပုတ်သိုးနေပြီဖြစ်သော information (ခေါ်) သတင်းအချက်အလက်အချို့ကို တစ်လကျော်ခန့် နောက်ကျပြီးမှ ယခုကဲ့သို့ဖြန့်ဝေလိုက်ပါသည်။ တစ်ချို့တစ်လေ လက်ခံရရှိပြီးပြီဖြစ်သော ကထိန်အလှု ရငွေသုံးငွေ စာရင်းကို ကိုထွေးစိုးဟန်က တာဝန်ယူပြုလုပ်ပေးခဲ့ပါတယ်။





အတိုချုပ်ပြောရရင်....
စုစုပေါင်း ကောက်ခံရရှိအလှုငွေ.......... ၃၉၁၀
သတ်သတ်လွတ်ဘူဖေး(တစ်ဦး ၈.၅ x ၁၅၀)...... ၁၂၇၅
သစ်သီးနှင့် အထွေထွေ ...........၂၃၃
ကထိန်သင်္ကန်း (တစ်စုံ ၄၀ x ၈) ....... ၃၂၀

လက်ကျန်အလှုငွေ စင်္ကာပူဒေါ်လာ ၂၀၈၀ တိတိအား ဖားအောက်တရားရိပ်သာ(စင်္ကာပူ) အထွေထွေရန်ပုံငွေအဖြစ် လှုဒါန်းခဲ့ပါတယ်။

အစီအစဉ်ဖြစ်မြောက်ရေးမှစပြီး အကျဉ်းချုံးပြောရမယ်ဆိုလို ့ရှိရင် ပြီးခဲ့သော စက်တင်ဘာလ ၃ရက်နေ့မှ စတင်၍ ယခုကဲ့သို့ ကထိန်အလှုပွဲဖြစ်မြောက်ရန် ညှိုနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ တိုက်တိုက်ဆိုင်ဆိုင် ဖားအောက်ဆရာတော်ကြီး စင်္ကာပူခေတ္တခဏရောက်ရှိချိန် ဖားအောက်တောရကျောင်း(စင်္ကာပူ)မှ ကျောင်းကထိန်ကျင်းပမည်ဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် အတူတကွပါဝင်ကုသိုလ်ယူရန် ဆုံးဖြတ်ခဲ့ပါသည်။





အလှုပွဲနေ့မတိုင်မှီတစ်ရက်အလို Program Meeting အရ လုပ်အားပေးအဖြစ် ကျွန်တော်တို့ရဲ့အဖွဲ့ ဝင်တစ်ချို့ပါဝင် စာရင်းပေးခဲ့ကြပါသည်။ Main organizer အဖြစ် PAMC member မှ ဦးဆောင်ပြုလုပ်ပြီး ကျွန်တော်တို့အဖွဲ့အနေနဲ့လိုအပ်သောနေရာများတွင် ပါဝင်ကူညီကုသိုလ်ယူခဲ့ကြပါတယ်။ အလှုနေ့၆ ရက်နေ့တွင် များပြားလှသော ရဟန်းရှင်လူများ(စင်္ကာပူလူမျိုး၊ မြန်မာလူမျိုး) ဖားအောက်ဆရာတော်ကြီးအား လာရောက်ဖူးမြော်ကာ ကထိန်သင်္ကန်းများ ကပ်လှုပူဇော်ခဲ့ကြပါတယ်။ PAMC အသင်းမှ ဓမ္မစာအုပ်များ၊ တရားဟောစီဒီများ အခမဲ့ဖြန် ့ဝေပေးခဲ့ပြီး၊ ကျွန်တော်တို့ မွန်ဂျီတီအိုင်အဖွဲ့မှ သတ်သတ်လွတ်ဘူဖေး၊ မခင်ထိပ်တင်မှ သီးသန့်အသုတ်စုံ၊ မအိအိခိုင်မှ သီးသန့် အသုတ်၊ မွန်လူငယ်များအဖွဲ့မှ အအေးများ လှုဒါန်း ကျွေးမွေးခဲ့ကြပါသည်။

ကျွန်တော်တို့အဖွဲ့ရဲ့အထူးဧည့်သည်တော်အနေနဲ့ကိုထားဝယ်ကြီးကိုယ်တိုင် မြန်မာနိုင်ငံမှ တကူးတက လာရောက်ကူညီလုပ်ကိုင် အားပေးသွားခဲ့ပါတယ်။ အမှတ်တရဓါတ်ပုံများကို အောက်ပါ Album link တွင်သော်လည်းကောင်း၊ PAMC Facebook တွင်သော်လည်းကောင်း သွားရောက်ကြည့်ရှုနိုင်ပါသည်။

- Album 1 Link (Here)
- Album 2 Link(Here)

- PAMC Facebook link (Here)




မမြင်ရ မတွေ့ရတာကြာပြီဖြစ်သော ညီအစ်ကိုမောင်နှမများ အများအပြား လာရောက်လှုဒါန်း၊ ကူညီ လုပ်ကိုင်သွားပေးကြတာ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်နောင်အခါလည်း ယခုလို အတူတကွ ပျော်ပျော်ပါးပါး ညီညီညွတ်ညွတ် ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားလိမ့်မယ် ဟုမျှော်လင့်ပါတယ်။

နိုဝင်ဘာလ အစည်းအဝေး
နိုဝင်ဘာလအတွက် လပတ်အစည်းအဝေးကို ပြီးခဲ့သော နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကိုအေးမင်းစိုးနေအိမ်မှာ ပြုလုပ်ဖြစ်ခဲ့ပြီး ကန်တော့ခံဆရာဆရာမများအဖြစ် အောက်ပါအတိုင်း ကျောင်းအုပ်ဆရာကြီး (၇) ဦးအား ရွေးချယ်ခဲ့ပါသည်။
၁။ ဦးသန်းဆွေ
၂။ ဦးမြင်းဌေး
၃။ ဦးဌေးဝင်း
၄။ ဦးမျိးလွင်
၅။ ဦးကျော်ဝင်းသန်း
၆။ ဦးဝင်းမော်ထွန်း
၇။ ဦးအောင်မိုး
စုစုပေါင်း မြန်မာငွေ (၇)သိန်းတိတိအား ကျောင်းအုပ်ဆရာကြီးများ အတွက် ရန်ကုန်ရှိ မကေသီထွန်မှတဆင့် ပေးပို ့လူဒါန်းဖြစ်ခဲ့ပါသည်။ ထို ့အတူ ဒီဇင်ဘာလ ဒုတိယအပတ် မော်လမြိုင်ဓမ္မာရုံ(ရန်ကုန်) တွင် ကျင်းပပြုလုပ်ခဲ့ဖြစ်ခဲ့သော ဆဋ္ဌမအကြိမ်ေြ​မာက် အာစရိယပူဇော်​ပွဲအလှုငွေအဖြစ် အဖွဲ့ရန်ပုံငွေမှ (၂)သိန်းတိတိအား ပေးပို့လှုဒါန်းဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာလ အစည်းအဝေး
ဒီဇင်ဘာလ လပတ်အစည်းအဝေးကို လာမည့် (၁၁) ရက် ညနေ ၄:၀၀ ခန့်တွင် မအေးနန္ဒာဝင်းမောင် အိမ်တွင်ပြုလုပ်မည်ဖြစ်ပြီး သူငယ်ချင်းအားလုံးကိုဖိတ်ခေါ်ပါတယ်။

လေးစားစွာဖြင့်...
စင်္ကာပူရောက် မွန်ဂျီတီအိုင်အဖွဲ့ကိုယ်စား

No comments:

Post a Comment