ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသော အခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
Read more …
ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်
ဘွဲ့လည်းရ၊ ကလေးလည်းရသင့်တယ်လို့ လီကွမ်ယုပြော
စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ပါရဂူဘွဲ့ ရရှိရန် ကြိုးစားနေသည့် ခေတ်ပညာတတ် အမျိုးသမီးများအပေါ် ထားရှိသော သဘောထားကို အမျိုးသမီး အဖွဲ့အစည်းများမှ ဝေဖန် ပြစ်တင်လိုက်သည်။
လွန်ခဲ့သည့် အပတ်က နန်ယန်တက္ကသိုလ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ တခုအတွင်း ပါရဂူဘွဲ့ ယူရန် ကြိုးပမ်းနေသည့် ကျောင်းသူတဦးမှ စင်္ကာပူ နိုင်ငံအတွင်းသို့ နိုင်ငံခြားသား ၀င်ရောက်လာမှုနှင့် ပတ်သက်၍ မေးခွန်းကို ဖြေကြားရာတွင် “ ပါရဂူဘွဲ့ယူဖို့ အချိန်ဖြုန်း မနေနဲ့ အိမ်ထောင်ပြုဖို့ ကြိုးစားပါ၊ မိသားစု ဘ၀က သင့်ရဲ့ပါရဂူဘွဲ့ထက် အရေးပါတယ်၊ ကျနော် မျှော်လင့်တာက ပါရဂူဘွဲ့လည်းရ၊ အိမ်ထောင်ဖက်လည်းရဖို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားခဲ့သည်။
ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားအစီအစဉ်ဖြစ်မြောက်ရေးအစည်းအဝေး
(ဆရာကန်တော့ပွဲကျင်းပရေးကော်မတီ(ရန်ကုန်) ထံမှ စာတစ်စောင် လက်ခံရရှိပါသည်။ မြန်မာနိုင်ငံရှိ ကျောင်းသူ၊ကျောင်းသားများ အနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များထံ ဆက်သွယ်လှုဒါန်းနိုင်ကြပြီး စင်္ကာပူရောက်ကျောင်းသူကျောင်းသားများမှာ အဖွဲ့ အနေဖြင့် ပါဝင်လှုဒါန်းမည်ဖြစ်ပါသည်။ တစ်ခြားနိုင်ငံမှ ကျောင်းသူကျောင်းသားဟောင်းများ ပါဝင်လှုဒါန်းလိုပါက စင်္ကာပူအဖွဲ့ မှ အကူအညီပေးနိုင်ပါသည်။ အခုလို အသိပေးတဲ့အတွက် ဆရာကန်တော့ပွဲကျင်းပရေးကော်မတီ(ရန်ကုန်)အား အထူးကျေးဇူးတင်ရှိကြောင်း ဤနေရာမှ ပြောကြားလိုပါသည်။)
စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှုပွဲ ဖြစ်မြောက်ရေး အစည်းအဝေးမှတ်တမ်း
စင်္ကာပူရောက် မော်လမြိုင် ဂျီတီအိုင်အဖွဲ့  စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှုပွဲ ဖြစ်မြောက်ရေး အစည်းအဝေးမှတ်တမ်း(အကျဉ်း)
