၂၀၁၂ ခုနှစ် တိုပါးရိုးသင်္ကြန်ဖြစ်မြောက်ရေးနှင့် ဖေဖော်ဝါရီလ လပတ်အစည်းအဝေးမှတ်တမ်း
အွန်လိုင်းပေါ်မှ အခမဲ့ပညာရတနာသိုက်များ
(မောက္ခပညာရေးမဂ္ဂဇင်းမှ (ဦး) တင်ညွန့် ရဲ့  ဆောင်းပါး တစ်ပုဒ်ကို ဝေမျှလိုက်ပါတယ်။ ဟိုစပ်စပ်၊ ဒီစပ်စပ် ဝါသနာပါပြီး cross function တွေကို စိတ်ဝင်စားတဲ့ ကျွန်တော့အတွက်တော့ တကယ့် ရတနာသိုက်များကို တွေ့ လိုက်ရခြင်း ဖြစ်ပါတယ်။ ဒီအထဲမှာ MIT ရဲ့ OpenCourseWare program ကို စိတ်အဝင်စားဆုံးပါ။)
မောက္ခပညာရေးမဂ္ဂဇင်း- ၆-၂-၂၀၁၂
Mon GTI/GTC/GTU ဆုံဆည်းရာဆိုဒ် ရပ်နားရန်အကြောင်းကြားခြင်း
အားလုံးသော အဖွဲ့ ဝင်ညီအစ်ကိုမောင်နှမများခင်ဗျာ။
ကျွန်တော်တို့ ရဲ့ လက်ရှိ Mon GTI/GTC/GTU ဆုံဆည်းရာဆိုဒ်အား လာမည့်ဖေဖော်ဝါရီလဆန်းမှ စတင်၍ ရပ်နားတော့မည်ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
ကထိန်အလှု ရသုံးငွေစာရင်း၊ အမှတ်တရဓါတ်ပုံများနှင့် ငွေလွှဲချလံ
ခင်မင်လေးစားရပါသော သူငယ်ချင်း၊ ညီအစ်ကို၊ မောင်နှမများအားလုံး မင်္ဂလာပါ။
ထုံးစံအတိုင်း နေ့ ရွေ့ ညရွေ့ ထားခဲ့သော ကထိန်ရသုံးငွေစာရင်းနဲ့  ဟောင်းနွမ်း ပုတ်သိုးနေပြီဖြစ်သော information (ခေါ်) သတင်းအချက်အလက်အချို့ ကို တစ်လကျော်ခန့်  နောက်ကျပြီးမှ ယခုကဲ့သို့  ဖြန့် ဝေလိုက်ပါသည်။ တစ်ချို့ တစ်လေ လက်ခံရရှိပြီးပြီဖြစ်သော ကထိန်အလှု ရငွေသုံးငွေ စာရင်းကို ကိုထွေးစိုးဟန်က တာဝန်ယူပြုလုပ်ပေးခဲ့ပါတယ်။
Read more …
ထိုင်းရေကြီးမှု၊ EMG အောင်မြင်မှုနှင့် အဆက်ဆက်မဲ့အတွေးများ
ထိုင်းရေကြီးမှုဂယက်နှင့် ကျွန်တော်
ပြီးခဲ့တဲ့ နှစ်ပတ်လောက်တုန်းက အလုပ်နဲ့ ပတ်သတ်တဲ့ ထိုင်းလူမျိုး အသိတစ်ယောက်ကို ဘန်ကောက်ရေကြီးတဲ့ကိစ္စကို မေးကြည့်မိတယ်။ သူကတော့ ဘယ်ကနေဘယ်လိုဖြစ်တယ်၊ ဘာကြောင့်၊ ညာကြောင့် ဆိုပြီးတော့ ပြောရှာပါတယ်။ ကျွန်တော်သူတို့ နိုင်ငံအကြောင်း သိပ်မသိတော့ နားမလည်ပါဘူး။ ဒါပေမယ့်” ဒီနှစ်ကုန်ရင် ငါ ဘန်ကောက်ပြန်တော့မယ်” လို့  ပြောလိုက်တဲ့ စကားကိုတော့ တော်တော်လေးစိတ်ဝင်စားမိတယ်။ ကျွန်တော်လည်း ဘာဖြစ်လို့ လဲ၊ အလည်အပတ်ပြန်မှာလား၊ မိသားစုစိတ်မချလို့ လား စသည်ဖြင့်မေးတော့ ” ဘန်ကောက်ကို ငါတို့  ပြန်တည်ဆောက်ရဦးမယ်” လို့ တစ်ခွန်းပဲပြောတယ်။
မလေးရှားနိုင်ငံ နှင့် ဦးနှောက် ယိုစီးမှု
မလေးရှားနိုင်ငံတွင်ဖြစ်ပွားနေသော တားဆီးမရနိုင်တော့သည့် ဦးနှောက်ယိုစီးမှု (Brain Drain) အခြေအနေသည် အလျှင်အမြန် ကြီးထွားလာနေရုံ သာမကပဲ ပိုမိုကြီးကျယ်လာနိုင်သည့် အနေအထားသို့ ရောက်ရှိလာနေပြီး မူလကတည်းက မများလှသော မလေးရှားနိုင်ငံတွင်းရှိ ကျွမ်းကျင်ပညာရှင်များအား ပို၍ပြုန်းတီးလာစေနေသည့် အနေအထားသို့ရောက်ရှိခဲ့ပြီဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ အထက်တန်းစီးပွားရေးပညာရှင် (Senior Economist) တဦးဖြစ်သူ ဖိလစ်ပ်ရှလီကဲန်စ်မှပြောကြားခဲ့သည်။
Read more …