(ကထိန်သီးသန့် အလှုငွေ စတင်ကောက်ခံနေပါပြီ။ မိမိတို့ နှင့် နီးစပ်ရာသူငယ်ချင်းများအား ဝိုင်းဝန်းအသိပေးကြပါ။ ပိုလျှံအလှုငွေများကို ပဒေဿပင်တွင် ထည့်ဝင်လှုဒါန်းပါမည်။ ရသုံးငွေစာရင်းအသေးစိတ်ကို ထုတ်ပြန်ကြေငြာပါမည်။ အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးမတက်ရောက်လာနိုင်သော သူငယ်ချင်းများရဲ့ အကြံဥာဏ်၊ အလှုငွေ၊ လုပ်အားဒါန များအား ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။)
July ကန်တော့ခံဆရာဆရာမများထံမှစာ
ခင်မင်လေးစားရပါသော ဆရာ-ဆရာမများနှင့် သူငယ်ချင်းများ
ပြီးခဲ့တဲ့လ July အတွက်လှူဖြစ်တဲ့ ဆရာ ဆရာမ များထံမှ ပြန်စာများကို ပို့ပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုသာ အသက်တွေကြီးလာတာ သတိမထားမိတာ၊ ဆရာ ဆရာမ တွေရဲ့ လက်ရှိပုံတွေ မြင်ရတဲ့အချိန်မှာ အရင်တုန်းက ဆရာဆရာမတွေရဲ့ ကျွန်တော်တို့  မြင်ခဲ့တွေ့ခဲ့တဲ့ အရွယ်တွေနဲ့ အလှမ်းကွာနေတော့တာ သတိထားမိပါတယ်။
ဧပြီ၊ မေလ ကန့် တော့ခံ ဆရာဆရာမထံမှ အမှတ်တရစာ
ခင်မင်လေးစားရပါသော ဆရာဆရာမများနှင့် သူငယ်ချင်းများ
ပြီးခဲ့တဲ့ မိနစ်ပိုင်းလေးကမှ ကျွန်တော့်ဆီ ရောက်လာတဲ့ ဆရာမဒေါ်ဥမ္မာသူရဲ့  သမီးလေး ပို့ပေးလိုက်တဲ့ ကျွန်တော်တို့ရဲ့ ချစ်သော ဆရာဆရာမတွေထံမှ ပြန်စာတွေ သူငယ်ချင်းတွေဖတ်ရအောင် အလုပ်ချိန်အတွင်းမှာ ကြိုးစားပြီး ပို့ပေးလိုက်ပါတယ်။ ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ ဆရာဆရာမတွေဆီက ပြန်စာတွေဖတ်တိုင်း ပီတိဖြစ်ရပါတယ်။ စာတစ်စောင်ဖတ်ပြီး ဘယ်သူရေးထားတာပါလိမ့်လို့ စဉ်စားရင်းနဲ့ အောက်ကလက်မှတ်နဲ့ နာမည်နဲ့ကြည့်ပြီးတော့မှ ဆရာပါလား၊ဆရာမပါ လား။ ဆရာဆရာမတို့ ဘယ်များရောက်နေကြလဲ ဘာလုပ်နေလဲ တွေးဖြစ်ပြန်ရော။ အဲဒီကမှ ကျောင်းတုန်းကတော့ အဲဒီ ဆရာဆရာမတွေနဲ့ သုံးနှစ်တာကာလကို ဘယ်လိုမျိုးကုန်ဆုံးခဲ့လဲဆိုပြီး ပြန်မြင်လာတယ်။
ကျွန်တော်နှင့် စင်္ကာပူနိုင်ငံသားရောဂါ
၂၀၁၁ ကတော့ စင်္ကာပူနိုင်ငံအတွက် ၄၆နှစ်မြောက်အမျိုးသားနေ့ နှင့်အတူ များစွာသော မှတ်တမ်းတင် ပွဲတော်တွေ ကျင်းပခဲ့တယ်လို့ ဆိုရပါမယ်။ ကျွန်တော်ကတော့ မဆီမဆိုင် စင်္ကာပူနိုင်ငံအတွက် ဂုဏ်ယူမိပါတယ်။ ဒီနိုင်ငံမှာ နေထိုင် အလုပ်လုပ်လာတာ သုံးနှစ်ပြည့်ပြီး PR သက်တမ်း နှစ်နှစ်ပြည့်ခါနီးလာတော့ ထုံးစံအတိုင်း သူငယ်ချင်းများရဲ့  ဘယ်တော့အိမ်ဝယ်မှာလဲ၊ နိုင်ငံသားပြောင်းဖို့ ရော အစီအစဉ်ရှိလား စသည်ဖြင့် မေးခွန်းများစွာ ရင်ဆိုင်လာရပါတယ်။ မိမိကိုယ်တိုင်လည်း အနာဂတ်စီမံကိန်း အခုထိ မချနိုင်သေးတာ၊ ဒေတာတွေတော့ ရနိုင်သလောက် စုထားပေမယ့် ဆုံးဖြတ်နိုင်ဖို့ မလွယ်သေးပါဘူး။ ကိုယ့်ကိုကိုယ် အထက်ပါအတိုင်း ပြန်မေးကြည့်တော့ မရေမရာအဖြေတွေပဲ ပြန်ရလာပါတယ်။
ရာဇဝင်များရဲ့သတို့သမီး… ဧရာဝတီကို ချစ်ခဲ့သူ
(အခုတလော ဧရာဝတီနဲ့ ပတ်သတ်တဲ့သတင်းတွေ ဆက်တိုက်ဆိုသလို ဖတ်နေရတယ်။ တစ်ချိန်တည်းမှာပဲ ကိုငှက်ရဲ့ ”ရာဇဝင်များရဲ့ သတို့ သမီး” ကိုသတိရပြီး ကိုငှက်ကို လွမ်းမိသေးတယ်။ ပြီးခဲ့တဲ့ (၅)ရက်နေ့ တုန်းက တာရာမင်းဝေ အမှတ်တရဖြစ်ခဲ့သလို အခု ဒီ(၁၄)ရက်နေ့ မှာလည်း ကိုငှက်အမှတ်တရ ဖြစ်နေတယ်။ ဧရာဝတီလှိုင်းကလည်း ပြင်းထန်နေတော့ တစ်ခုခုတော့ ရေးချင်စိတ်ပေါ်လာတယ်။ ဒီလိုနဲ့  ဘာရေးရကောင်းမလဲလို့ စဉ်းစား၊ စာဖတ်တွေလိုက်ဖတ်နေရင်းနဲ့  မမျှော်လင့်ပဲ Eleven Media မှာ ကိုငှက်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ပုံမှန်ဆိုရင် ကိုငှက်အကြောင်းကို ဧရာဝတီခေါင်းစဉ်တပ်ပြီး အထူးအထွေ ပြောစရာမလိုပါဘူး။ အချိန်အခါအရတင်လိုက်တဲ့ Eleven Media ရဲ့ အစွမ်းကို သဘောကြပြီး အားလုံးအတွက် ဝေမျှလိုက်ပါတယ်။)
လမ်း
တို့ကျောင်းလမ်း
ရီသံတွေကင်းမဲ့ မာယာမရှိ
တိတ်ဆိတ်ခြင်းအတိ အထီးကျန်ပေမယ့်
သူ့မှာ….လှပတဲ့ နေ၀င်ချိန်ရှိတယ်။
အတ္တတွေ ကင်းမဲ့ အချစ်မရှိ
အေးမြခြင်းအတိ ဆိတ်ငြိမ်ပေမယ့်
သူ့မှာ… သံစဉ်ဆိုတဲ့ သစ်ရွက်တွေရှိတယ်။
Read more …
စင်ကာပူရောက် မြန်မာလူငယ်အချို့၏ အသံ
“ကျွန်တော်က သုတေသနလုပ်ငန်းကို စိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံ ဆေးတက္ကသိုလ်-၁ ကနေ ၂၀၀၆ ခုနှစ်မှာ M.B.B.S ဘွဲ့ရပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြည်သူ့ကျန်းမာရေးပညာနဲ့ ဘွဲ့လွန်ဆက်ပြီး လေ့လာခဲ့ပါတယ်။ အဲဒီနောက် ဆေးဘက်ဆိုင်ရာ သုတေသနတွေ အများကြီးရှိတဲ့ စင်ကာပူ ကို အင်တာနက်ကနေ အလုပ်လျှောက်ပြီးတော့ ရောက်လာခဲ့တာပါ။