အရှစီးပွားရေး တိုးတက်မှုနှင့် လူငယ်အရေအတွက် ဖောင်းပွလာမှု
(မောက္ခပညာရေး မဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့ အာရှနဲ့ ပတ်သတ်တဲ့ ဆောင်းပါး တစ်ပုဒ်ဖြစ်ပါတယ်။ အခုလက်ရှိ အာရှစီးပွားရေး၊ အာစီယံ AFTA လို စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေ ကြားမှာ မြန်မာပြည်ရဲ့ Trend ကို အားလုံးနဲ့ အတူ ကျွန်တော်လည်း အရမ်းကို စိတ်ဝင်စားနေလို့  မျှဝေခြင်းဖြစ်ပါတယ်။ မူရင်းဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။)
ကုလသမဂ္ဂရဲ့ စီးပွားရေးခန့်မှန်းချက်အရ လာမယ့် ၂၀၁၂ ခုနှစ် အရှေ့အာရှနဲ့ တောင်အာရှ ဒေသတစ်ခုလုံး စီးပွားရေး တိုးတက်မှုကို ၇ ရာခိုင်နှုန်းအထိ မြင်တွေ့ရမည်မည်ဟု ဆိုသည်။ ဥရောပနဲ့ အမေရိက စီးပွားရေးကျဆင်း ကြွေးမြီဝိုင်းပတ်နေချိန်မှာ အာရှရဲ့ စီးပွားရေးအရှိန်အဟုန် မြင့်တက်နေခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာ အာရှဒေသ လူသန်းပေါင်းများစွာရဲ့ ၀င်ငွေနဲ့ လူနေမှုအဆင့်အတန်း များလည်း တိုးတက်လျက်ရှိသည်ဟု ဆိုသည်။
ကထိန်သင်္ကန်း ကထိန်ပွဲတော်
(မကြာခင် နိုဝင်ဝင်ဘာလ ၆ ရက်နေ့ တွင် ပြုလုပ်မည့် စင်္ကာပူအဖွဲ့  ကထိန်အလှုပွဲမတိုင်မီ ဖတ်သားမိလိုက်တဲ့ ရွှေဝါရောင်အရှင်နန္ဒာစရိယ ဘလော့ဂ်မှ ကထိန်ပွဲတော် အကြောင်းကို ဝေမျှလိုက်ပါတယ်။ မူရင်း ကို ဒီနေရာတွင် ဖတ်ပါ။ )
ကထိန်သည် ဗုဒ္ဓဘာသာတို့၏ ဘာသာရေး ပွဲတော် တစ်ခု ဖြစ်သည်။ ၀ါကျွတ်ပြီးနောက် ရပ်တိုင်း ရွာတိုင်း ကျင်းပကြသော ပွဲတော် ဖြစ်သည်။ ယင်းပွဲတော်၏ သက်တမ်းသည် ၁-လကြာမြင့်သည်။ သို့သော် ရပ်ကွက်တစ်ခု၊ ရွာတစ်ရွာ (အလှူရှင်တစ်ဦးဦး) မှ တစ်ရက်စီသာ ကျင်းပကြသည်။ ထိုကြောင့် ကျင်းပလိုသူတို့၏ ဆန္ဒသဘောထားအလျှောက် ရက်တစ်ရက် သတ်မှတ်ပြီး ကထိန် ပွဲတော်ကို ကျင်းပနိုင်သည်။
Read more …
ကျွန်တော့်ဘဝရဲ့ ဇူလိုင်(၇)
လွန်ခဲ့သော လေးနှစ်တိတိက ကောင်လေးတစ်ယောက်ရဲ့ ခရီးဟာ မပြီးဆုံးသေးတဲ့ ရာဇာဝင်တွေ ရေးထွင်းဖို့ ဒီနေ့ တည့်တည့်မှာ စတင်ခဲ့တယ်။ အိပ်မက်တွေ ရင်ဘတ်ထဲအပြည့် ဖြည့်သိပ်ထားတာကလွဲရင် ဗလာဟင်းလင်း။ ဒါပေမယ့် မျှော်လင့်ခြင်းတွေ ပိုက်ထွေးလို့  အစိမ်းရောင် အခင်းအကျင်းတွေနဲ့ စစ်ခင်းဖို့  သူထွက်လာခဲ့တယ်။ မွေးဖွားရာ မြေကိုစွန့် ပြီးလေ။
နှလုံးသားတစ်ခြမ်းက ကိုယ်ထုဆစ်ချင်ခဲ့တဲ့ ဘဝအတွက်ဆိုရင်
ကျန်တစ်ခြမ်းက ကိုယ်ပြန်လင်းစေချင်တဲ့ သူတွေအတွက်ဖြစ်မယ်။
Read more …
စင်္ကာပူ (သို့ ) ကိုစောဝေရွတ်တဲ့ကဗျာ
(ကဗျာဆရာ စောဝေရွတ်တဲ့ စင်္ကာပူဆိုတဲ့ ကဗျာလေးကို VOA မှာ နားထောင်လိုက်ရပါတယ်။ ကဗျာဆရာဟာ စင်္ကာပူကို ခဏရောက်ပေမယ့် ကျွန်တော်တို့ ရဲ့  ဝေဒနာတွေ၊ ရင်ခုန်သံတွေကို စာဖွဲ့ လိုက်လိုက်လှဲလှဲကို ရွတ်ဆိုသွားတာ ကျွန်တော်တောင်ငိုချင်ပါသွားတယ်။ သူငယ်ချင်းများ အားလုံးပဲ ခံစားကြည့်ဖို့ ဝေမျှလိုက်ပါတယ်။)
ပြီးတော့ အသံဖိုင်ကိုလည်း ဒီနေရာမှာရယူနိုင်ပါတယ်။
